loading...

loading...

loading...

၂၀၂၀ ထဲမှာ မိုဘိုင်းပလက်ဖောင်းပေါ် ကူးလာတဲ့ Game Franchise အကြီးစားတွေရဲ့ Hype နေရတဲ့ ဂိမ်းတွေကို အားလုံးအတူစောင့်စားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
Kyi Tha Maung

၂၀၂၀ ထဲမှာ မိုဘိုင်းပလက်ဖောင်းပေါ် ကူးလာတဲ့ Game Franchise အကြီးစားတွေရဲ့ Hype နေရတဲ့ ဂိမ်းတွေကို အားလုံးအတူစောင့်စားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။


PC နဲ့ Console ပလက်ဖောင်း ၂ ခုဟာ ဂိမ်းလောကထဲမှာ နှစ်အတော်ကြာအောင် ကြီးစိုးခဲ့ပြီး ယနေ့ခေတ်မှာတော့ တတိယမြောက်ပလက်ဖောင်းဖြစ်တဲ့ မိုဘိုင်းပလက်ဖောင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်လာခဲ့ပါတယ်။ မိုဘိုင်းဖုန်းတွေဟာ လူတွေရဲ့နေ့စဉ်ဘဝထဲမှာ မရှိမဖြစ်တစ်ခုအဖြစ် နေရာယူလာခဲ့တာကြောင့် သူနဲ့အတူ မိုဘိုင်းဂိမ်းဈေးကွက်ဟာလည်း နှစ်အနည်းငယ်အတွင်းမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့တိုးတက်လို့လာပါတယ်။

မိုဘိုင်းဂိမ်းအသစ်တွေဟာလည်း လစဉ်တိုင်းထွက်ရှိနေသလို ကစားသူတွေဟာလည်း များပြားလှတာကြောင့် ဂိမ်းကုမ္ပဏီကြီးတွေကပါ မျက်စိကျလာပြီး အရည်အသွေးမြင့်ဂိမ်းတွေကို မိုဘိုင်းအတွက် ထုတ်ပေးလာပါတယ်။ အဲဒါကြောင့်လည်း ဒီဘက်ခေတ်မှာ မိုဘိုင်းဂိမ်းကစားသူတွေအတွက် ရွေးချယ်စရာ အရည်အသွေးမြင့်ဂိမ်းအရေအတွက်က ကြောက်ခမန်းလိလိမြင့်တက်လာခဲ့တာပါ။


အခုတစ်ခါမှာတော့ အရည်အသွေးမြင့်ဂိမ်းလည်းဖြစ်တယ်၊ ၂၀၂၀ ခုနှစ်မှာလည်း ထွက်ရှိဖို့လျာထားပြီး အစောင့်မျှော်ရဆုံးမိုဘိုင်းဂိမ်းတွေကို ဖော်ပြသွားပါမယ်။


1. SKY: CHILDREN OF THE LIGHT

Game of the Year 2013 ဆုရရှိခဲ့တဲ့ Journey ရဲ့ ပဲ့ကိုင်ရှင် thatgamecompany ကထုတ်လုပ်တဲ့ Adventure အမျိုးအစားဂိမ်းပဲဖြစ်ပါတယ်။


Sky: Children of the Light ရဲ့ရုပ်ထွက်ပိုင်းက တော်တော်လေးလှပပြီး နောက်ခံတီးလုံးကလည်း ညိမ့်ညိမ်ညောင်းညောင်းနဲ့ နားထောင်လို့ကောင်းလှတာကို ဂိမ်းထရေလာမှာတွေ့ရမှာပါ။ ဒီဂိမ်းမှာ ကစားသူက ကမ္ဘာ ၇ ခုရဲ့ပဟေဠိကိုအဖြေရှာရမယ့် ကောင်းကင်ဘုံသားတစ်ဦးနေရာကနေ ဆော့ကစားရမှာပဲဖြစ်ပါတယ်။


iOS အတွက် ၂၀၁၉ ဇူလိုင်လကတည်းက ထွက်ရှိခဲ့ပေမယ့် Android အတွက် Beta Version ကို Early Access အနေနဲ့သာ ပေးထားပြီး လက်ရှိမှာ ကန့်သတ်အရေအတွက် ကျော်လွန်သွားပြီဖြစ်တာကြောင့် ဒေါင်းလုတ်ပြုလုပ်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ကစားချင်သူတွေအနေနဲ့ Play Store မှာ Pre-register ပြုလုပ်နိုင်အောင်ထားရှိပေးထားတာကြောင့် သိပ်မကြာခင်မှာ Official ထွက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


