ဘာစီလိုနာဘောလုံးအသင်းက ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပြင်သစ်နိုင်ငံသား အန်တိုနီဂရစ်ဇ်မန်းဟာ သူ့ရဲ့ကိုယ်ပိုင် Esports အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း လွန်ခဲ့တဲ့ရက်ပိုင်းခန့်က ကြေညာခဲ့ပါတယ်။
Kyi Tha Maung

ဘာစီလိုနာဘောလုံးအသင်းက ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပြင်သစ်နိုင်ငံသား အန်တိုနီဂရစ်ဇ်မန်းဟာ သူ့ရဲ့ကိုယ်ပိုင် Esports အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း လွန်ခဲ့တဲ့ရက်ပိုင်းခန့်က ကြေညာခဲ့ပါတယ်။


Grizi Esport လို့နာမည်ပေးထားတဲ့ ဂရစ်ဇ်မန်းရဲ့ Esports အဖွဲ့အစည်းမှာတော့ CS:GO, Fortnite, FIFA, League of Legends နဲ့ Rainbow Six Siege အသင်းတွေပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ အသင်းမှာပါဝင်ကစားလိုတဲ့ကစားသမားတွေကို ရှာဖွေခေါ်ယူလျက်ရှိပါတယ်။

တကယ်တော့ Esports နယ်ပယ်ထဲမှာ ဂရစ်ဇ်မန်းထက်အရင် ရင်းနှီးမြှုပ်နှံခဲ့တဲ့၊ ကိုယ်ပိုင်အသင်းတည်ထောင်ခဲ့တဲ့ ကမ္ဘာကျော်ဘောလုံးကစားသမားတွေလည်း အများကြီးရှိပါသေးတယ်။ အဲဒီထဲမှာ M10 Esports ကို ၂၀၁၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးကတော့ ကိုယ်ပိုင် Esports အသင်းတည်ထောင်ခဲ့တဲ့ ပထမဦးဆုံးကမ္ဘာကျော်ဘောလုံးကစားလို့ဆိုရမှာပဲဖြစ်ပါတယ်။ အာဆင်နယ်ဂိုးသမားဖြစ်တဲ့ လီနိုဟာလည်း သူ့ရဲ့ကိုယ်ပိုင် FIFA အသင်း Leno Esports ကိုလည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ တည်ထောင်ခဲ့ပါသေးတယ်။


ကမ္ဘာကျော်ဘရာဇီးဘောလုံးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရော်နယ်ဒင်ဟိုဟာလည်း R10 Esports ဆိုတဲ့နာမည်နဲ့ အသင်းတည်ထောင်တော့မှာဖြစ်ကြောင်း ၂၀၁၉ ခုနှစ်ကတည်းကကြေညာခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ သတင်းမထူးသေးပါဘူး။ ကမ္ဘာကျော်ဘရာဇီးကစားသမားဟောင်းနောက်တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာလည်း တောင်အမေရိကရဲ့အကြီးမားဆုံး Esports အဖွဲ့အစည်းတွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ CNBe-Sports Club မှာ ရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။

Grizi Esport အသင်းကို အန်တိုနီဂရစ်ဇ်မန်းရဲ့ညီဖြစ်သူ သီယိုဂရစ်ဇ်မန်းက ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး သီယိုဂရစ်ဇ်မန်းက ဒီအသင်းရဲ့မန်နေဂျာအဖြစ်တာဝန်ယူသွားမှာပဲဖြစ်ပါတယ်။ သီယိုဂရစ်ဇ်မန်းဟာ လောလောဆယ်မှာတော့ အသင်းဂျာစီထွက်ရှိလာဖို့အရင်ဦးဆုံး ကြိုးပမ်းနေပြီး အသင်းမှာကစားသမား အယောက် ၂၀ ခန့်ကို ထားရှိသွားမှာဖြစ်တယ်လို့လည်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါသေးတယ်။


Grizi Esport တည်ထောင်ပြီးကြောင်း ကြေညာခဲ့ပြီးတဲ့တစ်နေ့တည်းမှာပဲ အသင်းမှာကစားလိုသူတွေကို လျှောက်လွှာတင်ခိုင်းခဲ့ပြီး ၁၀ မိနစ်အတွင်းမှာပဲ လျှောက်လွှာပေါင်း ၁၅၀၀၀ ခန့်ကို လက်ခံရရှိခဲ့တယ်လို့လည်းသိရပါတယ်။ ဒီအသင်းကို သီယိုဂရစ်ဇ်မန်းကပဲ အဓိကဦးဆောင်သွားဖို့ရှိနေပြီး အန်တိုနီဂရစ်ဇ်မန်းကတော့ အရေးကြီးဆုံးဖြတ်ချက်များချတဲ့နေရာမှာသာ ပါဝင်သွားမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ


Author


က္က