ဒုတိယအကြိမ်မြောက် Midas Mode ပြိုင်ပွဲဟာ ပုံမှန်မြင်နေကြ Dota 2 ပြိုင်ပွဲတွေထဲက ခွဲထွက်ပြီး ပြိုင်ပွဲစဉ်တလျှောက် ဉာဏ်သုံးပြီး ကစားရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

      ၂၀၁၇ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Midas Mode ရဲ့အဆက် Midas Mode 2.0 ကတော့ ပရိသတ်တွေ့ရှေ့မှောက်ကို ရောက်ရှိလို့လာတော့မှာပါ။


ဒီပြိုင်ပွဲဟာ မြင်တွေ့နေကြ Dota 2 ပြိုင်ပွဲတွေလိုမျိုး မဟုတ်ဘဲ အပျော်ကစားတဲ့ပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။ Moonduck Studio က ကြီးမှူးကျင်းပတဲ့ ဒီ Midas Mode မှာ သာမန် Game Mode တွေနဲ့ဆော့ရမှာမဟုတ်ဘဲ သူတို့ ဖန်တီးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆော့ကစားရမှာပါ။ အဲဒီစည်းမျဉ်းတွေဆိုတာကလည်း ဒီပြိုင်ပွဲကို တခြားပြိုင်ပွဲတွေနဲ့မတူဘဲ အလွန်ပျော်ဖို့ကောင်းအောင် ဖန်တီးပေးထားတဲ့ အရာတွေပါပဲ။



         ဒီပြိုင်ပွဲဟာ အခြားပြိုင်ပွဲတွေလို Captain Mode နဲ့ကစားရတယ်ဆိုပေမယ့် Hero Pick, Ban တွေကို ပုံမှန်အတိုင်းပြုလုပ်လို့ရမှာမဟုတ်ပါဘူး။ ပါဝင်ယှဉ်ပြိုင်တဲ့အသင်းတွေကို Moon Buck ဆိုတဲ့ ဒီပြိုင်ပွဲအတွင်းမှာပဲသုံးရမယ့် ငွေကြေးတစ်မျိုးကို ညီတူညီမျှပေးထားမှာဖြစ်ပြီး အဲဒီငွေကြေးသုံးမှ Hero Pick, Ban ကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Hero တစ်ကောင်ချင်းအလိုက် ကုန်ကျငွေတူညီမှာမဟုတ်ဘဲ လက်ရှိ Meta မှာ ရေပန်းစားနေတဲ့ Hero တွေဆိုရင်တော့ Moon Buck တွေပိုမိုကုန်ကျမှာပါ။ Ingame မှာ Pause လုပ်ရင်၊ Radiant နဲ့ Dire ထဲက ကိုယ်ကြိုက်တဲ့ဘက်ကိုရွေးရင်၊ Glyph of fortification သုံးရင်လည်း Moon Buck တွေအသုံးပြုရမှာဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်အသင်းက ကစားရင်း Moon Buck ကုန်သွားခဲ့မယ်ဆိုရင်တော့ Drafting Phase မှာ Random ကျတဲ့ Hero တွေကိုကိုင်ပြီး ကစားရမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ဆွဲဆောင်မှုက ဒါတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ VR Roshan, Super Roshan နဲ့ Creep Takeover ဆိုတာတွေလည်း ကျန်ပါသေးတယ်။

         အကယ်၍ ပြိုင်ဘက်အသင်းက Roshan ကိုင်တော့မယ်ဆိုရင် Moon Buck ကိုအသုံးပြုပြီး VR Roshan ကို Activate ပြုလုပ်နိုင်မှာပါ။ Activate လုပ်လိုက်ပြီဆိုရင် ဧည့်သည်ထဲကတစ်ယောက်ဟာ Roshan ကို VR စက်နဲ့ထိန်းချုပ်လိုက်မှာဖြစ်ပြီး ထိန်းချုပ်သူရဲ့ လှုပ်ရှားမှုအပေါ်မူတည်ပြီး Roshan ရဲ့ Attack Speed ကပါလိုက်မြန်လာမှာဖြစ်ပါတယ်။

