နာမည်ကျော် MOBA ဂိမ်း League Of Legends ရဲ့ မိခင်ကုမ္ပဏီ Riot Games က သူနဲ့နာမည်တူ Esports Organization တစ်ခုကို တရားစွဲဆိုခဲ့ပါတယ်။

  နာမည်ကျော် MOBA ဂိမ်း League Of Legends ရဲ့ မိခင်ကုမ္ပဏီ Riot Games က မကြာသေးခင်ကမှ သူနဲ့နာမည်တူ တက်သစ်စ Esports Organization တစ်ခုကို တရားစွဲဆိုခဲ့ပါတယ်။


Riot Squad Esports LLC ဟာ Riot Games နဲ့အတူတူဖြစ်သယောင် ထင်ယောင်ထင်မှားဖြစ်စေခဲ့ပြီး Riot Games ရဲ့အောင်မြင်ပြီးသားပုံရိပ်ကို တမင်တကာအလွဲသုံးစားပြုလုပ်တယ်လို့ ယူဆတာကြောင့် အခုလို တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။



         Riot Squad ဟာ အမေရိကန်အခြေစိုက် Esports Organization ဖြစ်ပြီး ဖွဲစည်းထားတာ သိပ်မကြာသေးတဲ့ အဖွဲ့အစည်းတစ်ခုပါ။ Esports Encyclopedia Website တစ်ခုဖြစ်တဲ့ Liquipedia မှအချက်အလက်တွေက Riot Squad ဟာ ၂၀၁၉ ခုနှစ် မတ်လ မှာစတင်ဖွဲ့စည်းခဲ့တယ်လို့ဆိုတာကြောင့် လပိုင်းခန့်သက်တမ်းသာရှိသေးတဲ့ Esports Organization ပဲဖြစ်ပါတယ်။


Riot Squad အဖွဲ့အစည်းအောက်မှာ CS:GO, Apex Legends, Fortnite, PUBG နဲ့ Rainbow Six: Siege အသင်းတွေရှိပေမယ့် သူ့ကိုတရားစွဲတဲ့ Riot Games ရဲ့ League Of Legends အသင်းတော့မရှိပါဘူး။ Riot Games ကတော့ Riot Squad ကို CS:GO အသင်းကနေ စတင်သတိထားမိကာ အခုလို တရားစွဲဆိုတဲ့အခြေအနေအထိ ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။


         Riot Squad အတွက်တော့ အခုလိုတရားစွဲခံရတာဟာ မတရားဘူးလို့ထင်ရပေမယ့် Riot Games ဘက်ကကြည့်မယ်ဆိုရင်လည်း မှန်ကန်တယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ Riot Games ဟာ အစောကြီးကတည်းက Riot နဲ့ Riot Games ဆိုတဲ့ စကားလုံးနှစ်ခုစလုံးအတွက် မူပိုင်ခွင့်ကို မှတ်ပုံတင်ထားတာကြောင့်ပါပဲ။

Riot Squad ဟာ ဘရန်းနာမည်ကိုယူသုံးခဲ့ရုံတင်မကဘဲ Riot Games Website ကဆောင်ပုဒ်ရဲ့ နောက်ဆုံးစာသားဖြစ်တဲ့ "made by players, for players" ကိုလည်း Riot Squad က "founded by gamers, for gamers" ဆိုပြီးတော့ ဆင်တူယိုးမှားသုံးစွဲခဲ့ပါသေးတယ်။ Riot Games ကတော့ ဒီအချက်တွေကိုကြည့်ပြီး ကိုယ်ကျိုးအတွက် ဥပဒေချိုးဖောက်က တမင်အသုံးချတယ်လို့ ယူဆတာကြောင့် တရားစွဲဆိုခဲ့ပါတယ်။


         ဉာဏပစ္စည်းကို နာမည်လေးပင်ဖြစ်ပါစေ အလေးထားပြီး တရားဥပဒေတွေနဲ့ အခိုင်အမာကာကွယ်ပေးထားတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အခုလိုဖြစ်ရပ်မျိုးဟာ အံ့သြစရာတော့မဟုတ်ပါဘူး။ တရားစွဲခံရတဲ့ Riot Squad အနေနဲ့ ပြစ်မှုထင်ရှားခဲ့ပါ အနည်းဆုံးပြစ်ဒဏ်အနေနဲ့ Riot Games ကို နစ်နာကြေးပေးဆောင်ရပြီး Organization တစ်ခုလုံးရဲ့ နာမည်ပြန်ပြောင်းရဖို့ သေချာသလောက်ရှိနေပါတယ်။


Written by Myo Thant Kyaw



ဆက်စပ်အကြောင်းအရာများ



က္က