နာမည်အကြီးဆုံး Dota 2 အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ Secret ရဲ့ မလေးရှားလူမျိုး Mid ကစားသမား “Midone” ရုတ်တရက်ထွက်ခွာသွားရတဲ့ အကြောင်းရင်းကို အသင်းဖော်ဟောင်း Zai က ပြောပြလာခဲ့ပါတယ်။
Kyi Tha Maung

    TI9 အလွန် Dota 2 ကစားသမားအပြောင်းအလဲကာလထဲမှာ Midone တစ်ယောက် Team Secret ကနေထွက်ခွာသွားတဲ့သတင်းဟာ လူပြောအများဆုံးသတင်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ TI9 ယှဉ်ပြိုင်ရာ စတိတ်စင်ကြီးပေါ်မှာတင် Team Secret ကစားသမားတွေအချင်းချင်းကြားက တင်းမာမှုကိုမြင်ခဲ့ရတဲ့ ပွဲကြည့်ပရိသတ်တွေကတော့ Midone ထွက်ခွာသွားရခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ပိုမိုပြီးသိချင်လာခဲ့ပါတယ်။


အဲဒီလို ပဟေဠိအဖြစ်ဆုံး လူစိတ်ဝင်စားမှုအများဆုံးမေးခွန်းတွေဖြစ်တဲ့ Midone ဘာကြောင့် Team Secret က ထွက်ခွာသွားတာလဲ၊ Matubaman ကိုရော ဘာကြောင့်ရွေးချယ်ခဲ့တာလဲ စတဲ့မေးခွန်းတွေရဲ့အဖြေတွေကို Team Secret ရဲ့ Offlaner ဖြစ်သူ Zai က DreamLeague Season 13: The Leipzig Major ရဲ့အမေးအဖြေကဏ္ဍမှာ ဖြေကြားခဲ့ပါတယ်။

         မေးမြန်းသူက Midone အသင်းမှထွက်ခွာသွားရတဲ့အကြောင်းအရင်းကို မေးခဲ့ရာမှာ Zai က "သူ(Midone) ပြောတဲ့အတိုင်း လုံးစေ့ပတ်စေ့တော့ပြောမပြတော့ဘူး.. သူပေးတဲ့အကြောင်းပြချက်တွေထဲက တစ်ခုက လွန်ခဲ့တဲ့ ၂ နှစ်လုံး Bootcamp အတွက် ပြိုင်ပွဲတွေအတွက် မွေးရပ်မြေဖြစ်တဲ့ မလေးရှားကနေ ဥရောပကို အချိန်ပြည့်အသွားအပြန်လုပ်နေရတယ်..


အဲဒါကြောင့် သူတော်တော်ကြီးကိုပင်ပန်းနေပြီ.. အချိန်အတိုင်းအတာတစ်ခုအထိ အနားယူချင်တယ်လို့ ပြောလာတယ်... ဒါပေမယ့် သူတောင်းတဲ့အချိန်က ကျွန်တော်တို့အတွက် တော်တော်ကြီးကိုများနေတယ်.. အဲဒါကြောင့် သူ့ကိုလက်လွှတ်ပြီး Matubaman နဲ့ပဲခရီးဆက်ဖို့ဆုံးဖြတ်လိုက်တာ " လို့ဖြေကြားခဲ့ပါတယ်။


ဒီပြဿနာဟာ Oversea သွားကစားရတဲ့ ကစားသမားတိုင်း အမြဲတမ်းလိုလိုကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာဖြစ်ပြီး မခံနိုင်တော့တဲ့အဆုံး Midone က ခွင့်ရက်ရှည်တောင်းခံခဲ့ပါတယ်။ တစ်ဘက်က Team Secret ဘက်ကိုကြည့်ရမယ်ဆိုရင် Midone ကို ခွင့်ရက်ရှည်ကြီးပေးလိုက်တာနဲ့ အသင်းရဲ့အဓိကကစားသမားမပါဘဲ ပြိုင်ပွဲတွေဆော့ရတော့မှာဖြစ်တာကြောင့် ရလဒ်ပိုင်းဆိုင်ရာထိခိုက်ပြီး ဆုံးရှုံးနစ်နာမှာပဲဖြစ်ပါတယ်။


အဲဒီမှာပဲ နှစ်ဦးနှစ်ဘက်အဆင်ပြေမယ့်နည်းလမ်းမတွေ့တော့တာကြောင့် ဒရာမာတွေမပါဘဲ ပရော်ဖက်ရှင်နယ်ဆန်ဆန် လမ်းခွဲခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ Midone တစ်ယောက် OG ကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလာဟလတွေပြန့်နှံ့လျက်ရှိပါတယ်။ OG ဟာလည်း Team Secret လိုပဲ ဥရောပအသင်းတစ်သင်းဖြစ်ပြီး ရေရည်မှာ အလားတူပြဿနာတွေဖြစ်လာနိုင်တာကြောင့် Midone အနေနဲ့ ဘယ်လမ်းကိုလျှောက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။


         Matubaman ကိုခေါ်ယူရတဲ့အကြောင်းနဲ့ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာတော့ Zai က "Carry အသစ်ခေါ်ဖို့စဉ်းစားတော့ Matubaman ကို ထိပ်ဆုံးကထားပြီးစဉ်းစားခဲ့တာပါ.. အဲဒီမတိုင်ခင်က Midlaner အသစ်ရှာဖို့တိုင်ပင်နေတာ.. အဲဒီမှာပဲကျွန်တော်တို့ထဲကတစ်ယောက်က Nisha ကို Mid သွားခိုင်းလို့ရတယ်လို့ ပြောလာတာနဲ့ Carry ကိုပဲခေါ်ဖို့ဆုံးဖြတ်လိုက်တာပါ.." လို့ဖြေကြားခဲ့ပါတယ်။

Nisha ဟာ အရင်ကတည်းက Midlaner တစ်ယောက်ဖြစ်ပြီး Team Secret ကိုရောက်မှ Puppey အလိုအတိုင်း Carry အဖြစ်ပြောင်းလဲကစားခဲ့တာပါ။ ဘယ် position ပဲဖြစ်ဖြစ် အဆင်ပြေပြေဆော့ကစားနိုင်တဲ့ Nisha အပြင် Liquid မှာကတည်းက Mid ရော Carry Role ကိုပါ ပူးတွဲတာဝန်ယူခဲ့တဲ့ Matubaman လို ကစားသမားမျိုးရလိုက်တာ Draft အစွမ်းပြလိုတဲ့ Puppey အတွက်ရော Team Secret အတွက်ရော အဖိုးမဖြတ်နိုင်ဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။


         Team Secret ဟာ လက်ရှိအချိန်မှာ DreamLeague Season 13: The Leipzig Major ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။ အုပ်စုအဆင့်ယှဉ်ပြိုင်မှုတွေပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး Team Secret ကတော့ အုပ်စု B ရဲ့အုပ်စုဗိုလ်အဖြစ်နဲ့ Upper Bracket ကိုတက်ရောက်လို့သွားခဲ့ပါပြီ။ Zai ကတော့ အင်တာဗျူးမှာ ဒီမေဂျာရဲ့ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုခဲ့တာကြောင့် Team Secret အနေနဲ့ ရရှိအောင်စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ


Author


က္က