အသင်းနဲ့ပထမဆုံးအင်တာဗျူးမှာပြောဆိုသွားခဲ့တာပါ။
Pyae Phyo Thein

ဗန်ဒီဘိခ်ကတော့ လက်ရှိမှာ ဟော်လန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီး နေးရှင်းလိဂ်ပွဲတွေပြီးဆုံးမှသာ ယူနိုက်တက်နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ်ကို ခေါ်ယူခဲ့ပြီလို့ တရားဝင်အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်ကာ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၂၃နှစ်အရွယ် ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၂၅ ခုနှစ်အထိ ရှိနေမှာလည်းဖြစ်ပါတယ်။

ဟော်လန်လက်ရွေးစင်ကိုခေါ်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ယူနိုက်တက်အသင်းက ရေးသားဖော်ပြခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ပြီးခဲဲ့တဲ့ရာသီက အေဂျက်ဇ်အတွက် ၃၇ ပွဲအထိကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ ၁၁ ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ အသင်းကိုရောက်ရှိခဲ့ပြီးနောက် ဗန်ဒီဘိခ်က ယူနိုက်တက်အသင်းရဲ့ MUTV နဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး အခုလိုပဲပြောဆိုခဲ့ပါတယ်။ 


"ဒီလိုအံ့အားသင့်ဖွယ်ရာ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ အသင်းနဲ့ ပူးပေါင်းခွင့်ရတာကို ကျွန်တော်ဘယ်လိုခံစားရလဲဆိုတာ မပြောပြတတ်တော့ပါဘူး၊ အေဂျက်ဇ်မှာရှိသူတိုင်းကို ကျွန်တော်ကျေးဇူးတင်ပါတယ်၊ ကျွန်တော်အဲဒီမှာကြီးပြင်းလာခဲ့ပြီး အခုတော့ ကျွန်တော့်ကစားသမားဘဝ နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ အမြင့်ဆုံးအဆင့်မှာ ကစားရတော့မှာပါ"

"မန်ချက်စတာယူနိုက်တက်အသင်းထက် ပိုပြီးတော့ အဆင့်အတန်းမြင့်မားတဲ့အရာဆိုတာ မရှိတော့ပါဘူး၊ အားလုံးက ကျွန်တော့်ကို အိုးထရက်ဖို့ဒ်ရဲ့ အံ့အားသင့်ဖွယ်ရာအကြောင်းတွေကို ပြောပြပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ပရိသတ်တွေ ကွင်းအတွင်းကို လုံခြုံစိတ်ချမှုနဲ့အတူ ပြန်လာနိုင်ချိန်ကျရင် ဒီအတွေ့အကြုံကို ခံစားသွားမှာပါ၊ ဒိအသင်းမှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတချို့ရှိနေပြီး သူတို့ဆီကနေ ကျွန်တော်သင်ယူနိုင်ပါလိမ့်မယ်"


"ပြီးတော့ အသင်းကို ပိုပြီးတော့ကောင်းမွန်အောင် ကူညီပေးနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ ဗန်ဒီဘိခ်က ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒီဘိခ်ကတော့ လက်ရှိမှာ ဟော်လန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီး နေးရှင်းလိဂ်ပွဲတွေပြီးဆုံးမှသာ ယူနိုက်တက်နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။ 


Author


က္က