မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ရှုံးထွက်ပွဲအပြီးမှာ‌ပြောခဲ့တာပါ။

မန်စီးတီးကို ၁-၃ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့သလို လိုအပ်နေတဲ့ ချေပဂိုး တစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သူပါ။

မန်စီးတီးကို ၁-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အပြီးမှာ ယူနိုက်တက်အသင်းက အသင်းလိုက်ဆိုရင် ဘာလုပ်လုပ် တစ်ဝက်ပဲ လုပ်နိုင်တယ်လို့ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ တိုက်စစ် မှူး ရက်ရှ်ဖို့ဒ်က ပြောခဲ့တယ်လို့ Evening Standard သတင်းဌာနကဖော်ပြပါတယ်။





“ ကျွန်တော်တို့ရဲ့ ပြဿနာက အသင်းလိုက်ဆိုရင် တစ်ဝက်လောက်ပဲ စွမ်းဆောင်နိုင်တယ်၊ပွဲတစ်ပွဲကို အနိုင်က စားနိုင်ဖို့ဆိုရင် အခုထက်ပိုတဲ့ လုပ်အားနှုန်းလိုပါတယ်။နောက်ဆုံး သူတို့ကို အနိုင်ယူခဲ့တုန်းကလို ပိုလေးနက်တဲ့ အစုအဖွဲ့လိုပါတယ်။ကွင်းထဲမှာ တစ်ဦးနဲ့တစ်ဦး ပိုမို ချိတ်ဆက်နိုင်ဖို့လည်း လိုနေပါသေးတယ်။”လို့ ရက်ရှ်ဖို့ဒ်က ဆိုခဲ့တာပါ။

ယူနိုက်တက်အသင်းအနေနဲ့ လိဂ်ပွဲမှာ မန်စီးတီးကို ၂-၁ နဲ့ နိုင်ခဲ့ပေမယ့် ရှုံးထွက် ပထမအကျော့မှာတော့ အိမ်ကွင်း မှာပဲ ၁-၃ နဲ့ အရေးနိမ့်ခဲ့တာပါ။

“ ပထမပိုင်းတုန်းက ယူနိုက်တက်အစစ်မဟုတ်ခဲ့ပါဘူး။ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပြီး ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ပိုတူလာခဲ့ပါတယ်။”လို့လည်း ဆိုပါသေး တယ်။

အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ပွဲက တကယ်ကို ဂုဏ်ယူစရာ အခိုက်အတန့်လို့ဆိုပြီး အသင်းခေါင်း ဆောင်ဆိုတာထက် အသင်းရလဒ်ကိုပဲ အဓိကထားတယ်လို့ ဆိုပါသေးတယ်။

Share

Loading Next Article...
က္က