ယူနိုက်တက်က ပယ်နယ်တီ ၁၄ကြိမ်ရရှိခဲ့ပြီး ဖာနန်ဒက်စ်က ၆ ဂိုးအထိ သွင်းခဲ့ပါတယ်။
Pyae Phyo Thein

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပယ်နယ်တီ ၁၄ ကြိမ်အထိရရှိခဲ့ပြီး ဒါဟာ လိဂ်သမိုင်းမှာ တစ်ရာသီအတွင်း ပယ်နယ်တီအများဆုံးရရှိတဲ့အသင်းဖြစ်ခဲ့ပါတယ်။


ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရရှိခဲ့တဲ့ ပယ်နယ်တီတွေနဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုက အသင်းဟောင်းနဲ့ ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်တို့ကို လှောင်ပြောင်သရော်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပယ်နယ်တီ ၁၄ ကြိမ်အထိရရှိခဲ့ပြီး ဒါဟာ လိဂ်သမိုင်းမှာ တစ်ရာသီအတွင်း ပယ်နယ်တီအများဆုံးရရှိတဲ့အသင်းဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီမှာ ယူနိုက်တက်ကို ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်ဟာ ရလဒ်တွေပါတိုးတက်ခဲ့ပြီး ရာသီကုန်မှာ အဆင့် ၃နေရာနဲ့ ပြီးဆုံးနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။ သူရောက်လာပြီးကတည်းက ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိခဲ့သလို ပြိုင်ပွဲစုံမှာလည်း ချယ်လ်ဆီးတစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့ပါတယ်။ 

ဖာနန်ဒက်စ်က ပယ်နယ်တီသွငး်ဂိုး ၆ ဂိုးအထိ ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့ပြီး စုစုပေါင်း ၈ ဂိုးရရှိခဲ့ပါတယ်။ ဒီအနေအထားတွေနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက ပေါ်တူဂီသတင်းစာ Record နဲ့ တွေ့ဆုံမှုမှာ "ဘရူနိုရောက်ရှိလာပြီး အသင်းနဲ့ အံဝင်ဂွင်ကျဖြစ်ခဲ့ပါတယ်၊ ကောင်းကောင်းလည်းကစားနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းလည်း တိုးတက်မှုတွေရှိခဲ့ပါတယ်၊ ပြီးတော့ သူက ပယ်နယ်တီကန်သွင်းတာထူးချွန်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်"

"ကမ္ဘာ့အကောင်းဆုံးထဲက တစ်ယောက်ပါ၊ ဘာလို့လဲဆိုတော့ သူက ပယ်နယ်တီဂိုး ၂ဝလောက် သွင်းပြီးထားပါပြီ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ မော်ရင်ဟိုက ယူနိုက်တက်အသင်းပယ်နယ်တီအများအပြားရရှိခဲ့မှုကို သွယ်ဝိုက်ကာ ပြောဆိုသွားခဲ့တာဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့အပေါ်ကိုလည်း ထိုးနှက်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ စပါးအသင်းကတော့ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပြီး ယူရိုပါလိဂ်ခြေစစ်ပွဲအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ 


Author


က္က