2. FORZA STREET

Forza Street ဆိုတာ Microsoft လက်အောက်က Turn 10 Studios ရဲ့ Racing Game Series ဖြစ်တဲ့ Forza Series ထဲမှာအသစ်ပါဝင်လာတဲ့ Racing Game ပဲဖြစ်ပါတယ်။


Forza Series ကို Xbox နဲ့ Windows တို့မှာဖြန့်ချိခဲ့ပြီး အခုတစ်ခါမှာတော့ ပထမဦးဆုံး Forza ဂိမ်းဖြစ်တဲ့ Forza Street ကို မိုဘိုင်းအတွက် ဖြန့်ချိတော့မှာပဲဖြစ်ပါတယ်။ ဒီဂိမ်းကို Windows 10 အသုံးပြုထားတဲ့ PC တွေမှာ ဆော့ကစားလို့ရနေပြီဖြစ်ပြီး မိုဘိုင်းအတွက်ကတော့ ဒီနှစ်ထဲမှာပဲထွက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။


3. APEX LEGENDS

Respawn Entertainment နဲ့ EA တို့ရဲ့ Battle Royale ဂိမ်း Apex Legends ကိုတော့ အထူးတလည်မိတ်ဆက်ပေးနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ လက်ရှိမှာ လူကြိုက်အများဆုံး Battle Royale ဂိမ်းအဖြစ် Fortnite, PUBG တို့နဲ့အတူ ထိပ်ဆုံးမှာရပ်တည်နေပြီး သူ့ပြိုင်ဘက်ဂိမ်းတွေလိုပဲ မိုဘိုင်းပလက်ဖောင်းပေါ်မှာ ဖြန့်ချိတော့မှာဖြစ်တယ်လို့ မကြာသေးခင်ကမှ ကြေညာသွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ Q4 ကာလမှာမှ မိုဘိုင်းပေါ် ရောက်လာနိုင်မှာပါ။


4. DAUNTLESS

PC, PlayStation 4, Xbox One နဲ့ Nintendo Switch တို့မှာထွက်ရှိထားတဲ့ Dauntless ဟာလည်း မိုဘိုင်းပေါ်ကိုရောက်ရှိလာတော့မှာဖြစ်ကြောင်း ဂိမ်းဖန်တီးသူတွေက ဆိုပါတယ်။


Action, RPG, Co-op ဂိမ်းအမျိုးအစားဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့စုပေါင်းပြီး Boss Fight တွေချချင်တယ်ဆိုတဲ့သူအတွက်တော့ ရွေးချယ်စရာဂိမ်းကောင်းတစ်ခုပါ။ ဒီဂိမ်းမှာ Monster တွေကိုလိုက်လံနှိမ်နင်းရမှာဖြစ်ပြီး တစ်ဦးတည်းကစားနိုင်သလို အများနဲ့လည်းကစားနိုင်မှာဖြစ်ပါတယ်။


ဒီဂိမ်းဟာ PC နဲ့ Console မှာကတည်းက free to play ဂိမ်းဖြစ်တာကြောင့် မိုဘိုင်းထွက်ရှိလာတဲ့အခါမှာလည်း အလကားကစားနိုင်ဖို့က သေချာသလောက်ရှိပါတယ်။ မိုဘိုင်းဗားရှင်းအတွက်တော့ ရေးဆွဲနေဆဲဖြစ်ပြီး ထွက်ရှိမယ့်ရက်ကို အတိအကျမသိရသေးပေမယ့် ဒီနှစ်ထဲထွက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


