League of Legends ဟာ Dota 2 ကိုတောင် ကျော်လွန်ပြီး ကစားသမားအများဆုံး MOBA ဂိမ်းအဖြစ် ရပ်တည်နေရာက မိုဘိုင်းနဲ့ အခြားပလက်ဖောင်း တွေကိုပါ ခြေဆန့်လာပါပြီ။

  ကမ္ဘာပေါ်မှာရှိတဲ့ MOBA ဂိမ်းအများကြီးထဲမှာမှ ကစားသမားပမာဏ အများဆုံးပိုင်ဆိုင်ထားတဲ့ League Of Legends ဟာ သူတို့ရဲ့မိုဘိုင်းဂိမ်းအကြောင်းကို တရားဝင်ထုတ်ပြန်ခဲ့တာဟာ လအတန်ငယ်ခန့်ကြာခဲ့ပါပြီ။ အခုတစ်ခါမှာတော့ Riot Games က League Of Legends မိုဘိုင်းဂိမ်းရဲ့နာမည်အပြင် Console ပလက်ဖောင်းမှာပါ ထုတ်ပေးမယ့်အကြောင်းကို ကြေညာခဲ့ပါတယ်။

         League Of Legends မိုဘိုင်းဂိမ်းရဲ့နာမည်ကို League Of Legends: Wild Rift လို့နာမည်ပေးထားပြီး ဂိမ်းရဲ့ Trailer Video ကိုလည်း တစ်ခါတည်းထုတ်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ League Of Legends: Wild Rift ကို Playstore မှာ Pre-register ပြုလုပ်နိုင်ပါပြီ။ Teaser မှာပါဝင်တဲ့အချက်အလက်တွေအရ ၂၀၂၀ မှ တရားဝင် ထုတ်ပေးမှာဖြစ်တာကြောင့် တစ်ကမ္ဘာလုံး တပြိုင်နက်ကစားရဖို့အတွက် ၂ လကျော်ခန့်တော့ အနည်းဆုံးစောင့်ရဦးမယ့်ပုံပါပဲ။




         Google Playstore မှာ Pre-register ပြုလုပ်ခွင့်မပေးသေးခင် နာရီပိုင်းလောက်က တရုတ်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့မှာ အရင်ဦးဆုံး Pre-register ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေမှာ အရင်ဦးဆုံး League Of Legends: Wild Rift ရဲ့ Alpha Version, Beta Version တွေကို အရင်ရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

League Of Legends: Wild Rift ဟာ PC Version နဲ့တော့ အလုံးစုံချွတ်စွတ်တူမှာမဟုတ်ဘဲ အနည်းငယ်ပြောင်းလဲထားတာတွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့ အနည်းငယ်ပြောင်းလဲထားတဲ့မြေပုံရယ်၊ User Interface အသစ်ရယ်နဲ့ PC Version လို အကြာကြီးကစားစရာမလိုဘဲ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်နဲ့ တစ်ပွဲအပြီး ကစားနိုင်အောင် ပြုလုပ်ပေးထားမယ့် မြန်ဆန်တဲ့ Gameplay အသစ်ရယ်တို့ပဲဖြစ်ပါတယ်။


         League Of Legends ဟာ Wild Rift ဂိမ်းတစ်ခုတည်းတင်မဟုတ်ဘဲ သူ့ရဲ့ Auto Chess ဂိမ်းဖြစ်တဲ့ Teamfight Tactics ကိုပါ Stand Alone Version အဖြစ်နဲ့ ၂၀၂၀ မှာစတင်ဖြန့်ချိသွားမှာပါ။ Teamfight Tactics ကို PC သမားတွေနဲ့ Crossplay လုပ်နိုင်မယ်လို့ဆိုပါသေးတယ်။

မိုဘိုင်းဖုန်းဂိမ်းဈေးကွက်ဟာ ဒီဘက်နှစ်မှာအဆမတန် ကြီးထွားလာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် မျက်စိကျစရာဈေးကွက်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ PC, Console ပလက်ဖောင်းတွေမှာ နာမည်ကြီးခဲ့ဂိမ်းများဟာလည်း လက်ရှိမှာမိုဘိုင်းပေါ်တွေကိုရောက်ရှိလို့နေပါပြီ။ League Of Legends: Wild Rift သာ မိုဘိုင်းပေါ်ကို တရားဝင်ရောက်လာခဲ့ရင် ရှေ့မှာနေရာအကြီးကြီးယူထားတဲ့ Mobile Legends: Bang Bang, Arena of Valor တို့လို Mobile MOBA ဂိမ်းတွေကို ကျော်တတ်နိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ



က္က