OG CS:GO အသင်းက ကစားသမားတစ်ဦးဖြစ်သူ NBK- ဟာ ဩစတြေးလျတောမီးဘေးမှာ လှူဒါန်းဖို့ရည်စူးတဲ့ Charity Stream ကို ဇန်နဝါရီလ ၁၇ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး ၂ ရက်အတွင်းမှာ အလှူငွေ ယူရို ၁၁၀၀၀ (ဒေါ်လာ ၁၂၀၀၀ ခန့်) ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။

OG CS:GO အသင်းက ကစားသမားတစ်ဦးဖြစ်သူ NBK- ဟာ ဩစတြေးလျတောမီးဘေးမှာ လှူဒါန်းဖို့ရည်စူးတဲ့ Charity Stream ကို ဇန်နဝါရီလ ၁၇ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး ၂ ရက်အတွင်းမှာ အလှူငွေ ယူရို ၁၁၀၀၀ (ဒေါ်လာ ၁၂၀၀၀ ခန့်) ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။


NBK- ဟာ ဒီလှုပ်ရှားမှုကို Wildfire Warriors ဆိုတဲ့အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး Charity Stream ဆိုတဲ့အတိုင်း သူ့ Stream က ရရှိတဲ့ အလှူငွေတွေအားလုံးကို မီးဘေးအတွက်လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။ အဆိုပါ NBK- ရဲ့ Charity Stream မှာ OG ရဲ့တည်ထောင်သူတဖြစ်လဲ Dota 2 အသင်းခေါင်းဆောင်ဖြစ်သူ N0tail ကလည်း အလှူငွေ ယူရို ၃၀၀၀ (ဒေါ်လာ ၃၃၀၀ ကျော်) ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။



Wildfire Warriors ဆိုတာ ကမ္ဘာကျော်အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ်လူသိများတဲ့ Steve Irwin နဲ့ ဇနီးဖြစ်သူ Terry Irwin တို့တည်ထောင်ခဲ့တဲ့ တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်။


Nathan Schmitt (သို့မဟုတ်) NBK- ဟာ သူ့ရဲ့ Charity Stream မှာ Challenge လေးတွေနဲ့ Dontae လုပ်မယ့်သူတွေကို ဆွဲဆောင်ထားခဲ့တာပါ။ အဲဒီထဲမှာ လှူဒါန်းငွေ ယူရို ၁၀၀၀ ရောက်ရင် မျက်မှန်မတပ်ဘဲ Counter-Strike ဆော့ပြခြင်း၊ ယူရို ၂၅၀၀ ရောက်ရင် ကြည့်ရှုသူတွေစိတ်ကြိုက် မုတ်ဆိတ်မွှေးရိတ်ပေးခြင်း၊ ယူရို ၁၅၀၀၀ ကိုရောက်ရင်တော့ စိတ်ကြိုက်ဆံပင်အရောင်ဆိုးပေးခြင်း စသဖြင့်စိတ်ဝင်စားစရာ ပျော်စရာကောင်းတဲ့ Challenge တွေအများကြီးပါဝင်ပါတယ်။


NBK- က သူ့ရဲ့ Stream ကနေ အလှူငွေ ယူရို ၂၀၀၀၀ ခန့်ရှာပေးဖို့ ကြံရွယ်ထားခဲ့တာဖြစ်ပြီး ၂ ရက်ကြာ Stream အပြီးမှာတော့ ယူရို ၁၁၀၀၀ ကိုရရှိခဲ့ပါတယ်။ ယခုအချိန်မှာတော့ NBK- ဟာ သူ့ Challenge တွေအတိုင်း မုတ်ဆိတ်မွှေးကို WWE အကျော်အမော် Hulk Hogan လို ရိတ်ထားရပြီး လာမယ့်ပြိုင်ပွဲမှာလည်း ဆံပင်အတုစွပ်ကာ ဝင်ရောက်ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

 စက်တင်ဘာလကတည်းက လောင်ကျွမ်းနေခဲ့တဲ့ တောမီးဟာ ယခုအချိန်အထိ မီးငြိမ်းခြင်းမရှိသေးဘဲ မျိုးတုန်းပျောက်ကွယ်လုနီးပါး သတ္တဝါတွေအပါအဝင် တိရစ္ဆာန်ပေါင်း သန်း ၁၀၀၀ ခန့်၊ လူအယောက် ၃၀ ကျော်နဲ့ အိမ်ခြေ ၂၀၀၀ ကျော်ကို ဝါးမျိုဖျက်ဆီးခဲ့ပြီးပြီဖြစ်ပါတယ်။


ဒီတောမီးကြီးငြိမ်းသက်ရေးအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ နယ်ပယ်အသီးသီးက တက်နိုင်သလောက်ကူညီလျက်ရှိပြီး ယခုအခါမှာတော့ Esports နယ်ပယ်ထဲကလူတွေပါဝင်လာပြီဖြစ်ပါတယ်။ NBK- ပြုလုပ်ခဲ့တဲ့ Charity Stream ဟာ ပျော်စရာကောင်းခဲ့သလို မွန်မြတ်တဲ့လုပ်ရပ်တစ်ခုဖြစ်တာကြောင့် လက်ရှိအချိန်မှာ လူအများရဲ့ချီးကျူးဩဘာပေးမှုကို ခံရလျက်ရှိပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က