ယခုရာသီမှာ သွင်းဂိုး ၁ ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ စီစဉ်နေပြီး ဘိုင်ယန်မြူးနစ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ မူလာနဲ့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

သောမတ်စ်မူလာရဲ့ ကိုယ်စားလှယ်တွေက လာမယ့်ဇန်နဝါရီလမှာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကို ခေါ်ယူနိုင်မှာဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောကြားခဲ့တယ်လို့ Express ရဲ့ဖော်ပြချက်အရ သိရပါတယ်။



ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး သောမတ်စ်မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြကိုဗတ်လက်အောက် ယခုရာသီမှာ ခက်ခဲ့တဲ့ရာသီကို ရင်ဆိုင်နေရသူဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာ တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးသူဖြစ်ပါတယ်။

သောမတ်စ်မူလာကို မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြဗန်ဟားလ်လက်ထက်မှာ ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက မူလာအတွက် ပေးချေရမယ့်ပမာဏကို မပေးချေနိုင်တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဂျာမနီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ သောမတ်စ်မူလာရဲ့ ကိုယ်စားလှယ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းကို လျှို့ဝှက်ဆက်သွယ်ခဲ့တယ်လို့ Daily Mail က ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း မကြာသေးမီက လာမယ့်နှစ်သစ်မှာ တိုက်စစ်မှူးအသစ် ခေါ်ယူသွားချင်တယ်လို့ အတည်ပြုပြောကြားထားခဲ့ပြီး လက်ရှိအချိန်မှာတော့ မန်ဇူကစ်နဲ့ သောမတ်စ်မူလာတို့က ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် ထိပ်ဆုံးက ရေပန်းစားနေတာဖြစ်ပါတယ်။



က္က