5. DIABLO IMMORTAL

Blizzard ရဲ့နာမည်ကျော် Diablo Series ထဲကဂိမ်းတစ်ခုဖြစ်တဲ့ Diablo Immortal ကို မိုဘိုင်းအတွက်ထုတ်ပေးမယ့်အကြောင်းကို Blizzard Entertainment ဘက်က ၂၀၁၈ ခုနစ်ကတည်းက ကြေညာထားခဲ့တာပါ။


Diablo II နဲ့ III အကြားမှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဂိမ်းဟာ ပရိသတ်အခိုင်အမာလည်းရှိထားသလို လူတော်တော်များများလည်း စောင့်မျှော်နေတဲ့ဂိမ်းပဲဖြစ်ပါတယ်။ ထွက်ရှိမယ့်ရက်ကိုမသိရသေးပေမယ့် Play Store ပေါ်မှာ စာရင်းတင်ထားတာကို ကြည့်ခြင်းအားဖြင့် သိပ်မကြာခင်မှာထွက်ရှိလာတော့မယ်လို့ ထင်မြင်မိပါတယ်။


6. PLANTS VS. ZOMBIES 3

ကလေးဘဝကတည်းက ဂိမ်မာတွေရဲ့ရင်ထဲနေရာယူခဲ့တဲ့ Plants vs. Zombies ဂိမ်းရဲ့အဆက် Plants vs. Zombies 3 ကလည်း သိပ်မကြာခင် မိုဘိုင်းဖုန်းတွေပေါ်မှာရောက်ရှိလာတော့မှာပါ။


မနှစ်တုန်းက ဒီဂိမ်းရဲ့ pre-alpha version ကို ထုတ်ပေးခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ဘာသတင်းမှ ဆက်လက်မထုတ်ပြန်ခဲ့ပါဘူး။ ထွက်ရှိမယ့်ရက်ကိုမသိရသေးပေမယ့် ဒီဂိမ်းဟာလည်း ရှေ့ကထွက်ခဲ့တဲ့ 1 နဲ့ 2 လိုပဲ free to play ဖြစ်မယ်လို့ သိရပါတယ်။ Plants vs. Zombies နဲ့ Plants vs. Zombies 2 တို့ဟာလည်း မိုဘိုင်းဗားရှင်းအနေနဲ့ ထွက်ရှိခဲ့ပြီးပြီဖြစ်ပါတယ်။


7. LEAGUE OF LEGENDS: WILD RIFT

ကမ္ဘာ့လူကြိုက်အများဆုံး MOBA ဂိမ်း League of Legends ရဲ့ မိုဘိုင်းဗားရှင်း Wild Rift ကတော့ ၂၀၂၀ မှာ ပရိသတ်အမျှော်လင့်ဆုံး ဂိမ်းအဖြစ် ထိပ်ဆုံးကရပ်တည်နေမှာ သေချာသလောက်ပါပဲ။


Wild Rift ဟာ Champion အကောင် ၄၀ နဲ့ပွဲထွက်လာမယ်လို့ သိရပြီး Gameplay ပိုင်းကိုလည်း အခြားသော မိုဘိုင်း MOBA ဂိမ်းတွေလိုပဲ ၁၆-၁၈ မိနစ်လောက်နဲ့ပြီးပြတ်အောင်ကစားနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ အချို့သောနိုင်ငံတွေအတွက် beta version ကိုထုတ်ပေးခဲ့ပြီး official version ကိုတော့ ၂၀၂၀ ခုနှစ်ထဲမှာ တစ်ကမ္ဘာလုံးကိုဖြန့်ချိဖို့ သေချာသလောက်ရှိပါတယ်။


Wild Rift ထွက်လာခဲ့ရင်တော့ ကစားသမားအခိုင်အမာရရှိထားတဲ့ Arena of Valor, Mobile Legends: Bang Bang တို့လိုဂိမ်းတွေနဲ့ ရင်ဘောင်တန်းနိုင်မလား ကျော်တက်သွားမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ


loading...

က္က