အသင်းရဲ့ဝါရင့်ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာ အသင်းရဲ့ဝါရင့်တောင်ပံကစားသမား အက်ရှ်လေယန်းဟာ ၎င်းရဲ့အသင်းလူစာရင်းအတွက် မရှိမဖြစ်အရေးပါတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Daily Star ရဲ့သတင်းအရ သိရပါတယ်။

အက်ရှ်လေယန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ယခုနွေရာသီမှာ ရောင်းထုတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဝါရင့်ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး ဆိုးလ်ရှားက အသင်းလူစာရင်းကို ကြီးမားတဲ့အပြောင်းအလဲတွေပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့သူဖြစ်ပြီး လာမယ့်ရာသီကုန်အထိ အသင်းနဲ့ဆက်ရှိနေမှာဖြစ်ပါတယ်။ Daily Star ရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားက အက်ရှ်လေယန်းဟာ အသင်းအတွက် အရေးကြီးတဲ့ အတွေ့အကြုံရင့်ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


နည်းပြအိုလီဂန်းနားဆိုးလ်ရှားလက်အောက်မှာ အက်ရှ်လေယန်းဟာ အများအားဖြင့် ညာနောက်ခံကစားသမားအဖြစ် ကစားပေးခဲ့ရသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ယခုနွေရာသီမှာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်ရှ်လေယန်းရဲ့နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဝမ်ဘစ်စကာဟာ ယူနိုက်တက်ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညာနောက်ခံကစားသမားအတွက် ပဲလေ့စ်အသင်းက ပေါင်သန်း ၅၀ အထိ ပြောင်းရွှေ့ကြေးလိုချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ညာနောက်ခံနေရာအတွက် ကစားသမားဆက်လက်ရှာဖွေနေချိန်မှာ ဆိုးရှားနဲ့ ပြောဆိုဆွေးနွေးခဲ့ပြီးနောက် အက်ရှ်လေယန်းဟာ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ညာနောက်ခံနေရာအတွက် ကစားသမားဆက်လက်ရှာဖွေနေချိန်မှာ အက်ရှ်လေယန်းဟာ ဆိုးရှားနဲ့ ပြောဆိုဆွေးနွေးခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။



က္က