မန်စီးတီးကို ၂-၀နဲ့နိုင်တဲ့ပွဲအပြီးမှာ ‌ပြောခဲ့တာပါ။
Kyaw Ko Ko Sint

ယူနိုက်တက်ကတော့ မန်စီးတီးကို ဒီရာသီမှာ ၂ ကျော့စလုံးအနိုင်ကစားနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းက မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက မိမိအနေနဲ့ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရနေတာကိုက အခွင့်ထူးခံ ဖြစ်နေပြီလို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

ယူနိုက်တက်အနေနဲ့ မန်စီးတီးကို ဒီရာသီမှာ ၂ကျော့စလုံးအနိုင်ကစားနိုင်ခဲ့တာ ဖြစ်ပြီး ပထမအကျော့တုန်းက မန်စီးတီးအိမ်ကွင်းမှာ ၁-၂ နဲ့ အနိုင်ရခဲ့တာပါ။

“ပရိသတ်နဲ့ အသင်းသားတွေကြားက ခံယူချက်၊ဆုံးဖြတ်ချက်နဲ့အသင်းအပေါ် ကတိကဝတ်ပြုမှုတွေက ဒီနေ့မှာ ဒီလို လှပတဲ့ နိုင်ပွဲကို ဖန်တီးနိုင်ခဲ့တာပါ။”လို့ ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အခုလို တွေးခေါ်မှုမြင့်တဲ့ ကစားသမားတွေကို ကိုင်တွယ်ခွင့်ရတာက အထူးအခွင့်အရေးဖြစ်ပြီး သူတို့ရဲ့ ပေးဆပ်မှုအပြည့်ကိုလည်း ရတယ်လို့ ဆိုးလ်ရှားက ဆက်လက်ပြောပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ အထူး စံချိန်ကောင်းတစ်ရပ်အနေနဲ့ ၁၉၆၁ခုနှစ်က တင်ရှိနိုင်ခဲ့တဲ့ ဘောလုံးရာသီ တစ်ခုတည်းမှာ မန်စီးတီးနဲ့ချဲလ်ဆီး နှစ်သင်းစလုံးကို နှစ်ကျော့စလုံး အနိုင်ရအောင်ကစားနိုင်ခဲ့တဲ့ စံချိန်ကောင်းကို ပြန်ပိုင်ဆိုင်ခဲ့ပါပြီ။

ယူနိုက်တက်အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးကိုလည်း နှစ်ကျော့စလုံးနိုင်သလို မန်စီးတီးကိုလည်း နှစ်ကျော့စလုံးအနိုင်ကစားနိုင်ခဲ့တာပါ။

လက်ရှိမှာတော့ လိဂ်အမှတ်ပေးဇယားအဆင့် ၅မှာ ရမှတ် ၄၅မှတ်နဲ့ရပ်တည်နေပြီး အဆင့် ၄နေရာက ချဲလ်ဆီးကို ၃ မှတ်အကွာနဲ့ ဖိအားပေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က