ကောင်းမွန်တဲ့ ပေါင်းစပ်မှုဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားက သူ့အသင်းညာတောင်ပံတိုက်စစ်နေရာအတွက် ဆန်ချိုကအသင့်တော်ဆုံးလို့ ယူဆထားပြီး များပြားတဲ့ပြောင်းရွှေ့ကြေးပမာဏ ပေးချေကာ ခေါ်ယူသွားဖို့အတွက်ဆန္ဒရှိနေခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်က ဒေါ့မွန်လူငယ်ကြယ်ပွင့်ဆန်ချိုအနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နှစ်ကြိမ်စဉ်းစားစရာတောင်မလိုဘူးလို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်မှာ ကစားခွင့်ရရှိမယ့် အခွင့်အရေးကို အရအမိဆုပ်ကိုင်သင့်တယ်လို့လည်း ဘာဘာတော့ဗ်က ပြောဆိုသွားခဲ့ပါတယ်။ 



ယူနိုက်တက်ဟာ နွေရာသီမှာ ဆန်ချိုုကို ခေါ်ယူဖို့အတွက် အလေးအနက်ထားချိတ်ဆက်နေတဲ့အသင်းဖြစ်ပါတယ်။ ဆိုးလ်ရှားက သူ့အသင်းညာတောင်ပံတိုက်စစ်နေရာအတွက် ဆန်ချိုကအသင့်တော်ဆုံးလို့ ယူဆထားပြီး များပြားတဲ့ပြောင်းရွှေ့ကြေးပမာဏ ပေးချေကာ ခေါ်ယူသွားဖို့အတွက်ဆန္ဒရှိနေခဲ့ပါတယ်။ 

ဘာာဘာတော့ဗ်ကလည်း အသက် ၂ဝအရွယ် ကစားသမားအတွက် ဒါဟာ ကြီးမားတဲ့အခွင့်အရေးဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဆန်ချိုတို့ရဲ့ ပူးပေါင်းမှုဟာ ကောင်းမွန်တဲ့ပေါင်းစပ်မှုတစ််ခုဖြစ်လာလိမ့်မယ်လို့လည်း သူကယုံကြည်နေပြီး ဆန်ချိုကို အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ 

"ယူနိုက်တက်ကို ဆန်ချိုပြောင်းရွှေ့မှာနဲ့ပတ်သက်ပြီး အများကြီးပြောဆိုမှုတွေရှိနေခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူက အင်္ဂလန်သားဖြစ်ပြီး ယူနိုက်တက်လည်း သူ့အတွက်ဖြစ်နေလို့ပါပဲ၊ သူ့အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နှစ်ခါတောင်စဉ်းစားစရာမလိုဘူးလို့ ကျွန်တော်ကတော့ ထင်ပါတယ်"

"အရင်ကလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်၊ သူက အရည်အသွေးရှိတဲ့ကစားသမားပါ၊ မြန်ဆန်တယ်၊ ဂိုးလည်းသွင်းနိုင်သလို ဖန်တီးမှုလည်း လုပ်ပေးနိုင်တဲ့ကစားသမားပါ၊ ပရီးမီးယားလိဂ်မှာ သူ ကစားခဲမ့ယ်ဆိုရင် ဆောက်ဂိတ်အတွက်တော့ ပိုပြီးတော့ ကောင်းမွန်လာဦးမှာပါ၊ သူသာ ယူနိုက်တက်ကို ရောက်ရှိခဲ့မယ်ဆိုရင် အကောင်းဆုံးပေါင်းစည်းမှုပါပဲ၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဒန်နီရယ်ဂျိမ်းစ်၊ ဂရင်းဝုဒ်တို့ရှိနေပြီး နောက်ရာသီမှာ ဆန်ချိုလည်း ရှိလာနိုင်ပါတယ်" လို့ ဘာဘာတော့ဗ်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က