OPPO Myanmar နဲ့ PUBG MOBILE တို့ ပူးပေါင်းကျင်းပတဲ့ ဒုတိယအကြိမ်မြောက် OPPO | PUBG MOBILE King of The Hill ပြိုင်ပွဲကို တနင်္ဂနွေနေ့က မြန်မာပလာဇာမှာ ကျင်းပခဲ့ပါတယ်။
Kyi Tha Maung

 OPPO Myanmar နဲ့ PUBG MOBILE တို့ ပူးပေါင်းကျင်းပတဲ့ ဒုတိယအကြိမ်မြောက် OPPO | PUBG MOBILE King of The Hill ပြိုင်ပွဲကို တနင်္ဂနွေနေ့က မြန်မာပလာဇာမှာ ကျင်းပခဲ့ပါတယ်။

         King of the Hill ပြိုင်ပွဲဆိုတာကတော့ တခြား Esports ပြိုင်ပွဲတွေလို အသင်းအဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်ရတာ မဟုတ်ဘဲ ပါဝင်လိုသူတွေက ပြိုင်ပွဲကျင်းပတဲ့နေရာကို လာရောက်စာရင်းပေးကာ တစ်ဦးချင်းစီ Solo Mode နဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ Community Challenge ပြိုင်ပွဲမျိုးဖြစ်ပါတယ်။


         ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့က မြန်မာပလာဇာရဲ့ ပရိုမိုးရှင်းဧရိယာမှာ ရန်ကုန်မြို့အတွက် ဒုတိယအကြိမ် King of The Hill ပြိုင်ပွဲကို စည်စည်ကားကားကျင်းပခဲ့ပြီး စုစုပေါင်းပွဲစဉ်ငါးပွဲ ယှဉ်ပြိုင်စေကာ တစ်ပွဲချင်းစီရဲ့ Chicken Dinner အနိုင်ရသူနဲ့ Kill အများဆုံးသူတို့ကို ဒေါ်လာတစ်ရာ ဆုကြေးငွေ ပေးအပ်ခဲ့ပါတယ်။

         PUBG MOBILE ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာမန်နေဂျာ Aman Kumar ကတော့ မြန်မာနိုင်ငံအတွင်းမှာ ပြိုင်ပွဲတွေ ကျင်းပခဲ့ပြီးနောက် အလားအလာရှိသူ အမြောက်အများကို မြင်တွေ့ခဲ့ရသဖြင့် အားရဝမ်းသာမိကြောင်းနဲ့ အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခွင့်အရေးအသစ်တွေကိုလည်း မြန်မာနိုင်ငံအတွက် ထပ်မံ ဖန်တီးပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က