ဒီရာသီ သွင်းဂိုး ၁၀ ဂိုးပြည့်မြောက်သွားခဲ့ပါတယ်။
Pyae Phyo Thein

ဝက်စ်ဟမ်းကစားသမားဘဝ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အန်တိုနီယိုက သွင်းဂိုး ၁၀ ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး အကောင်းဆုံးရာသီဖြစ်လာခဲ့ပါတယ်။


ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ပယ်နယ်တီကတဆင့် တစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် အသင်းဆီကနေ ပေါင်နှစ်သိန်းခွဲအထိ အပိုဆုကြေးရရှိသွားခဲ့ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ပထမပိုင်းပြီးခါနီးမှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို အမှားအယွင်းမရှိကန်သွင်းခဲ့တာပါ။ 

တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အန်တိုနီယိုအတွက် ဒီရာသီပရီးမီးယားလိဂ် ၁၀ ဂိုးမြောက်ဖြစ်လာခဲ့ပြီးတော့ အသင်းနဲ့သဘောတူညီထားခဲ့တဲ့အတိုင်း အပိုဆုကြေးရရှိခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းကစားသမားဘဝ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အန်တိုနီယိုက သွင်းဂိုး ၁၀ ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး အကောင်းဆုံးရာသီဖြစ်လာခဲ့ပါတယ်။


နော်တင်ဟမ်ဖောရက်စ်ကစားသမားဟောင်းဟာ နော်ဝှစ်ချ်နဲ့ပွဲမှာလည်း တစ်ပွဲတည်းလေးဂိုးအထိသွင်းယူပြီးတော့ အသင်းသမိုင်းမှာ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ချယ်လ်ဆီး၊ နယူးကာဆယ်၊ နော်ဝှစ်ချ်၊ ဝက်ဖို့ဒ်၊ ယူနိုက်တက်တို့နဲ့ပွဲတွေမှာ ဂိုးသွင်းယူခဲ့ပြီး အသင်းကို တန်းမဆင်းရစေရေးအတွက် အကောင်းဆုံးကြိုးစားပေးခဲ့သူလည်းဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်မှာဆက်လက်ကစားရဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်အဖြစ် တန်းမဆင်းရရေးရုန်းကန်ရမယ့် အက်စတွန်ဗီလာနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့ အသင်းဟာ ပြန်လည်စတင်ကစားခဲ့တဲ့ အချိန်မှာ နိုင်ပွဲတွေရယူနိုင်ခဲ့ပြီး တန်းမဆင်းရစေဖို့ အကောင်းဆုံးအားထုတ်နိုင်ခဲ့ကြပါတယ်။ 


Author


က္က