ကစားသမားကိုယ်တိုင်က ဝန်ခံပြောဆိုခဲ့တာပါ။
Pyae Phyo Thein

လက်ရှိအချိန်ဟာ သူ့အတွက် အဲဗာတန်ကသာ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်တာကြောင့် ဆက်လက်ကစားနေခဲ့တာလို့ ဘရာဇီးလ်သားက ပြောဆိုခဲ့ပါတယ်။


အဲဗာတန်အသင်းတိုက်စစ်မှူးရစ်ချာလီဆန်က သူ့အနေနဲ့ ဘာစီလိုနာ ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ သွားကစားဖို့အတွက် အခွင့်အရေးရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတ်ယ။ ဒါပေမယ့်လည်း လက်ရှိအချိန်ဟာ သူ့အတွက် အဲဗာတန်ကသာ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်တာကြောင့် ဆက်လက်ကစားနေခဲ့တာလို့ ဘရာဇီးလ်သားက ပြောဆိုခဲ့ပါတယ်။ 

ရစ်ချာလီဆန်ဟာ ဝက်ဖို့ဒ်ကနေ အဲဗာတန်ကို ပေါင်သန်း ၅၀ နဲ့ ၂၀၁၈ မှာ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ အဲဗာတန်အတွက ပြိုင်ပွဲစုံ ၇၀ ကစားပေးအပြီးမှာပဲ ၂၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ရစ်ချာလီဆန်ရဲ့ ခြေစွမ်းကို ယူနိုက်တက်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားခဲ့ပြီး ကစားသမားရဲ့ပြောဆိုမှုအရ ကမ်းလှမ်းမှုတွေရှိခဲ့တယ်လို့ သိရတာဖြစ်ပါတယ်။ 

"ဒီရာသီမှာဆိုရင် ကမ်းလှမ်းမှုအများကြီးရခဲ့ပါတယ်၊ ဘာစီလိုနာ ပြီးတော့ မန်ချက်စတာယူနိုက်တက်တို့လည်း ပါဝင်ပါတယ်၊ ဒါပေမယ့်လည်း အသင်းက ကျွန်တော့်ကို ထိန်းသိမ်းဖို့ရည်ရွယ်ခဲ့သလို ကျွန်တော်ကလည်း ရာသီဝက်ကာလမှာ အသင်းမပြောင်းရွှေ့ချင်ပါဘူး၊ အသင်းဖော်တွေကို ဒီအတိုင်းထားခဲ့ရမှာက ဆိုးဝါးပါတယ်" လို့ ရစ်ချာလီဆန်က ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

"ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို ရရှိတယ်ဆိုတော့ တစ်စုံတစ်ရာခံစားရတာမျိုးရှိတာပေါ့၊ ဘာစီလိုနာက ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတစ်သင်းပါ၊ ဒါပေမယ့်လည်း အဲဗာတန်မှာ အခုလိုအစိတ်အပိုင်းနဲ့ ပါဝင်ကစားပေးနေရတာကို ကျွန်တော်ပျော်ရွှင်ပါတယ်" လို့ ရစ်ချာလီဆန်က ထပ်ပြောခဲ့ပါတယ်။ ရစ်ချာလီဆန်ကတော့ ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးအတွက်လည်း ပုံမှန်ရွေးချယ်ခံရသူဖြစ်ပါတယ်။ 


Author


က္က