၂၀၁၉-၂၀ ဘောလုံးရာသီမှာ ရှုံးပွဲ ၈ပွဲအထိရှိလာခဲ့တာလည်းဖြစ်ပါတယ်။
Win Kyaw Min

နည်းပြဆိုးလ်ရှားအနေနဲ့ အသင်းရလဒ်ကောင်းဖို့အတွက် ခက်ခက်ခဲခဲအားထုတ်နေရတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ဂန္ထဝင်အသင်းဟောင်းဖြစ်သူ ဖာဒီနန်အနေနဲ့ အသင်းအပေါ်ဝေဖန်ထောက်ပြမှု တွေပြုလုပ်ခဲ့ပြီး အသင်းအတွက် ကိုယ်စားပြုကစားပေးဖို့ မထိုင်တန်သူတွေကြောင်း အသင်းပုံရိပ်ပို င်း ကျဆင်းနေတာဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့မှုကို manchestereveningnews ရဲ့ဖော်ပြချက် အရ သိရပါတယ်။

လက်ရှိပရီးမီးယားလိဂ်ပွဲစဉ် ၂၄ အပြီးတွင် အဆင့်-၅ နေရာမှာရှိနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အ နေနဲ့ ဥရောပဝင်ခွင့်တစ်နေရာမျှော်လင့်နိုင်တယ်ဆိုပေမယ့် နိုင်ပွဲ ၉ပွဲသာရရှိထားပြီး ရှုံးပွဲ ၈ပွဲအထိရှိခဲ့ ခြင်းကြောင့် အဆိုးရွားဆုံးအခြေအနေတစ်ရပ်နဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။



“အိုလေနဲ့တွဲကစားဖူးတဲ့အတွက် သူ့ရဲ့စွမ်းဆောင်မှုကို လက်ခံပါတယ်။ လက်ရှိအခြေအနေက နည်းပြ တစ်ဦးတည်းရဲ့ တာဝန်မဟုတ်ပါဘူး။ အခြားသူတွေလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါလိမ့်မယ်။ အ ထူးသဖြင့် ယူနိုက်တက်အတွက် ကိုယ်စားပြုဖို့မထိုက်တန်သူတွေကို ခေါ်ယူခဲ့တာကိုက မဖြစ်သင့်တဲ့ အခြေအနေပါ” လို့ ဖာဒီနန်က မှတ်ချက်ပြုပြောဆိုခဲ့တာပါ။

ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်းအနေနဲ့ ယူနိုက်တက်က ခေါ်ယူခဲ့တဲ့ ကွင်းလယ်စားသမားဖယ်လိုင် နီ၊ရှနိုက်ဒါလင်း၊ တောင်ပံကစားသမားဒီပေးလ်၊ တိုက်စစ်မှူးဖယ်လ်ကာအို၊ နောက်ခံလူရိုဟို၊ ဒါမီယန် တို့ကိုခေါ်ယူခဲ့ခြင်းက ဆုံးဖြတ်ချက်မှားခဲ့တဲ့ ကစားသမားအပြောင်းအရွှေ့တွေဖြစ်တယ်လို့ ဝေဖန် ထောက် ပြ ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ရာသီအစမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်၊ ဂရင်းဝုဒ်တို့ရဲ့ေြ ခစွ မ်းပြမှုများကြောင့် ရလဒ်ပိုင်းကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပေါ့ဘာဒဏ်ရာရရှိခဲ့မှုနဲ့အတူ တိုက်စစ်ပိုင်းလိုအပ်ချက်မြင့်မားခဲ့ခြင်းများက အသင်းရဲ့ရလဒ်ပိုင်းကို ဆိုးရွားစေခဲ့တာလည်းဖြစ်ပါ တယ်။


Author


က္က