သိပ်မကြာသေးခင်က ကိုယ့်ကိုယ်ကိုယ် တောင်ကိုရီးယားရဲ့အကောင်းဆုံးကစားသမားလို့ ကြုံးဝါးခဲ့တဲ့ Faker ကတော့ သူလက်ရှိကစားနေတဲ့ T1 အသင်းကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာခဲ့ပါပြီ။

သိပ်မကြာသေးခင်က ကိုယ့်ကိုယ်ကိုယ် တောင်ကိုရီးယားရဲ့အကောင်းဆုံးကစားသမားလို့ ကြုံးဝါးခဲ့တဲ့ Faker ကတော့ သူလက်ရှိကစားနေတဲ့ T1 အသင်းကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာခဲ့ပါပြီ။


League of Legends သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးအသင်းလို့ဆိုရမယ့် T1 အသင်းဟာ သူတို့ရဲ့အဓိက ကစားသမားဖြစ်တဲ့ Faker နဲ့ ၃ နှစ်သက်တမ်းရှိတဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်အရ အသင်းရဲ့ပိုင်ဆိုင်မှုကို ခွဲဝေပေးခဲ့တာပဲဖြစ်ပါတယ်။



T1 အသင်းကိုပူးတွဲပိုင်ဆိုင်သူတစ်ဦးဖြစ်လာတဲ့ Faker အနေနဲ့ အခြားအသင်းတွေကိုပြောင်းရွှေ့ကစားနိုင်တော့မှာမဟုတ်ဘဲ ကစားသမားဘဝက အနားယူပြီးခဲ့ရင်တောင် T1 အသင်းနဲ့အတူ ဆက်လက်ပြီးရှိနေဦးမှာပဲဖြစ်ပါတယ်။


Faker ရဲ့အမည်အရင်းက Lee Sang-hyeok ဖြစ်ပြီး အသက် ၂၃ နှစ်သာရှိသေးတဲ့ တောင်ကိုရီးယားနိုင်ငံသား ပရော်ဖက်ရှင်နယ် LOL ကစားသမားပါ။ League of Legends ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၃ ခုနှစ်ကတည်းက SKT T1 အသင်းနဲ့အတူ ဝင်ရောက်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဒီတစ်သင်းတည်းမှာပဲကစားနေတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။


Faker ဟာ T1 အသင်းအတွက် LOL World Championship ၃ ကြိမ်၊ LCK ၈ ကြိမ်တို့အပြင် အခြားသောအောင်မြင်မှုတွေကို ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် လက်ရှိအချိန်အထိ T1 အသင်းဘက်ကလည်း လုံးဝလက်လွှတ်မခံနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် တည်ရှိနေပါတယ်။


Faker ကို အခြား League တွေဖြစ်တဲ့ တရုတ်ပြည်တွင်းလိဂ်ဖြစ်တဲ့ LPL နဲ့ မြောက်အမေရိကလိဂ် LCS တို့ကအသင်းတွေက အမျိုးမျိုးကမ်းလှမ်းခဲ့ပေမယ့် Faker ကတော့ သူ့ငယ်မွေးခြံပေါက်အသင်းကို စွန့်ခွာခဲ့ခြင်းမရှိခဲ့ပါဘူး။ သူဟာ League of Legends ပရိသတ်တွေတင်သာမကဘဲ အခြားသော Esports နယ်ပယ်ကပရိသတ်တွေကပါ အသိအမှတ်ပြုရလောက်တဲ့အထိ အောင်မြင်တဲ့ကစားသမားဖြစ်ပြီး အသင်းပြောင်းဖို့အတွက် ချက်လက်မှတ်အလွတ်နဲ့ ကမ်းလှမ်းခံရတဲ့ Esports နယ်ပယ်ထဲက ပထမဦးဆုံး ပရော်ဖက်ရှင်နယ်ကစားသမားလည်းဖြစ်ပါတယ်။

Faker ကတော့ သူ T1 အသင်းရဲ့စာချုပ်အသစ်ချုပ်ဆိုလိုက်တဲ့အပေါ်မှာ "ကျွန်တော် T1 အသင်းမှာဆက်ကစားရဦးမှာဖြစ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်.. ကစားသမားဘဝအစကတည်းက အားပေးလာခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းကပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသင်းပိုင်ရှင်တစ်ဦးဖြစ်လာရခြင်းနဲ့ပတ်သက်လို့ T1 အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့အတွက် ဂုဏ်ယူမိကြောင်း၊ ကစားသမားတစ်ဦးအနေနဲ့သာမက အသင်းအုပ်ချုပ်ရေးပိုင်းကိုပါ တာဝန်ယူသွားနိုင်ဖို့ မျှော်လင့်မိကြောင်းနဲ့ ကိုယ်ချစ်တဲ့အသင်းရဲ့ အနာဂတ်ကို ပုံဖော်တဲ့နေရာမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ



က္က