နာမည်ကျော် Dota2 အသင်း Virtus.Pro နဲ့ သူတို့ရဲ့ဒုတိယအသင်း VP.Prodigy တို့နှစ်သင်းလုံးဟာ ဧပြီလ ၁၅ ရက်နေ့မှာ စတင်ဖို့ သတ်မှတ်ထားတဲ့ EPICENTER Major အတွက် အစားထိုးကျင်းပမယ့် Epic Prime League ပြိုင်ပွဲကို ပါဝင်ဖို့ တိုက်ရိုက်ဖိတ်ကြားခံခဲ့ရပါတယ်။

    နာမည်ကျော် Dota2 အသင်း Virtus.Pro နဲ့ သူတို့ရဲ့ဒုတိယအသင်း VP.Prodigy တို့နှစ်သင်းလုံးဟာ ဧပြီလ ၁၅ ရက်နေ့မှာ စတင်ဖို့ သတ်မှတ်ထားတဲ့ EPICENTER Major အတွက် အစားထိုးကျင်းပမယ့် Epic Prime League ပြိုင်ပွဲကို ပါဝင်ဖို့ တိုက်ရိုက်ဖိတ်ကြားခံခဲ့ရပါတယ်။

         CIS ဒေသရဲ့ နာမည်အကြီးဆုံး Dota2 အသင်းတစ်ခုဖြစ်တဲ့ Virtus.Pro ဟာ မကြာသေးခင်ကမှ ဒုတိယမြောက် Dota2 အသင်း VP.Prodigy ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ဒီနှစ်သင်းစလုံးဟာ မူလက ဧပြီလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် EPICENTER Dota2 Major နေရာမှာ အစားထိုးကျင်းပမယ့် Epic Prime League ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။




         Epic Prime League ပွဲကို ဧပြီလ ၁၅ ရက်နေ့မှာပဲ ကျင်းပသွားမှာဖြစ်ပေမယ့် အွန်လိုင်းပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ပြီး CIS ဒေသတစ်ခုထဲက အသင်းတွေသာ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ရာသီမှာ ဒေသအလိုက် လိဂ်ပြိုင်ပွဲအဖြစ် ပြောင်းလဲမယ့် Valve ရဲ့အစီအစဉ်ဟာ ကိုဗစ်ရောဂါကြောင့် စောစောစီးစီး အသက်ဝင်နေသလိုဖြစ်နေပါပြီ။

         VP အသင်းနှစ်သင်းနဲ့အတူ ပါဝင်မယ့်အသင်းတွေကတော့ FlyToMoon, Winstrike, Team Spirit, Team Unique, B8 နဲ့ Cyber Legacy စတဲ့ လက်ရှိ CIS ထိပ်သီးအသင်းတွေပါ။ ပြိုင်ပွဲရဲ့ စုစုပေါင်းဆုကြေးက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲရှိပြီး အနိုင်ရသူဟာ ဒုတိယ Season ကိုပါ တိုက်ရိုက်ဝင်ရောက်ခွင့်ရစေမှာဖြစ်ပါတယ်။


         အုပ်စုအဆင့်မှာ ရှစ်သင်းလုံးပတ်လည်ကစားရမှာဖြစ်ပြီး Bo3 (Best-of-three) အနေနဲ့ သုံးပွဲယှဉ်ပြိုင်ရမှာဖြစ်လို့ သရေပွဲမရှိပါဘူး။ အကောင်းဆုံးလေးသင်းသာ ရှုံးထွက်အဆင့်ကို တက်ရောက်ရမှာဖြစ်ပြီး လေးသင်းလုံး ဒုတိယမြောက် Season ကိုပါ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။

         ပဉ္စမနဲ့ဆဌမအသင်းတွေဟာ Epic လိဂ်ပြိုင်ပွဲရဲ့ တန်းဆင်းအုပ်စု လေးသင်းအဆင့်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အောက်ဆုံးနှစ်သင်းကတော့ နောက်ရာသီမှာ တစ်ဆင့်နိမ့်တဲ့ Epic Challenger လိဂ်ကို ဆင်းကစားရမှာပါ။


         Epic Prime League ကို ဖေဖော်ဝါရီလထဲက ကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ကိုဗစ်ရောဂါပြန့်ပွားမှုကြောင့် ပြိုင်ပွဲတွေကို အွန်လိုင်းအသွင်ကူးပြောင်းခဲ့ရပါတယ်။ သူ့မှာ Prime, Challenger, Origins ဆိုပြီး လိဂ်ပြိုင်ပွဲအဆင့် သုံးဆင့်နဲ့ ယှဉ်ပြိုင်စေပါတယ်။ ဒါ့ကြောင့် Valve က နောက်နှစ်မှာ Ti ဝင်ခွင့်ကို ဒေသလိဂ်ပြိုင်ပွဲနဲ့ ကျင်းပမယ်ဆိုရင် CIS ဒေသအတွက် အဆိုပါစနစ်နဲ့ အသင့်ဖြစ်နေစေမယ့် ပြိုင်ပွဲတစ်ခုဆိုလည်း မမှားပါဘူး။

         အခုနှစ် Dota Pro Circuit လို့ခေါ်တဲ့ Dota2 Season ကတော့ ကိုဗစ်နှောင့်ယှက်မှုကြောင့် ၂၀၂၀ နှစ်အစောပိုင်း ပြိုင်ပွဲတွေကို ရွှေ့ဆိုင်း သို့မဟုတ် အွန်လိုင်းပြောင်းလဲကျင်းပခဲ့ကြရပါတယ်။ ဒါပေမယ့် Dota2 ပရိသတ်တွေအတွက် ESL One LA Regional အွန်လိုင်းလိဂ်၊ BTS Pro Series နဲ့ WePlay! Pushka League ဆိုပြီး အွန်လိုင်းပြိုင်ပွဲတွေများစွာ ပေါ်ပေါက်လာတဲ့အတွက် LAN ပြိုင်ပွဲရဲ့ ရင်ခုန်မှုကို မရရင်တောင် ထိပ်သီးအသင်းတွေရဲ့ ယှဉ်ပြိုင်မှုကိုတော့ နေ့စဉ်ကြည့်ရှုနေရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က