DreamLeague Season 13: The Leipzig Major ပြိုင်ပွဲကတော့ ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိပြီး ပြိုင်ပွဲကနေ အစောဆုံးထွက်ခွာသွားရတဲ့အသင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

DreamLeague Season 13: The Leipzig Major ပြိုင်ပွဲကတော့ ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိပြီး ပြိုင်ပွဲကနေ အစောဆုံးထွက်ခွာသွားရတဲ့အသင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Major ကနေ စောစောစီးစီးထွက်ခွာသွားရတဲ့အသင်းတွေကတော့ Pain Gaming, Chaos Esports Club, Reality Rift, Virtus.Pro တို့ဖြစ်ပြီး ထူးခြားချက်တစ်ခုကတော့ Pain Gaming, Reality Rift တို့လို အသင်းလေးတွေက နိုင်ပွဲရရှိခဲ့ပေမယ့် အတွေ့အကြုံရှိပြီးသားအသင်းတွေဖြစ်တဲ့ Chaos Esports Club နဲ့ Virtus.Pro အသင်းတို့က နိုင်ပွဲတစ်ပွဲမှ မရရှိခဲ့တာပဲဖြစ်ပါတယ်။




Quincy Crew ကစားသမားတွေပါဝင်တဲ့ Chaos Esports Club ကတော့ NA Qualifier မှာ Evil Geniuses ကိုကျော်ဖြတ်ပြီး ထိပ်ဆုံးကနေ Major ကိုတက်လာခဲ့ပေမယ့် သက်ဆိုးကြာကြာမရှည်ခဲ့ပါဘူး။ Team Secret, Vici Gaming တို့လိုအသင်းကြီးတွေနဲ့ တစ်အုပ်စုတည်းကျကတည်းက Lower Bracket ကိုရောက်တော့မယ်ဆိုတဲ့ အဖြေကပေါ်နေခဲ့ပြီဖြစ်ပေမယ့် အဖွင့်ပွဲမှာ လူမစုံတဲ့ Beastcoast ကို 0-2 နဲ့ရှုံးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့်ကိုလည်းတက်ရောက်ဖို့ အရည်အချင်းလိုအပ်သေးကြောင်း ပိုမိုပေါ်လွင်လာပါတယ်။ Lower Bracket Round 1 မှာတော့ တရုတ်အသင်း Team Aster နဲ့တွေ့ဆုံခဲ့ပြီး ရှုံးနိမ့်သွားခဲ့တာကြောင့် သူတို့ရဲ့မေဂျာခရီးလမ်းက အစောကြီးအဆုံးသတ်သွားခဲ့ပါတယ်။

တစ်ချိန်က CIS ဘီလူးကြီးဖြစ်ခဲ့တဲ့ Virtus.Pro အသင်းဟာ TI9 အလွန် ကစားသမားအပြောင်းအလဲပြုလုပ်ပြီးကတည်းက နလန်မထူနိုင်ခဲ့တာ အခုအချိန်ထိပါပဲ။ Major ကို CIS Qualifier ကနေ ပထမဦးဆုံးတက်ရောက်လာနိုင်ခဲ့ပေမယ့် အရင်လိုလက်စွမ်းမျိုးပြန်ရဖို့ ခရီးအရှည်ကြီးလျှောက်ရဦးမှာဖြစ်ကြောင်းကိုလည်း သူတို့ရဲ့ရလဒ်တွေကပြသနေပါတယ်။ Virtus.Pro ဟာ အုပ်စု C မှာ Invictus Gaming, Alliance, Reality Rift တို့အတူတူကျခဲ့တာကြောင့် အုပ်စုချောင်တယ်လို့ပြောရမှာဖြစ်ပေမယ့် အဖွင့်ပွဲစဉ်မှာ Alliance ကို 0-2 နဲ့လည်းကောင်း နောက်တစ်ပွဲမှာ စတားပလေရာတွေမပါဝင်တဲ့ Reality Rift အသင်းကို 0-2 နဲ့လည်းကောင်း ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကိုရောက်ရှိသွားခဲ့ပါတယ်။ Lower Bracket မှာလည်း Team Liquid ကိုအနိုင်ရခါနီးမှ ထပ်မံရှုံးနိမ့်သွားခဲ့တာကြောင့် Solo တို့တစ်သိုက် ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာသွားခဲ့ပါတယ်။ ဒီလိုစိတ်ပျက်ဖွယ်ရာရလဒ်တွေကြောင့် Virtus.Pro အနေနဲ့ Leipzig Major အလွန်မှာ ကစားသမားအပြောင်းအလဲတွေပြုလုပ်သွားဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီ Major ဟာ v7.23 ထွက်လာပြီးနောက်ပိုင်းမှာကျင်းပတဲ့ ပထမဦးဆုံးမေဂျာဖြစ်သလို Team Secret, Nigma စတဲ့အသင်းကြီးပြန်လည်ပါဝင်လာတဲ့ပြိုင်ပွဲဖြစ်တာကြောင့် တော်တော်လေးကိုမြိုင်ဆိုင်လှပါတယ်။ ဒီ Leipzig Major ကိုတက်ရောက်လာနိုင်ခဲ့ပေမယ့် ပြိုင်ပွဲကနေ အစောဆုံးထွက်ခွာသွားရတဲ့ Chaos Esports Club, Reality Rift, Virtus.Pro နဲ့ Pain Gaming တို့ကတော့ ဒေါ်လာ ၁၂၅၀၀ နဲ့ DPC အမှတ် ၁၀၀ တို့ကို ဆုကြေးအဖြစ်ရရှိသွားပြီပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က