မိုက်ကယ်ဘောလက်ခ်ကတော့ ကိုင်ဟားဗက်ဇ်ကို ချဲလ်ဆီးကိုပြောင်းဖို့ တိုက်တွန်းထားပါတယ်။
Win Kyaw Min

ဂျာမနီလူငယ်ကစားသမားကိုခေါ်ယူဖို့ ဥရောပအသင်းကြီးအချို့က စိတ်ဝင်စားနေတာဖြစ်ပြီးအပြိုင်အဆိုင်ကမ်း လှမ်းကြဖို့ရှိနေကြတာပါ။

လာမယ့်အပြောင်းအရွှေ့ကာလအတွင်း စံချိန်တင်အသုံးစရိတ်အချို့အသုံးပြုဖို့ရှိနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ လဗာကူဆင်အသင်းရဲ့တိုက်စစ်အားသန်ကွင်းလယ်ကစားသမားဖြစ်သူကိုင်ဟာဗက်ဇ်ကို ပေါင်သန်းရဝအသုံးပြု ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက်နဲ့အတူ အပြိုင်ကမ်းလှမ်းဖို့ရှိနေတယ်လို့ thesunရဲ့ဖော်ပြချက်အရသိ ရပါတယ်။

ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ ဥရောပအသင်းကြီးအချို့က စိတ်ဝင်စားနေတာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းကြီးေ တွဖြစ်တဲ့ ချဲလ်ဆီး၊ ယူနိုက်တက်တို့ကလည်း ခေါ်ယူဖို့ပြင်ဆင်နေခဲ့သလို လာမယ့်အပြောင်းအရွှေ့ကာလအတွ က် အလှုပ်အခတ်ဆုံးကစားသမားတစ်ဦးဖြစ်လာဖို့ရှိနေခဲ့တာပါ။



ချဲလ်ဆီးအသင်းအနေနဲ့ အဓိကကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ကန်တီ၊ ဂျော်ဂျင်ဟိုတို့နှစ်ဦးကို လက်လွှတ် ရနို်င်တဲ့အခြေအနေရှိနေခဲ့တဲ့အတွက် လူငယ်ကစားသမားတွေဖြစ်တဲ့ ဂီမောလ်၊ မေဆန်မောင့်၊ ကိုဘာဆစ်တို့နဲ့ အတူ အနာဂတ်ကာလမှာ ကိုင်ဟာဗက်ဇ်ကိုပါ ရည်ရွယ်ထားခဲ့တာလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ ကိုင်ဟာဗက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေခဲ့သလို တစ်ဖ က်မှာလည်း အနာဂတ်ဂျာမနီလက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းကိုရွေးချယ်ဖို့ လည်း ဆန္ဒရှိနေခဲ့တယ်လို့လည်း ဖော်ပြမှုတွေရှိနေပြန်ပါတယ်။

ထွက်ပေါ်နေတဲ့ သုံးသပ်ချက်အရ ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ လက်လွှတ်ရနိုင်ခြေရှိလာနိုင်တဲ့ ဝီလျံနဲ့ပက် ဒရိုတို့ရဲ့နေရာမှာ အေဂျက်ဇ်ကနေ ခေါ်ယူထားတဲ့ ဇီရက်ဇ်နဲ့ ဟိုင်ဟာဗက်ဇ်တို့ကို အသုံးပြုနိုင်ဖို့အတွက် ရည်ရွ ယ်ထားနိုင်တာဖြစ်ကြောင်းလည်း မှတ်ချက်ပြုမှုအချို့ရှိနေခဲ့ပါတယ်။


Author


က္က