         VR Roshan မသုံးချင်ဘူးဆိုရင်လည်း Super Roshan ရှိနေပါသေးတယ်။ ဒီဟာသုံးလိုက်မယ်ဆိုရင်တော့ Roshan ဟာ သူ့ Pit ထဲကိုဝင်လာသမျှ Hero တွေအားလုံးကို ကန်ထုတ်ပစ်၊ ကိုင်ပေါက်ပစ်မှာဖြစ်ပါတယ်။           

        

         နောက်ဆုံးကျန်တဲ့ Creep Takeover ကတော့ Creep Wave ကို Moon Buck အသုံးပြုကာ ဝယ်ယူနိုင်ပြီး ကိုယ်တိုင်ထိန်းချုပ်နိုင်မယ့် Feature ပါ။ Backdoor Protection ရှိနေတဲ့အချိန်မှာ ဒီ Creep တွေကိုအသုံးပြုပြီး ဘယ်လိုတွေ Rat မလဲဆိုတာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။


         Moon Buck တွေကို ပွဲနိုင်ရင်ရမှာဖြစ်သလို Quest တွေပြီးမြောက်အောင် စွမ်းဆောင်နိုင်ရင်လည်း ရမှာပါ။ အဲဒီ Quest တွေက ပရိသတ်တွေ သတ်မှတ်ပေးထားတဲ့ Quest တွေဖြစ်ပြီး တော်တော်လေးကို ဗရုတ်သုတ်ခနိုင်တဲ့ Quest တွေပါ။ ဘယ်လို Quest တွေဖြစ်မလဲဆိုတာကိုတော့ ပြိုင်ပွဲရောက်မှ မြင်တွေ့ရမှာဖြစ်ပါတယ်။


         အရင်ကျင်းပခဲ့တဲ့ Midas Mode 1 မှာ ဆုကြေးငွေကို ဒေါ်လာ ၆၀၀၀၀ သာပေးနိုင်ခဲ့ပေမယ့် ဒီတစ်ခါကျင်းပမယ့် Midas Mode 2.0 မှာတော့ ဆုကြေးငွေ ဒေါ်လာ ၁၅၀၀၀၀ တောင်ချီးမြှင့်သွားမှာပါ။ ဆုကြေးဘယ်လောက်များများ ကစားသမားတွေက ယူမှာမဟုတ်ဘဲ ပေးတဲ့ဆုကြေးငွေကို ကိုယ်ကြိုက်ရာနေရာမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်။


         ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ထားတဲ့အသင်းတွေကတော့ အောက်ပါပုံအတိုင်းပဲဖြစ်ပါတယ်။

         ဖိတ်ခေါ်အသင်းတွေထဲမှာ လူစိတ်ဝင်စားမှုအများဆုံးကတော့ Gorgc တို့ Sing Sing တို့လို မျက်နှာပြောင် Streamer တွေပါဝင်တဲ့ Sir Sadim's Stunners နဲ့ TI1 Na'Vi, TI3 Alliance အသင်းတွေပဲဖြစ်ပါတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့ပေမယ့် အခုအချိန်မှာ ကိုယ့်လမ်းကိုလျှောက်နေတဲ့ TI1 Champion အသင်းနဲ့ TI3 Champion အသင်းတွေကို တစ်စုတစ်စည်းတည်း ပြန်မြင်ချင်တယ်ဆိုရင်တော့ ဒီပြိုင်ပွဲဟာ အကောင်းဆုံးအခွင့်အရေးပါပဲ။ ဒါ့အပြင် Ti8 နဲ့ Ti9 နှစ်နှစ်ဆက်ချန်ပီယံ OG အသင်းကိုလည်း လူစုံတက်စုံတွေ့ရမယ့် နောက်ဆုံးပွဲဖြစ်ပြီး ဒီပွဲပြီးရင် Ana နဲ့ Topson တို့က Pro Dota 2 မြင်ကွင်းမှ ခဏတာ အနားယူကြဦးမှာပါ။


         ဒီ Midas Mode 2.0 ကို စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုချင်တယ်ဆိုရင်တော့ MoonduckTV Twitch Channel ကနေ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ



က္က