တရုတ်နိုင်ငံတွင်းက အကြီးမားဆုံး Esports အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ LGD Gaming ဟာ Live Streaming Platform တစ်ခုဖြစ်တဲ့ BGoose နဲ့ပူးပေါင်းပြီး Arena of Valor (တရုတ်အခေါ် Honor of Kings) အသင်းကို ဖွဲ့စည်းတော့မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

တရုတ်နိုင်ငံတွင်းက အကြီးမားဆုံး Esports အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ LGD Gaming ဟာ Live Streaming Platform တစ်ခုဖြစ်တဲ့ BGoose နဲ့ပူးပေါင်းပြီး Arena of Valor (တရုတ်အခေါ် Honor of Kings) အသင်းကို ဖွဲ့စည်းတော့မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။


LGD Gaming နဲ့ BGoose ဟာ ဒီ Arena of Valor မိုဘိုင်း Esports အသင်းအတွက် ယွမ်သန်း ၈၀ (ဒေါ်လာ ၁၁.၆ သန်းခန့်) ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး Tencent ကကျင်းပပေးတဲ့ King Pro League ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသင်းနာမည်ကို LGDAE လို့ နာမည်ပေးထားပြီး အသင်းတံဆိပ်ကတော့ LGD Gaming တံဆိပ်ကိုမှ ပူးတွဲစပွန်ဆာ BGoose ကိုကိုယ်စားပြုတဲ့ ဘဲငန်းပုံကိုထည့်သွင်းထားပါသေးတယ်။



LGDAE အသင်းပါဝင်ယှဉ်ပြိုင်မယ့် King Pro League ရဲ့ပွဲကျင်းတဲ့ပုံစံဟာ တရုတ်ပြည်တွင်း League of Legends Pro League ပြိုင်ပွဲကျင်းပတဲ့ပုံစံနဲ့ အလားသဏ္ဍာန် တော်တော်လေးတူပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့အသင်းတွေဟာ ဝင်ခွင့်နေရာကိုဝယ်ယူရတာဖြစ်ပြီး LGDAF အသင်းကတော့ King Pro League မှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ Team Hope ရဲ့နေရာကို ဝယ်ယူထားတယ်လို့သိရပါတယ်။


တရုတ်ပြည်တွင်းမှာကျင်းပတဲ့ King Pro League ပြိုင်ပွဲကို တစ်နှစ်မှာ ၂ ကြိမ်ကျင်းပလေ့ရှိပြီး ပြိုင်ပွဲတစ်ခုစီမှာ ယွမ် ၈ သန်း (ဒေါ်လာ ၁.၁၆ သန်း) ကိုဆုကြေးအဖြစ်ချီးမြှင့်ပေးပါတယ်။ ပြိုင်ပွဲ ၂ ပွဲမှာအနိုင်ရရှိတဲ့အသင်းတွေဟာ ဆုကြေးငွေ ယွမ် ၃၂ သန်း (ဒေါ်လာ ၄.၆၂ သန်းခန့်) ချီးမြှင့်တဲ့ Honor of Kings World Championship ပြိုင်ပွဲကြီးကို တက်ရောက်ခွင့်ရရှိမှာပါ။


King Pro League မှာ တရုတ်ပြည်တွင်းက Vici Gaming နဲ့ Royal Never Give Up တို့လို အင်အားကြီး Esports အဖွဲ့အစည်းတွေက အသင်းကိုယ်စီနဲ့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး LGD Gaming ကတော့ အခုမှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။

ဒီအသင်းကိုဖွဲ့စည်းရာမှာ LGD Gaming ကိုပါဝင်အားဖြည့်ထားတဲ့ BGoose ဟာ တရုတ်ပြည်ရဲ့ အကြီးမားဆုံး Live Streaming အေဂျင်စီကြီးတစ်ခုဖြစ်ပြီး ကုမ္ပဏီရဲ့တန်ကြေးဟာ ယွမ် ၁ ဘီလျံ (ဒေါ်လာ ၁၄၄ သန်း) ရှိတယ်လို့ သိရပါတယ်။


BGoose ဟာ သူ့လက်အောက်မှာ PLAYERUNKNOWN'S BATTLEGROUNDS(PUBG) နဲ့ Peacekeeper Elite အသင်းတွေဖွဲ့စည်းထားပြီး ယခုတစ်ခါမှာတော့ LGD Gaming နဲ့ပူးပေါင်းကာ Arena of Valor (Honor of Kings) အသင်းကို ဖွဲ့စည်းနေတာပဲဖြစ်ပါတယ်။


BGoose ရဲ့ CEO ဖြစ်သူ Yuyang Wang ကတော့ အသင်းရဲ့လေ့ကျင့်ရေးနဲ့ စွမ်းဆောင်ရည်ပိုင်းကိုတော့ LGD Gaming က ကိုင်တွယ်မှာဖြစ်ပြီး BGoose ဘက်ကတော့ မားကတ်တင်းပိုင်းနဲ့ ကြော်ငြာဖန်တီးမှုပိုင်းတို့ကိုသာ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


LGD Gaming အတွက်တော့ အခုလို အခြားအဖွဲ့အစည်းကြီးတစ်ခုနဲ့ ပူးပေါင်းတာ ပထမဦးဆုံးအကြိမ်မဟုတ်ဘဲ Dota 2 အသင်းကို ပြင်သစ်ဘောလုံးအသင်း Paris Saint-Germain အသင်းနဲ့ပူးပေါင်းကာ PSG.LGD အဖြစ်ထူထောင်ခဲ့ဖူးသလို Crossfire အသင်းကိုလည်း မြောက်အမေရိက Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Reciprocity Corp နဲ့ပူးပေါင်းကာ LGD.REC ကိုတည်ထောင်ခဲ့ပါသေးတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က