2019-2020 DPC Season ရဲ့ဒုတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ DreamLeague Season 13: The Leipzig Major မှာ Team Secret က ပြိုင်ဘက် Evil Geniuses အသင်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။

2019-2020 DPC Season ရဲ့ဒုတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ DreamLeague Season 13: The Leipzig Major ကတော့ ဇန်နဝါရီ ၂၆ ရက်ညမှာ ပြီးဆုံးလို့သွားခဲ့ပါပြီ။ ဒီ Major မှာတော့ အရင်နှစ် DPC Season အမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေရပ်တည်နိုင်ခဲ့တဲ့ Team Secret က ပြိုင်ဘက် Evil Geniuses အသင်းကို ဗိုလ်လုပွဲမှာ 3-2 ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။


ချန်ပီယံ Team Secret ဟာ ဒေါ်လာ ၃၀၀၀၀၀ နဲ့ 4850 DPC Points တို့ကို ဆုကြေးအဖြစ်ရရှိခဲ့တာကြောင့် 2019-2020 DPC Season အမှတ်ပေးဇယားရဲ့ တတိယနေရာအထိကို တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။



ဒီ Major ဟာ အံ့ဩစရာတွေနဲ့ပြည့်နှက်နေခဲ့ပြီး တော်တော်လေးလည်းမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့တဲ့ ပြိုင်ပွဲဆိုတာ ပွဲကြည့်ပရိသတ်တွေအသိဆုံးဖြစ်မှာပါ။ နေရာတစ်ခုအခိုင်အမာရရှိလိမ့်မယ်လို့ ပရိသတ်တွေထင်ထားခဲ့တဲ့ Nigma က လူမစုံတဲ့ beastcoast အသင်းရဲ့နောက်ကောက်ချခြင်းကိုခံခဲ့ရတာကြောင့် 9th-12th နေရာနဲ့သာ ကျေနပ်ခဲ့ရတာတွေ၊ အုပ်စုပွဲစဉ်စကတည်းက တစ်ပွဲမှမရှုံးနိမ့်ဘဲ ပြိုင်ပွဲတစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့တဲ့ Team Secret ရဲ့လက်စွမ်း စတာတွေကတော့ ဒီ Major ကိုကြည့်ရတာတန်စေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။


အရင် Major ချန်ပီယံဖြစ်တဲ့ TNC အသင်းကတော့ အုပ်စုအဆင့်မှာ တစ်ပွဲမှမနိုင်ဘဲ Lower Bracket ရောက်ရှိခဲ့ပေမယ့် ပြိုင်ပွဲအဆုံးမှာတော့ Top 8 အထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါသေးတယ်။ ဒုတိယရရှိခဲ့တဲ့ Evil Geniuses ရဲ့လက်စွမ်းကတော့ အရင်ကထက် သိသိသာသာကောင်းမွန်လာတာကိုတွေ့ရမှာဖြစ်ပေမယ့် လိုအပ်ချက်တချို့ကြောင့် ချန်ပီယံဆုကို လှမ်းကိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။


ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးကနေထင်ကြေးပေးခံခဲ့ရတဲ့ Vici Gaming ကတော့ ပြိုင်ပွဲတစ်လျှောက်လုံး ကြီးစိုးလာခဲ့ပြီးမှ နောက်ဆုံးအဆင့်မှာ Team Secret နဲ့ Evil Geniuses တို့ကို ၂ ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ စတုတ္ထရရှိခဲ့တဲ့ Alliance ရဲ့လက်စွမ်းက အသင်းကြီးတွေကိုမီလာပြီလို့ ပြောနိုင်ပေမယ့် နည်းစနစ်ပိုင်းမှာအားနည်းနေသေးတာက အောင်မြင်မှုကြီးကြီးမားမား မဆွတ်ခူးနိုင်ခြင်းရဲ့ အဓိကတရားခံဖြစ်နေပါတယ်။ ပြိုင်ပွဲတစ်ခုလုံးခြုံကြည်မယ်ဆိုရင်တော့ တော်တော်လေးဖျော်ဖြေနိုင်စွမ်းရှိပြီး ရသမြောက်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

လက်ရှိ 2019-2020 DPC Season ရဲ့ အမှတ်ပေးဇယားမှာ TNC က အမှတ်ပေါင်း 5300 နဲ့ ထိပ်ဆုံးကဦးဆောင်နေကာ Vici Gaming က အမှတ်ပေါင်း 5100 နဲ့ ဒုတိယနေရမှာရပ်တည်နေပါတယ်။ ပထမဦးဆုံးကျင်းပတဲ့ Chengdu Major ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့တဲ့ Team Secret ကတော့ ဒီပြိုင်ပွဲကရရှိတဲ့ 4850 မှတ်နဲ့ တတိယနေရာမှာရပ်တည်နေပြီး Evil Geniuses အသင်းကတော့ 4350 မှတ်နဲ့ စတုတ္ထနေရာရယူထားနိုင်ခဲ့ပါတယ်။


Major ၂ ခုသာကျင်းပပြီးစီးခဲ့ပေမယ့်လို့ DPC Ranking ရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ဒီ ၄ သင်းကတော့ The International 10 ကို ဖိတ်ကြားခံရဖို့ သေချာသလောက်ရှိနေပြီပဲဖြစ်ပါတယ်။ နောက်ထပ် Major တစ်ခုပြီးဆုံးသွားပြီဆိုတော့ ပရိသတ်တွေစောင့်ကြည့်ရမှာက မအောင်မြင်ခဲ့တဲ့အသင်းတွေရဲ့ လူစာရင်းအပြောင်းအလဲပါ။ တတိယမြောက် Major ဖြစ်တဲ့ ESL One Los Angeles 2020 ရဲ့ Qualifier ဟာလည်း ဒီလထဲမှာပဲ အပြီးတိုင်ကျင်းပသွားမှာဖြစ်တာကြောင့် ဘယ်အသင်းတွေက ဘယ်ကစားသမားအသစ်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က