နာမည်ကျော် Streamer ဆယ်လီဘရစ်တီတစ်ဦးဖြစ်တဲ့ Ninja ကတော့ သူ့ကိုနာမည်ကြီးအောင် အဓိကကူညီပေးခဲ့တဲ့ Fortnite ဂိမ်းထဲမှာ ကိုယ်ပိုင် Skin တစ်ခုကို ရရှိလို့သွားခဲ့ပါပြီ။

နာမည်ကျော် Streamer ဆယ်လီဘရစ်တီတစ်ဦးဖြစ်တဲ့ Ninja ကတော့ သူ့ကိုနာမည်ကြီးအောင် အဓိကကူညီပေးခဲ့တဲ့ Fortnite ဂိမ်းထဲမှာ ကိုယ်ပိုင် Skin တစ်ခုကို ရရှိလို့သွားခဲ့ပါပြီ။

Ninja ရဲ့ Skin ဟာ Fortnite ရဲ့ ဂိမ်း၊ ဂီတ၊ ရုပ်ရှင် စတဲ့နယ်ပယ်တွေက ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို Skin အဖြစ် အသက်သွင်းမယ့် ပရိုဂရမ်အသစ် Icon Series မှာ ပထမဦးဆုံးပါဝင်လာခဲ့တဲ့ Skin လည်းဖြစ်ပါတယ်။ Ninja Skin ကို ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ရောင်းချနေတာဖြစ်ပြီး Limited Skin ဖြစ်တဲ့အတွက် အချိန်အတိုင်းအတာတစ်ခုအထိသာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။




Fortnite ထဲမှာ ပါဝင်လာတဲ့ Ninja Skin မှာ သူ့ရဲ့ Trademark လို့ဆိုရမယ့် အပြာရောင်ဆံပင်ကိုမှ အဝါရောင်နဖူးစည်း စည်းထားပြီး မျက်နှာတစ်ခြမ်းကိုလည်း မျက်နှာဖုံးအုပ်ထားပါတယ်။ Outfit ပိုင်းမှာတော့ လက်မောင်းမှာ Ninja တံဆိပ်ပါတဲ့ အပေါ်ဝတ်အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီကိုဝတ်ဆင်ထားပြီး လိုသလိုပြောင်းလဲလို့ရမယ့် စတိုင် ၄ မျိုးလည်းပါဝင်ပါတယ်။

ဒါ့အပြင် Ninja Skin Set ထဲမှာ Ninja's Edge Back Bling, Melee Weapon ဖြစ်တဲ့ Katana နှစ်ချောင်း နဲ့ Ninja Emote လည်း ပါဝင်ပါသေးတယ်။ ဒီ Ninja Skin ကို 1500 V-Bucks နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး တကယ့်ငွေကြေးအနေနဲ့ ၁၅ ဒေါ်လာ ခန့်ကျသင့်မှာပါ။


Ninja ဟာ Fortnite ရဲ့မျက်နှာလို့ဆိုရလောက်အောင် နာမည်ကြီးတဲ့ Streamer ဖြစ်ပြီး ဂိမ်းထဲမှာ သူ့ကိုယ်ပိုင် Skin ထုတ်ပေးဖို့ Epic Games ကို တောင်းဆိုလာခဲ့တာဟာလည်း တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။ Ninja ကတော့ ဒီ Skin နဲ့ပတ်သတ်ပြီး သူဟာ Fortnite စဆော့ကတည်းက ကိုယ်ပိုင် Skin ရရှိဖို့ အိပ်မက်မက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အိပ်မက်တွေပြည့်ဝခဲ့ပြီဖြစ်တယ်လို့ သူ့ Twitter အကောင့်ကနေပြောကြားခဲ့ပါတယ်။


Fortnite ရဲ့ Icon Series မှာ နောက်ထပ်ပါဝင်လာဖို့အတည်ပြုထားတဲ့သူတွေကတော့ Streamer, Youtuber တစ်ဦးဖြစ်တဲ့ Loserfruit နဲ့ Fortnite Streamer တစ်ဦးဖြစ်တဲ့ TheGrefg တို့ရဲ့ Skin တွေပဲဖြစ်ပါတယ်။

Epic Games အနေနဲ့ နာမည်ကြီးဆယ်လီဘရစ်တီတွေရဲ့ Skin တွေကို Fortnite ထဲမှာ ထည့်သွင်းရောင်းချတာ ဒါပထမဦးဆုံးအကြိမ်မဟုတ်ဘဲ ရှေ့မှာ ဂီတပညာရှင်တွေဖြစ်တဲ့ Marshmello, Major Lazer တို့ရဲ့ Skin တွေကို ထုတ်လုပ်ပြီးခဲ့ပြီဖြစ်ပြီး အဲဒီ Skin တွေကတော့ ဒီပရိုဂရမ်အသစ် Icon Series မှာတော့ မပါဝင်ခဲ့ပါဘူး။


ဒါ့အပြင့် John Wick, Batman, Stormtrooper စတဲ့ ကမ္ဘာကျော်စိတ်ကူးယဉ်ဇာတ်ကောင်တွေရဲ့ Skin တွေဟာလည်း Fortnite မှာ အများအပြားရှိပါတယ်။ Fortnite ရဲ့ Gameplay ပိုင်းဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ဖို့ကောင်းပြီး Epic Games ကိုယ်တိုင်ကလည်း ကစားသမားတွေမပျင်းရအောင် Event တွေကိုမကြာခဏဆိုလိုထည့်သွင်းပေးနေတာကြောင့် လက်ရှိအချိန်အထိ ကစားသမားအများဆုံးပိုင်ဆိုင်ထားတဲ့ Battle Royale ဂိမ်းအဖြစ်ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က