Mobile Legends ဂိမ်းရဲ့ယှဉ်ပြိုင်မှုအမြင့်ဆုံး Regional ပြိုင်ပွဲတစ်ခုဖြစ်တဲ့ MPL-ID (အင်ဒို) Season 5 မှာတော့ RRQ Hoshi အသင်းဟာ လက်ရှိချန်ပီယံ EVOS Legends ကို အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

   Mobile Legends ဂိမ်းရဲ့ယှဉ်ပြိုင်မှုအမြင့်ဆုံး Regional ပြိုင်ပွဲတစ်ခုဖြစ်တဲ့ MPL-ID (အင်ဒို) Season 5 မှာတော့ RRQ Hoshi အသင်းဟာ လက်ရှိချန်ပီယံ EVOS Legends ကို အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

         RRQ Hoshi ဟာ သူတို့ရဲ့ မဟာပြိုင်ဘက် EVOS Legends ကို MPL-ID S5 ရဲ့ စိတ်လှုပ်ရှားဖွယ် ဂရင်းဖိုင်နယ်ပွဲမှာ အနိုင်ရယူနိုင်ခဲ့ပါပြီ။ EVOS အသင်းဟာ ရှေ့မှာ MPL-ID S4 နဲ့ M1 ကမ္ဘာ့ချန်ပီယံရှစ်နှစ်ပွဲလုံးမှာ အနိုင်ရရှိဗိုလ်စွဲခဲ့သူပါ။




         အစောပိုင်း အုပ်စုပတ်လည်အဆင့်မှာ RRQ ဟာ Bigetron Alpha နဲ့အတူ ထိပ်ဆုံးနေရာကို မျှဝေယူခဲ့ပြီး ရှုံးထွက်အဆင့်မှာတော့ EVOS Legends ကိုနှစ်ခါပြန်အနိုင်ယူကာ ထိုက်တန်စွာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ EVOS ကို Upper Bracket Finals မှာ အနိုင်ရခဲ့ပြီးနောက် Lower Bracket ကနေ ထပ်တက်လာတဲ့အခါမှာလည်း နောက်ဆုံးဖိုင်နယ်မှာ ထပ်မံအနိုင်ယူခဲ့တာပါ။


         RRQ ဟာ သက်တောင့်သက်သာအနိုင်ရခဲ့တာတော့ မဟုတ်ဘဲ ၃ - ၂ ရလဒ်နဲ့ ကပ်ကာသီကာအနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲမှာတော့ အနည်းငယ်တစ်ဖက်သတ်ဆန်ခဲ့ပြီး အနိုင်ပွဲကို ဆာလောင်နေတဲ့ RRQ က ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

         MLBB ဂိမ်းရဲ့ ဒေသအလိုက် MPL ပွဲတွေ စတင်ချိန်ထဲက လူသိများတဲ့ RRQ နဲ့ EVOS တို့ဟာ အစောပိုင်း အုပ်စုအဆင့်မှာလည်း လူကြည့်အများဆုံးပြိုင်ပွဲဖြစ်ပြီး အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုသူ ခြောက်သိန်းခွဲရှိခဲ့ပါတယ်။ နောက်ဆုံးဖိုင်နယ်ပွဲမှာတော့ စုစုပေါင်း ၁.၁ သန်းထိ ကြည့်ရှုခဲ့ကြတာကြောင့် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က