အင်စတာဂရမ်ကနေ မိနစ် ၂ဝကျော်ကြာ ပြောသွားခဲ့တာပါ။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းအီဗရာက သူ့ရဲ့အင်စတာဂရမ်ကတဆင့် အသင်းဟောင်းယူနိုက်တက်မှာ ဖြစ်ပျက်နေတဲ့ ဆိုးရွားမှုမှန်သမျှကို ပွင့်ပွင့်လင်းလင်းပြောဆိုသွားခဲ့ပြီး အသင်းတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ မိနစ် ၂၀ ကျော်ကြာမြင့်တဲ့ ဗီဒီယိုဖိုင်မှာ အီဗရာက အသင်းအပြောင်းအရွှေ့ကိုင်တွယ်ပုံတွေနဲ့ အလုပ်ပြုတ်မှာကြောက်လို့ နှုတ်ပိတ်နေတဲ့ အသင်းဖော်ဟောင်းတွေကိုပါ ပြစ်တင်ခဲ့တာပါ။

အသင်းရဲ့ဂုဏ်အမွေအနှစ်တွေအားလုံးကို ဖျက်စီးနေကြတယ်လို့ အီဗရာကစွပ်စွဲခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ တည်ဆောက်ခဲ့မှုမှန်သမျှ ပြိုလဲနေပြီလို့လည်း ခံစားရကြောင်း ဆိုခဲ့ပါသေးတယ်။ အီဗရာရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး အသင်းပရိသတ်တွေက ကျေနပ်အားရနေခဲ့ကြပြီး မှန်ကန်တဲ့အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်းပဲပြောဆိုခဲ့တယ်လို့ ထောက်ခံခဲ့ကြပါတယ်။ 


"ထိပ်တန်းအသင်းတစ်ခုက ထိပ်တန်းဒါရိုက်တာတစ်ဦးက ကျွန်တော့်ဆီဖုန်းဆက်ပြီး ပက်ထရစ် မင်း Matt Judge (ယူနိုုက်တက်ရဲ့အပြောင်းအရွှေ့ကိစ္စတွေကိုကိုင်တွယ်သူ) ကို သူ့ဖုန်းဖြေပေးဖို့ ပြောပေးနိုင်မလားဆိုပြီး ပြောပါတယ်၊ အားလုံးနားလည်ထားဖို့က အသင်းက အပြောင််းအရွှေ့အတွက် ရှေ့နေ့တွေကို စေလွှတ်နေတာပါ၊ သူတို့က ကိန်းဂဏန်းတွေအကြောင်းပဲ ပြောကြပြီး ဘောလုံးလောကနဲ့ပတ်သက်တာကို မပြောကြပါဘူး"

"ယူနိုက်တက်ကကစားသမားလိုအပ်နေရင် သန်း၂ဝလို့ သူတို့ပြောပေမယ့် အဆုံးသတ်မှာ သန်း ၁၀၀ ပေးဝယ်လိုက်ရတယ်၊ အခုလိုအချိန်မှာ အဲဒီကစားသမားတွေက ကျွန်တော်တို့ဆီက ပိုက်ဆံကို ထပ်လိုမှာမဟုတ်တော့ဘူး၊ ကျွန်တော်တို့ခေတ်မတိုင်ခင်မှာ ဘော်ဘီချာလ်တန်၊ ဂျော့ဘက်စ်တို့က အသင်းအတွက် သမိုင်းကြောင်းတည်ဆောက်ခဲ့ပြီး ဒီအပေါ် ကျွန်တော်တို့လေးစားခဲ့ပါတယ်၊ အခု လူတချို့က ဒါတွေကို အဝေးရောက်အောင်လုပ်နေကြပြီ၊ ဘာအတွက်လဲ၊ အကြောင်းပြချက်ကဘာလဲ၊ စီးပွားရေးအတွက်လား"

"တကယ်လို့ ဝုဒ်ဝက်နဲ့ကျွန်တော်ပြသနာရှိနေရင် လူမှုကွန်ယက်တွေကနေပြောမှာမဟုတ်ပါဘူး၊ မျက်နှာချင်းဆိုင်ပြီးတော့ ကျွန်တော်တွေးထားတဲ့တစ်ခုခုကို ပြောလိုက်မှာ၊ ဝုဒ်ဝက်က အပြင်လူတွေကို ယုံကြည်နေတယ်၊ အာနိုးလ်လို ဒါါရိုက်တာမျိုးကြောင်း ခင်ဗျားတို့မတွေးတောမိတဲ့ ငွေကြေးတွေ အသင်းကရနေတယ်၊ ဒါပေမယ့် အသင်းမှာ ကစားသမားကောင်းမရှိဘူး၊ ဘာလို့လဲဆိုတော့ ဒီကစားသမားတွေနဲ့ စကားပြောဖို့ ဘာမှနားမလည်တဲ့သူတွေကို လွှတ်နေလို့ပဲ"

"တချို့လူတွေက ဒီအသင်းအတွက် အလုပ်လုပ်ပေးနေပြီး အသင်းကို ဖျက်ဆီးနေကြတာပါ၊ ဒါကြောင့် ပရိသတ်တွေအမှန်ကိုသိအောင် ပြောပေးဖို့လိုတယ်၊ တချို့လူတွေက ဒီအကြောင်းတွေကိုပြောဖို့ ကြောက်နေကြတယ်၊ ဘာလို့လဲဆိုတော့ အနာဂတ်မှာ သူတို့အလုပ်တစ်ခုခုမရှိမှာကို ကြောက်နေလို့ပဲ၊ ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး၊ ယူနိုက်တက်ကို ကျွန်တော်မလိုအပ်ဘူး၊ ကျွန်တော်က ယူနိုက်တက်ကို မြတ်နိုးတာပါ" လို့ အီဗရာက ပြောဆိုခဲ့ပါတယ်။ 


Author


က္က