မလေးရှားအခြေစိုက် Dota 2 အသင်း Geek Fam ဟာ သိပ်မကြာခင်ကမှ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကိုရီးယားနိုင်ငံသား Dubu ကိုအသင်းကထုတ်ပယ်ပြီး အင်ဒိုနီးရှားနိုင်ငံသား Whitemon ကို အစားထိုးခဲ့ပါတယ်။
Kyi Tha Maung

မလေးရှားအခြေစိုက် Dota 2 အသင်း Geek Fam ဟာ သိပ်မကြာခင်ကမှ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကိုရီးယားနိုင်ငံသား Dubu ကိုအသင်းကထုတ်ပယ်ပြီး အင်ဒိုနီးရှားနိုင်ငံသား Whitemon ကို အစားထိုးခဲ့ပါတယ်။

Geek Fam အသင်းဟာ အဲဒီမတိုင်ခင်ကပဲ အမေရိကန်နိုင်ငံသား Ryoya နေရာမှာ ဖိလစ်ပိုင်ကစားသမား Karl ကို အစားထိုးခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အရှေ့တောင်အာရှကစားသမားတွေချည်း ပါဝင်တဲ့အသင်းဖွဲ့စည်းလို့တဲ့ ဆန္ဒလည်း ပြည့်ဝသွားပြီပဲဖြစ်ပါတယ်။




Whitemon ရဲ့နာမည်အရင်းက Matthew Filemon ဖြစ်ပြီး အသက် ၁၉ နှစ်သာရှိသေးတဲ့ လူငယ်ကစားသမားတစ်ဦးပါ။ Position 5 နေရာမှာကစားပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၈ ခုနှစ် ဇူလိုင်လကမှ EVOS Esports အသင်းနဲ့အတူ ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲကြီးအတွေ့အကြုံသိပ်မရှိသေးပေမယ့် KuKu, Raven တို့လို ဝါရင့်ကစားသမားတွေနဲ့ တွဲကစားရမှာဖြစ်တာကြောင့် ပြဿနာသိပ်မရှိလှဘူးလို့ ဆိုနိုင်ပါတယ်။


လက်ရှိ Geek Fam Dota 2 အသင်းရဲ့ကစားသမားအပြည့်အစုံကတော့

1. Raven

2. Karl

3. KuKu

4. Xepher

5. Whitemon တို့ပဲဖြစ်ပါတယ်။ အဲဒီထဲမှာ Core ၃ ယောက်က ဖိလစ်ပိုင်နိုင်ငံသားတွေဖြစ်ပြီး ကျန် Support ၂ ယောက်ကတော့ အင်ဒိုနီးရှားနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။

Geek Fam အသင်းဟာ လက်ရှိ DPC Season အတွင်းမှာကျင်းပပြီးစီးခဲ့တဲ့ Major ပြိုင်ပွဲ ၂ ခုစလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရရှိခဲ့တဲ့အသင်းပါ။ ဒီရာသီမှာ ရရှိခဲ့တဲ့ အမြင့်ဆုံးအောင်မြင်မှုဆိုလို့ WePlay! Bukovel Minor မှာ တတိယနေရာရရှိခဲ့တဲ့ Geek Gam အသင်းဟာ မကြာခင်ကျင်းပတော့မယ့် ESL One Los Angeles Major Qualifier မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ကစားသမားအပြောင်းအလဲ ပြုလုပ်ထားတဲ့နောက်ပိုင်း ဘယ်လောက်ထိတိုးတက်လာသလဲဆိုတာ အဖြေပေါ်မယ့်ပြိုင်ပွဲဖြစ်တာကြောင့် စိတ်ဝင်တစားစောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ


Author


က္က