ရုရှားနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး Esports အဖွဲ့အစည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ forZe eSports ဟာ သိပ်မကြာခင်ရက်ပိုင်းကမှ Dota 2 အသင်းသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး Esports အဖွဲ့အစည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ forZe eSports ဟာ သိပ်မကြာခင်ရက်ပိုင်းကမှ Dota 2 အသင်းသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။


ဖွဲ့စည်းလိုက်တဲ့ အသင်းသစ်မှာပါဝင်တဲ့ ကစားသမား ၅ ဦးစလုံးဟာ ရုရှားနိုင်ငံသားတွေဖြစ်ပြီး CIS Region ကို ကိုယ်စားပြုယှဉ်ပြိုင်သွားမှာပါ။ Esports နယ်ပယ်ထဲမှာတော့ forZe eSports ကို သူ့ရဲ့ CS:GO အသင်းနဲ့သာ လူသိများပေမယ့် သူတို့အမှတ်တံဆိပ်အောက်မှာ FIFA20, Rainbow Six Siege အသင်းများလည်းရှိနေပြီး လက်ရှိအချိန်မှာတော့ Dota 2 အသင်းပါ ပါဝင်လာပြီပဲဖြစ်ပါတယ်။



forZe Dota 2 ဟာ အသင်းသစ်လို့သာဆိုပေမယ့် ကစားသမားအသစ်ဆိုလို့ ၂ ဦးသာ ပါဝင်ပြီး ကျန် ၃ ဦးဟာ Dota 2 ပွဲကြည့်နေကျပရိသတ်တွေ ရင်းနှီးပြီးသား အတွေ့အကြုံရင့် ပရော်ဖက်ရှင်နယ်ကစားသမားတွေပဲဖြစ်ပါတယ်။ အဲဒီ ၃ ဦးကတော့ Empire, Na'Vi, Team Spirit, Gambit တို့လိုအသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ vanskor, Rox.Kis, Virtus Pro, Team Spirit တို့မှာကစားခဲ့ဖူးတဲ့ CIS က veteran ကြီး 633 (သို့မဟုတ်) Bzz နဲ့ Na'Vi, Team Empire တို့လိုအသင်းတွေမှာ ကစားခဲ့ပြီး ပရိသတ်တွေမျက်မှန်းတန်းမိလာတဲ့ Chu တို့ပဲဖြစ်ပါတယ်။


ကျန်တဲ့ ကစားသမားအသစ်နှစ်ဦးတို့ကတော့ ၂၀၁၉ နှစ်လယ်ပိုင်းလောက်ကမှ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့တဲ့ 19teen နဲ့ Dota 2 ပရော်ဖက်ရှင်နယ်လောကထဲကို ပထမဦးဆုံးအကြိမ်အဖြစ် အခြေချလာတဲ့ Gibkiy တို့ပဲဖြစ်ပါတယ်။


ကစားသမားအပြည့်အစုံနဲ့ Position တွေကတော့ -

1. Gibkiy

2. 19teen

3. 633

4. Chu

5. Vanskor တို့ဖြစ်ပြီး 633 ကတော့ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူသွားမှာပဲဖြစ်ပါတယ်။

forZe Dota 2 အသင်းဟာ သူတို့အသင်းရဲ့ပထမဦးဆုံးပြိုင်ပွဲဖြစ်တဲ့ OMG.Bet Cup 2 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Grand Final မှာ Viking.gg အသင်းကို 3-1 ရလဒ်နဲ့အနိုင်ရရှိခဲ့ကာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဒီအသင်းမှာပါဝင်တဲ့ 19teen, 633, Chu, Vanskor တို့လေးဦးဟာဟာ Gentleman ဆိုတဲ့အသင်းမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက အတူကစားနေခဲ့တာဖြစ်ပြီး အသင်းသားအသစ်ဆိုလို့ Gibkiy တစ်ယောက်သာရှိခဲ့တာကြောင့် အခုလိုအတွဲညီညီနဲ့ ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။


forZe Dota 2 အသင်းဟာ မကြာခင်မှာ ကျင်းပတော့မယ့် တတိယမြောက် Major အတွက် Qualifier ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ forZe Dota 2 အသင်းအနေနဲ့ လက်ရှိဘုရင်မဲ့နေတဲ့ CIS Dota လောကမှာ ဘယ်အတိုင်းအတာထိ ဖြစ်မြောက်အောင်စွမ်းဆောင်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က