လက်ရှိ တရုတ်နိုင်ငံမှာဖြစ်ပေါ်လျက်ရှိတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် မကာအိုမှာကျင်းပဖို့စီစဉ်ထားတဲ့ Asia Pacific Finals ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပွဲစီစဉ်သူ World Electronic Sports Games (WESG) က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ တရုတ်နိုင်ငံမှာဖြစ်ပေါ်လျက်ရှိတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် မကာအိုမှာကျင်းပဖို့စီစဉ်ထားတဲ့ Asia Pacific Finals ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပွဲစီစဉ်သူ World Electronic Sports Games (WESG) က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။


ဝူဟန်ဗိုင်းရပ်စ်ဟာ တရုတ်ပြည်တွင်းသာာမက အိမ်နီးနီးနားချင်းနိုင်ငံတွေကိုပါ ပြန့်ပွားလျက်ရှိတာကြောင့် နိုင်ငံကူသန်းသွားလာမှုကို ထိန်းချုပ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချလိုတာကြောင့် အခုလို စတုတ္ထအကြိမ်မြောက်ကျင်းပမယ့် WESG 2019 APAC Finals ကိုဖျက်သိမ်းလိုက်တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေကဆိုပါတယ်။



ဒီပြိုင်ပွဲကို အစက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဇန်နဝါရီ ၃ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ပြိုင်ပွဲဟာ မကာအိုရောက်ရှိသွားပြီး ပြိုင်ပွဲကျင်းပရာနေ့ရက်ဟာလည်း ဖေဖော်ဝါရီလထဲကို နောက်ဆုတ်သွားခဲ့ပါတယ်။


ဒီ WESG 2019 APAC Finals မှာ Counter-Strike: Global Offensive ပြိုင်ပွဲရော Dota 2 ပြိုင်ပွဲပါ ပါဝင်ပြီး မြန်မာ Dota 2 အသင်း Team Veteran ဟာလည်း ဒီပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ တစ်သင်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပြိုင်ပွဲဖျက်သိမ်းသွားတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မယ့်အသင်းတွေအတွက်တော့ နစ်နာခဲ့တယ်လို့ဆိုရမှာပါ။


APAC Finals ရဲ့Dota 2 ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ Major ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Team Aster လိုတရုတ်ပြည်တွင်းက အင်အားကြီးအသင်းလည်း ပါဝင်ခဲ့ပြီး CS:GO ပြိုင်ပွဲမှာတော့ Virtus.Pro လို အနောက်နိုင်ငံကအသင်းကြီးတွေပါဝင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ WESG World Finals အကြို ဆော့ကစားရတဲ့ပြိုင်ပွဲဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းတွေက World Finals ကိုတက်ရောက်နိုင်မှာပဲဖြစ်တာကြောင့် ဒီပြိုင်ပွဲကို လုံးလုံးလျားလျားဖျက်သိမ်းလိုက်တာနဲ့ WESG World Finals ကိုဆက်လက်ကျင်းပဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

WESG ဘက်က လက်ရှိအချိန်မှာ ပြိုင်ပွဲကို ဘယ်တော့ပြန်လည်ကျင်းပမယ်ဆိုတာ တရားဝင်မကြေညာသေးပေမယ့် ပြန်လည်ကျင်းပပေးဖို့ကတော့ ဖြစ်နိုင်ချေတော်တော်လေးများတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။


နောက်ဆုံးရသတင်းတွေအရ ဝူဟန်ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေအပြင် လေယာဉ်ကူးသန်းသွားလာမှုရှိတဲ့ အမေရိကန်၊ ပြင်သစ်တို့လိုနိုင်ငံတွေအထိပါ ကူးစက်ပြန့်ပွားလျက်ရှိပြီး အသေအပျောက်ဟာ ၈၁ ဦးအထိ မြင့်တက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြိုင်ပွဲကို ခေတ္တဖျက်သိမ်းလိုက်တာဟာ ယှဉ်ပြိုင်ဖို့အသင့်ပြင်ထားတဲ့အသင်းတွေအတွက် အနည်းငယ်နစ်နာတယ်လို့ဆိုနိုင်ပေမယ့် တစ်ဘက်ကကြည့်ရင် ကူးစက်ရောဂါပြန့်ပွားမှုကို ဟန့်တားလိုခြင်းသာဖြစ်တာကြောင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့လည်း ဆိုရမှာဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က