ဒီရာသီမှာ ပယ်နယ်တီရရှိမှုအများဆုံးအသင်းအဖြစ် ယူနိုက်တက်က ရှိနေပါတယ်။
Pyae Phyo Thein

ဖေဖော်ဝါရီလအတွင်းက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ပွဲမှာလည်း ယူနိုက်တက်ဘက်က ဇူးမားက ဂိုးသွငး်ခဲ့ပေမယ့် VAR ကြောင့် ပယ်ဖျက်ခံခဲ့ရပြီး လမ်းပတ်က စောဒကတက်ခဲ့ကာ မက်ဂွိုင်းယားကိုလည်း အနီကတ်ပြသခဲ့သင့်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။


လာမယ့်တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ကစားရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ချယ်လ်ဆီးနည်းပြလမ်းပတ်က VAR ဟာ ယူနိုက်တက်အသင်းအပေါ်ကို မျက်နှာသာပေးမှုတွေရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကတော့ ဒီရာသီမှာ VAR ကြောင့် အကျိုးအမြတ်တော်တော်လေးရရှိနေခဲ့တဲ့ အသင်းဖြစ်တယ်လို့ ယူဆခံနေရတာဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲမှာလည်း ဂျော်ဒန်အယူးရဲ့ သွင်းဂိုးကို VAR နဲ့ ကြည့်ရှုပြီး လူကျွံနေတယ်လို့ ဆုံးဖြတ်ခဲ့ကာ ဂိုးမပေးခဲ့ပေမယ့်လည်း အယူးဟာ လူကျွံနေခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် လင်ဒီလော့ဖ်က ဇာဟာကို ဧရိယာအတွင်းမှာ ခြေချိတ်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က ပွဲကိုဆက်လက်ကစားဖို့သာ ညွှန်ကြားခဲ့ပြီး ပယ်နယ်တီမပေးခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ 

ဖေဖော်ဝါရီလအတွင်းက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ပွဲမှာလည်း ယူနိုက်တက်ဘက်က ဇူးမားက ဂိုးသွငး်ခဲ့ပေမယ့် VAR ကြောင့် ပယ်ဖျက်ခံခဲ့ရပြီး လမ်းပတ်က စောဒကတက်ခဲ့ကာ မက်ဂွိုင်းယားကိုလည်း အနီကတ်ပြသခဲ့သင့်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အက်ဖ်အေဖလားပွဲကြိုပြောဆိုခဲ့မှုမှာတော့ လမ်းပတ်က VAR က ရှုပ်ထွေးမှုတွေရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

"VAR က အသင်းကြီးတွေကို မျက်နှာသာပေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်၊ ဘာလို့လဲဆိုတော့ ပရိသတ်တွေရဲ့ လွှမ်းမိုးမှုကြောင့်ပါ၊ ဒါပေမယ့် အဲဒီနေ့ရက်တွေက ကုန်ဆုံးသွားခဲ့ပါပြီ။ VAR က ပြောင်းလဲဖို့အတွက် ကြိုးစားနေခဲ့တာဖြစ်ပြီး ဘယ်အသင်းကိုမှ မျက်နှာသာမပေးပါဘူး၊ ဒါပေမယ့် မှန်ကန်တဲ့ဆုံးဖြတ်ချက်တော့ ချမှတ်ဖို့လိုအပ်ပါတယ်"

"VAR မှာ လူသားတွေပါဝင်ပတ်သက်နေတာဖြစ်လို့ လူတွေကပဲ ဆုံးဖြတ်ချက်ချနေရတယ်ဆိုတာ ရှင်းပါတယ်၊ လတ်တလောမှာ အငြင်းပွားစရာတွေရှိနေပြီး ကြာသပတေးနေ့ညကလည်း နောက်တစ်ခုရှိလာခဲ့ပါတယ်၊ အဲဒါက အရမ်းကိုရှင်းလင်းပြီးတော့ ဘာတွေမှားယွင်းလဲဆိုတာကို ပြန်မသုံးသပ်ခဲ့ဘဲ ဆုံးဖြတ်ခဲ့တယ်ဆိုတာ သိသာပါတယ်၊ ပြီးခဲ့တဲ့ပွဲမှာဆို ယူနိုက်တက်က VAR ရဲ့ မျက်နှာသာပေးမှုကို ရခဲ့ပါတယ်၊ အဲဒီလိုပဲ ကျွန်တော်တို့လည်း ရခဲ့မယ်ဆိုရင် ကောင်းမှာပဲ"

"ယူနိုက်တက်မှာ မြင့်မားတဲ့အဆင့်၊ အရည်အသွေးပြည့်ဝပြီး လျင်မြန်တဲ့တိုက်စစ်ကစားသမားတွေရှိပါတယ်၊ ဒီအတွက် ဂရုစိုက်ရမှာဖြစ်ပြီး မြန်မြန်ဆန်ဆန်လှုပ်ရှားဖို့နဲ့ သူတို့အပေါ်ကို လဲကျမသွားဖို့လိုပါတယ်" လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။ 


Author


က္က