ကစားသမားဖြစ်သူကိုယ်တိုင်က ပရီးမီးယားလိဂ်ကို ပြန်ပြီးပြောင်းရွှေ့လိုနေခဲ့တာလည်းဖြစ်ပါတယ်။
Win Kyaw Min

လက်ရှိအာဆင်နယ်နောက်တန်းတွင် ကိုလာဆီနစ်၊ ချိန်ဘာ၊ ဆီဒရစ်ဆိုရက်စ်၊ မူစတာဖီ တို့အားလုံး ဒဏ်ရာပြဿနာရှိနေခဲ့တဲ့အတွက် အခက်အခဲအချို့ရှိနေခဲ့တာလည်းဖြစ် ပါ တယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ လာမယ့်ရာသီသစ်အတွက် အင်အားဖြည့်တင်းမှုများပြုလုပ်ရန်စ တင်ဆောင်ရွက်နေပြီဖြစ်ပြီး မန်ချက်ယူနိုက်တက်အသင်းရဲ့ ၀ါရင့်နောက်ခံလူစမောလင်းကို ခေါ်ယူနိုင်ရေးအတွ က် ကမ်းလှမ်းမှုများပြုလုပ်ဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့ mirror.com က အခိုင်အမာဖော်ပြလာခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူစမောလင်းအနေနဲ့ ယူနိုက်တက်အသင်းနည်းပြသစ်ဆိုးလ်ရှားလက်ထက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်မရရှိခဲ့ခြင်းကြောင့် အီတလီစီးရီးအေကလပ်ရိုးမားအသင်းသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့က စားနေသူဖြစ်ပြီး လက်ရှိအချိန်အထိလည်း ခြေစွမ်းပြကစားနိုင်မှုများကြောင့် ချီးကျူးခြင်းခံနေရသူလည်းဖြစ်ပါတယ်။



ယူနိုက်တက်အသင်းအနေနဲ့ကတော့ လက်ရှိအသင်းနောက်တန်းမှာခြေစွမ်းပြနေတဲ့အသင်းခေါင်းဆောင်မက်ဂွို င်းယား၊ ဒါလော့ပ်၊လင်ဒီလော့ဖ်၊လုခ်ရှော၊ဝမ်ဘစ်စကာတို့ရှိနေပြီးသားဖြစ်တဲ့ အတွက် စမောလင်းကို သက်တ မ်းတိုးစာချုပ်ထပ်မံချုပ်ဆိုနိုင်ခြေနည်းပါးနေတဲ့အတွက် အာဆင်နယ်အသင်းက အခုလိုစိတ်ဝင်စားနေခဲ့တာလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ အာဆင်နယ်အသင်းအနေနဲ့ စမောလင်းကို ခေါ်ယူနိုင်ရေးအတွက် ပေါင် ၂၅သန်းအ ထိပေးချေဖို့အသင့်ရှိနေခဲ့တာ့ဖြစ်ပြီး ကစားသမားဖြစ်သူကိုယ်တိုင်ကလည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာပြ န်လည်ပါဝင်ခွင့်ရဖို့အတွက် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လိုနေတယ်လို့လည်း သိရပါတယ်။

အီတလီမီဒီယာတစ်ခုဖြစ်တဲ့ La Gazzetto dello Sport ရဲ့ဖော်ပြချက်မှာတော့ ရိုးမားအသင်းကလည်း အငှား စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ စမောလင်းကို အပြီးသတ်စာချုပ်ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းထံ တရားဝင်ကမ်းလှမ်းမှုများရှိနေခဲ့တယ်လို့လည်း အခို်င်အမာသတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


က္က