ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်ပြောင်းရွှေ့ဖို့ သေချာခဲ့တယ်ဆိုတာပါပဲ။

၂၀၀၉ ခုနှစ်မှာ ယူနိုက်တက်ကနေ ရီးရဲလ်ကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်ကို ပြန်လာကစားဖို့အတွက် သဘောတူထားခဲ့တယ်လို့လည်းသိရပါတယ်။


UTD Podcast နဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ပြုလုပ်နေတဲ့ ယူနိုက်တက်နောက်ခံလူဟောင်းအီဗရာကတော့ အသင်းပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေမယ့် ဇာတ်လမ်းတစ်ခုကို ဖွင့်ချသွားခဲ့ပါတယ်။ အဲဒါကတော့ ယူနိုက်တက်ပရိသတ်တွေရဲ့ အနှစ်သက်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ဖာဂူဆန်လက်ထက်မှာ ပြန်လာကစားဖို့ ခေါင်းငြိမ့်ခဲ့ဖူးတယ်ဆိုတာပါပဲ။

အီဗရာရဲ့ ပြောဆိုမှုအရ ဖာဂူဆန်ဟာ အနားယူဖို့အတွက် ဆုံးဖြတ်ထားခြင်းမျိုးမရှိဘဲ ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ်ဆွတ်ခူးနို်င်ဖို့အတွက် ရော်နယ်ဒိုနဲ့ ဘေးလ်တို့ကို ခေါ်ယူဖို့ စီစဉ်ထားခဲ့တယ်လို့ ယူဆရပါတယ်။ ၂၀၁၃ မှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ရော်နယ်ဒိုကတော့ ရီးရဲလ်မှာ မော်ရင်ဟိုနဲ့ လက်တွဲနေရပြီး အနည်းငယ်အခက်တွေ့နေတဲ့ အချိန်ဖြစ်ပါတယ်။ 

၂၀၀၉ ခုနှစ်မှာ ယူနိုက်တက်ကနေ ရီးရဲလ်ကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်ကို ပြန်လာကစားဖို့အတွက် သဘောတူထားခဲ့တယ်လို့လည်းသိရပါတယ်။ ဒါပေမယ့်လည်း ဖာဂူဆန်ရဲ့ မထင်မှတ်တဲ့အနားယူမှုနဲ့အတူ အဆိုပါအပြောင်းအရွှေ့ကဖြစ်မလာခဲ့ဘူးလို့ အီဗရာက ဖွင့်ချခဲ့တာလည်း ဖြစ်ပါတယ်။ 

"ဖာဂူဆန်အနားယူသွားခဲ့လို့ ဖြစ်မလာခဲ့တာလို့ ကျွန်တော်ပြောနိုင်ပါတယ်၊ သူ အနားမယူခင် ၂ပတ်လောက်အလိုမှာ မီဒီယာတွေက နောက်နှစ်မှာ သူ အနားယူမှာလားမေးခဲ့တာကို ကျွန်တော်မှတ်မိသေးတယ်၊ သူကတော့ ပက်ထရစ်၊ ငါဘယ်တော့မှ အနားမယူဘူး၊ ငါ ဒီမှာနောက်ထပ် ၁၀ နှစ်လောက်ရှိနေဦးမှာလို့ ပြောခဲ့ပါတယ်၊ အဲဒီနောက် သူ ပြောခဲ့တာက ငါတို့ ရော်နယ်ဒို နဲ့ ဂါရတ်ဘေးလ်ကို ခေါ်နိုင်ဖို့ ၉၉% လောက် သေချာနေပြီ၊ သူတို့နှစ်ဦးတည်းပဲ ခေါ်ပြီး ချန်ပီယံလိဂ်ကို နောက်တစ်ကြိမ် ယူနိုင်သေးတယ်"

"၉၉% သေချာတယ်ကွာလို့ သူပြောခဲ့ပါတယ်၊ ရော်နယ်ဒိုနဲ့ ကျွန်တော်စကားပြောဖြစ်ခဲ့ချိန်မှာ ဖာဂီပြောတာတွေက ဟုတ်လားလို့ မေးခဲ့တော့ သူက ဟုတ်တယ်လို့ ပြောခဲ့ပါတယ်၊ သူ ယူနို်က်တက်ကို ပြန်လာဖို့လုပ်ခဲ့တယ်လို့ သူ ကျွန်တော့်ကို ဝန်ခံခဲ့ပါတယ်၊ အဲဒီနောက် ၂ပတ်အကြာမှာတော့ အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ ဆာအဲလက်စ်ကို စောင့်နေခဲ့ပါတယ်"

"သူ ကာရင်တန်ကို ရောက်လာပြီး ပြောစရာရှိလို့ အဝတ်လဲခန်းထဲမှာ စောင့်နေကြဆိုလို့ စောင့်နေတာ၊ သူ ရောက်လာခဲ့ပြီးတော့ ငါ တကယ်စိတ်မကောင်းပါဘူး၊ ငါ အနားယူတော့မယ်၊ ငါ ဇနီးက ငါ့ကိုလိုအပ်နေပြီ၊ သူ ဗန်ပါစီ၊ ကာဂါ၀ါတို့ကိုလည်း တောင်းပန်စကားဆိုခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူခေါ်ယူထားကိုး၊ အဲဒီနှစ်ယောက်ကို သူ အထူးတလည်တောင်းပန်ခဲ့တာပါ" လို့ အီဗရာက ဖွင့်ဟသွားခဲ့ပါတယ်။ ဖာဂူဆန်အနားယူသွားခဲ့မှုနဲ့အတူ ရော်နယ်ဒိုကို အိုးထရက်ဖို့ဒ်မှာ ပြန်လည်မြင်တွေ့ချင်တဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေဟာလည်း ပျက်ပြားခဲ့ရတာပဲ ဖြစ်ပါတော့တယ်။ 



က္က