မတ်လ ၁၃ ရက်နေ့ညက ကျင်းပပြီးစီးခဲ့တဲ့ DOTA Summit 12 ပြိုင်ပွဲရဲ့ Grand Final ပွဲမှာ SEA အခြေစိုက် Fnatic အသင်းက ပြိုင်ဘက် OG.Seed အသင်းကို 3:0 ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။

မတ်လ ၁၃ ရက်နေ့ညက ကျင်းပပြီးစီးခဲ့တဲ့ DOTA Summit 12 ပြိုင်ပွဲရဲ့ Grand Final ပွဲမှာ SEA အခြေစိုက် Fnatic အသင်းက ပြိုင်ဘက် OG.Seed အသင်းကို 3:0 ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။

DOTA Summit 12 ပြိုင်ပွဲဟာ ESL One Los Angeles Major မလာခင် ရက်ပိုင်းအလိုမှာ ကျင်းပတဲ့အသေးစားပြိုင်ပွဲတစ်ခုဖြစ်ပြီး တိုက်ရိုက်ဖိတ်ခေါ်ခံရတဲ့ အသင်း ၆ သင်းတို့သာပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။




Dota Summit လို့ဆိုလိုက်ရင် ရင်းနှီးပြီးသားပရိသတ်တွေကတော့ အိမ်တစ်အိမ်ထဲမှာ အသင်းတွေအားလုံးရော Caster တွေရောစုပေါင်းနေထိုင်ပြီးကျင်းပတဲ့ မိသားစုဆန်ဆန်ပြိုင်ပွဲတစ်ပွဲကို ပြေးမြင်ကြမှာပါ။ Beyond the Summit စတူဒီယိုကဦးစီးကျင်းပတဲ့ ဒီ DOTA Summit 12 ပြိုင်ပွဲမှာ Evil Geniuses, Cloud9, OG.Seed, Team Liquid, Thunder Predator နဲ့ Fnatic အသင်းတို့ပါဝင်ခဲ့ပါတယ်။ စုစုပေါင်းဆုကြေးအနေနဲ့ ဒေါ်လာ ၁၅၀၀၀၀ ချီးမြှင့်ခဲ့ပြီး နိုင်ပွဲတစ်ပွဲရရှိတိုင်း ဆုကြေးငွေ ဒေါ်လာ ၁၅၀၀ ကိုပါ အပိုထပ်ဆောင်းချီးမြှင့်တာကတော့ အခြားပြိုင်ပွဲတွေနဲ့မတူတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို Group Stage နဲ့ Playoff ဆိုပြီး အဆင့် ၂ ဆင့်ခွဲကာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင် ၆ သင်းတည်းသာ ပါဝင်တာကြောင့် Group Stage မှာ အသင်းအားလုံးကို အုပ်စုတစ်စုတည်း Round Robin BO2 ဆော့ကစားစေခဲ့ပြီး Playoff အဆင့်ကိုတော့ Double Elimination စနစ်အတိုင်း ကျင်းပခဲ့ပါတယ်။


အုပ်စုအဆင့်မှာ Cloud9 အသင်းဟာ BO2 ၅ ပွဲဆော့ကစားခဲ့ပြီး တစ်ပွဲမှအနိုင်မရရှိခဲ့တာကြောင့် ပြိုင်ပွဲကနေ အရင်ဆုံးထွက်ခွာသွားခဲ့ရပြီး Thunder Predator အသင်းကတော့ ၁ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးရလဒ်သာ ရရှိခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခွာရတဲ့ ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။ Team Liquid ကတော့ Group Stage အဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပေမယ့် Playoff အဆင့်မှာ တစ်ပွဲမှအနိုင်မရရှိဘဲ စတုတ္ထနေရာနဲ့သာကျေနပ်ခဲ့ရပြီး ဒီပြိုင်ပွဲမှာ အင်အားအကြီးဆုံးအသင်းလို့ဆိုရမယ့် Evil Geniuses ကတော့ Semifinal မှာ OG.Seed ကိုရှုံးနိမ့်ခဲ့တာကြောင့် တတိယနေရာကိုသာ ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက အရှေ့တောင်အာရှကစားသမားတွေနဲ့ဖွဲ့စည်းခဲ့တဲ့ Fnatic အသင်းအနေနဲ့ စတင်တည်ထောင်ခါစကတည်းက SEA ရဲ့ Power House အသင်းတစ်သင်းအနေနဲ့ ရပ်တည်နိုင်ခဲ့ပေမယ့် မနေ့တစ်နေ့ကအထိ ချန်ပီယံဆုဖလားကို မဆွတ်ခူးနိုင်သေးတဲ့အသင်းဖြစ်တာကြောင့် DOTA Summit 12 ကရရှိခဲ့တဲ့ ဆုဖလားဟာ အသင်းသက်တမ်း ၅ နှစ်နီးပါးအတွင်းမှာ ပထမဦးဆုံးရရှိခဲ့တဲ့ ချန်ပီယံဆုပဲဖြစ်ပါတယ်။


Fnatic အသင်းဟာ မတ်လ ၁၅ ရက်နေ့မှာကျင်းပဖို့လျာထားခဲ့တဲ့ ESL One Los Angeles 2020 Major ပြိုင်ပွဲဝင်ခွင့်ကိုရရှိထားတဲ့အသင်းဖြစ်ပေမယ့် လက်ရှိအချိန်မှာ အဆိုပါ Major ကိုဖျက်သိမ်းသွားခဲ့ပြီဖြစ်တာကြောင့် အသင်းအခြေစိုက်ရာ မလေးရှားနိုင်ငံသို့ ပြန်သွားခဲ့ပါပြီ။ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အားကစားပြိုင်ပွဲတွေ၊ Esports ပြိုင်ပွဲတွေ တော်တော်များများကို ဖျက်သိမ်းခဲ့ရပြီး အဲဒီထဲမှာ Dota 2 ပြိုင်ပွဲများလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒီ Major ကိုတော့ပွဲစီစဉ်သူ ESL က Valve နဲ့တိုင်ပင်ပြီး အခြားနိုင်ငံတစ်ခုမှာ ကျင်းပဖို့စီစဉ်နေတယ်ဆိုပေမယ့် ဘယ်နေ့ဘယ်ရက်မှာပြန်လာမလဲဆိုတာ အတိအကျမသိရသေးပါဘူး။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က