CS:GO ပရော်ရှင်နယ်ကစားသမားထဲမှာ ကမ္ဘာ့ထိပ်တန်း AWPer တစ်ယောက်ဖြစ်သူ GuardiaN ဟာ သူ့ ကစားသမားသက်တမ်းမှာ အချိန်အကြာဆုံးကစားခဲ့တဲ့ Na'Vi အသင်းကို ပြန်လည်ရောက်ရှိလို့လာပါပြီ။

        CS:GO ပရော်ရှင်နယ်ကစားသမားထဲမှာ ကမ္ဘာ့ထိပ်တန်း AWPer တစ်ယောက်ဖြစ်သူ GuardiaN ဟာ သူ့ ကစားသမားသက်တမ်းမှာ အချိန်အကြာဆုံးကစားခဲ့တဲ့ Na'Vi အသင်းကို ပြန်လည်ရောက်ရှိလို့လာပါပြီ။


GuardiaN ရဲ့နာမည်အရင်းကတော့ Ladislav Kovács ဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆလိုဗက်ကီးယား နိုင်ငံသားတစ်ဦးပါ။ CS 1.6 ဗားရှင်းကတည်းက ပရော်ဖက်ရှင်နယ် Counter Strike ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာတာဖြစ်ပြီး Counter Strike: Global Offensive ထွက်ရှိပြီး နှစ်အနည်းငယ်ကြာတဲ့အချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံး CS:GO ကစားသမားတွေထဲက တစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။



         ၂၀၁၃ ခုနှစ်မှာ GuardiaN တစ်ယောက် Virtus Pro အသင်းကနေ Na'Vi အသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။ Na'Vi မှာ လေးနှစ်တာနီးပါးကစားခဲ့ပြီး ဆုဖလားများစွာကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ သူ့ကစားသမားဘဝရဲ့ အကြီးအကျယ်စတင်အောင်မြင်တဲ့ကာလဖြစ်ပြီး Na'Vi ဆိုတာနဲ့ GuardiaN ကိုပြေးမြင်ရလောက်အောင် ဂုဏ်သတင်းကြီးမားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသင်းရဲ့စွမ်းဆောင်ရည် ကျဆင်းလာပြီး ပြိုင်ပွဲတချို့မှာ မရှုမလှ ရှုံးနိမ့်ခဲ့တာကြောင့် GuardiaN တစ်ယောက် Na'Vi ကိုစွန့်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ 


         Na'Vi ကထွက်ခွာလာပြီးနောက်မှာ သူ့ကိုစာချုပ်ချုပ်လိုက်တဲ့အသင်းက Na'Vi လို အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ FaZe Clan ပါ။ FaZe Clan ဟာ ကစားသမားတွေရဲ့တစ်ဦးချင်းစွမ်းဆောင်ရည်ရော အသင်းရဲ့စုဖွဲ့မှုအားပါ ကောင်းတဲ့အတွက် ပြိုင်ဘက်တိုင်းရှိန်ရတဲ့ အသင်းကြီးတစ်သင်းဖြစ်ပါတယ်။


ကိုယ်တိုင်ကလည်း ထိပ်တန်းကစားသမားတစ်ဦး ဖြစ်တာကြောင့် Guardian တစ်ယောက် FaZe Clan မှာ အလွယ်တကူအသားကျခဲ့ပါတယ်။ FaZe Clan နဲ့အတူ အောင်မြင်မှုမြောက်များစွာကို ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး CS:GO ကစားသမားတွေထဲကတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဘယ်အသင်းဘယ်လောက်ကောင်းပါစေ အကျဘက်ဆိုတာကတော့ရှိစမြဲပါ။

FaZe Clan အတွက်တော့ ဒီနှစ်ဟာ တော်တော်လေးခက်ခဲကြမ်းတမ်းခဲ့တဲ့ပါတယ်။ အသင်းခေါင်းဆောင်ဖြစ်သူ Karrigan ကို ကစားသမားစာရင်းကထုတ်ပယ်ပြီး အဖြေရှာခဲ့ပေမယ့် အခြေအနေကဆိုးရွားနေဆဲပါပဲ။ နောက်ဆုံးကျင်းပခဲ့တဲ့ Major ပြိုင်ပွဲမှာ အဆင့် ၁၄ နဲ့ ပြိုင်ပွဲကလှည့်ပြန်ခဲ့ရတဲ့အခါမှာတော့ FaZe Clan ဟာ အပြောင်းအလဲကြီးကြီးမားမားကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ GuardiaN တစ်ယောက် သူ့အိမ်လိုဖြစ်နေတဲ့ Na'Vi အသင်းမှာ ပြန်ကစားဖို့အကြောင်းဖန်လာခဲ့ပါတယ်။

         GuardiaN ပြန်လည်ပါဝင်လာတဲ့ လက်ရှိ Na'Vi CS:GO အသင်းရဲ့လူစာရင်းကတော့

•       flamie

•       s1mple

•       electronic

•       boombl4

•       GuardiaN      ပဲဖြစ်ပါတယ်။


         တစ်ယောက်ချင်းစီစွမ်းဆောင်ရည်မှာတော့ ပြောစရာမရှိပေမယ့် အသင်းလိုက်ဆိုရင် Na'Vi ဟာ အမြဲလိုလိုရုန်းကန်နေရပါတယ်။ GuardiaN ရောက်ပြီးတဲ့အခါမှာရော အရင်လိုရုန်းကန်ရဦးမှာလား၊ ဒါမှမဟုတ် အချိန်တိုအတွင်းမှာ ထိပ်တန်းအသင်းတစ်သင်းအဖြစ်ကို ပြန်ရောက်သွားမှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ



က္က