ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်ခဲ့တဲ့ LoL ဂိမ်းဟာ နောက်ထပ်ဂိမ်းအမျိုးအစားအသစ်တွေ အများကြီးကို မိတ်ဆက်လာခဲ့ပါတယ်။

 ကစားသူအများဆုံး Esports တစ်ခုဖြစ်တဲ့ League Of Legends ဟာ သူတို့ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ ရှေ့ဆက်ပြီးလုပ်ဆောင်သွားမယ့် ပရောဂျက်များကိုချပြခဲ့ပါတယ်။


League Of Legends ထဲကဇာတ်ကောင်တွေကို အခြေပြုပြီး Franchise ကြီးတစ်ခု တည်ထောင်ဖို့ကြိုးစားနေတဲ့ Riot Games ရဲ့အကြံအစည်တွေဟာ ကြီးကျယ်ခမ်းနားလွန်းလှတယ်လို့ ချီးကျူးမယ်ဆိုရင် မလွန်ပါဘူး။ Riot Games က ချပြလိုက်တဲ့ ပရောဂျက်အသစ်တွေထဲမှာဘာတွေပါမလဲ တစ်ချက်ကြည့်လိုက်ကြရအောင်။




League Of Legends: Wild Rift

         ဒီတစ်ခုကိုတော့သိပြီးကြလောက်ပြီလို့ထင်မှာပါ။ League Of Legends ရဲ့ Mobile နဲ့ Console ဗားရှင်းဖြစ်တဲ့ League Of Legends: Wild Rift ကို ၂၀၂၀ ခုနှစ်မှာစတင် ဖြန့်ချိမှာဖြစ်ပြီး မိုဘိုင်းအတွက် Google Playstore မှာ Pre-register ပြုလုပ်နိုင်နေပါပြီ။ League Of Legends မှာ User Interface အသစ်၊ ၁၅-၂၀ မိနစ်အတွင်းအပြီးကစားနိုင်အောင် ပြုလုပ်ပေးထားမယ့် Gameplay အသစ်တို့ပါဝင်လာမှာပဲဖြစ်ပါတယ်။


Legends Of Runeterra

         ဒီ Legends Of Runeterra လို့အမည်ပေးထားတဲ့ ဂိမ်းကတော့ Hearthstone လို Card Game အမျိုးအစားပါ။ ဒီဂိမ်းကိုလည်း ၂၀၂၀ ခုနှစ်မှာထုတ်ပေးဖို့လျာထားပြီး Pre-registration တွေလက်ခံနေပေမယ့် လက်ရှိအချိန်မှာ တချို့က ကစားနေကြပြီး Twitch မှာလည်း Stream လျက်ရှိပါတယ်။


Project A (Tactical Shooter)


         တရားဝင်နာမည်မပေးရသေးလို့ Project A ဆိုတဲ့ Codename ပေးထားတဲ့ဒီဂိမ်းဟာ Character-based, Tactical Shooter ဂိမ်းအမျိုးအစားပဲဖြစ်ပါတယ်။

Character-based ဆိုတဲ့အတိုင်း Character တိုင်းမှာ Unique Ability တွေပါဝင်မှာဖြစ်တာကြောင့် ရှေ့မှာထွက်ရှိပြီးသား Overwatch, Paladins စတဲ့ဂိမ်းတွေကိုပြေးမြင်ကြမှာပါ။ ဒါပေမယ့် Teaser ဗီဒီယိုအရတော့ Counter Strike: Global Offensive ရဲ့ Gameplay နဲ့တော်တော်လေး အလားသဏ္ဍာန်တူနေတာကို တွေ့ရပါတယ်။ အဲဒီ Teaser ဗီဒီယိုကိုတော့ https://www.youtube.com/watch?time_continue=29&v=4iGU6PctOBg ကနေကြည့်ရှုနိုင်ပါတယ်။


Project L (Fighting Game)


         Riot Games ကတော့ League Of Legends ဇာတ်ကောင်တွေကို အခြေခံပြီး Fighting ဂိမ်းလည်းထုတ်ပါဦးမယ်တဲ့။ ဒီ League Of Legends Fighting ဂိမ်းအကြောင်းကို Evo 2019 တုန်းက အရိပ်အမြွက်ပြောကြားသွားခဲ့ပေမယ့် အခုတစ်ခါမှာတော့ တရားဝင်အတည်ပြုလိုက်ပါပြီ။ တခြားဂိမ်းတွေလိုပဲ ၂၀၂၀ မှာထွက်မယ်လို့ကြေညာထားပေမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။


League Of Legends Animated Series


         ဂိမ်းတွေတင်ထုတ်ရတာ မကျေနပ်သေးတဲ့ Roit Games က League Of Legends ရဲ့ Animated Series (ကာတွန်းဇာတ်လမ်းစီးရီး) ကိုလည်း ထုတ်သွားမှာဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ ဒီ Animated Series ရဲ့နာမည်ကို "Arcane" လို့နာမည်ပေးထားပြီး ဘယ် Streaming Service ကနေပြမယ်၊ ဘယ်နှပိုင်းရှိမယ် စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Project F


         Riot Games က နောက်ဆုံးမှာ ပရိသတ်တွေကို ပဟေဠိများစွာနဲ့ ထားခဲ့ပါတယ်။ အသစ်ထွက်မယ့်ဂိမ်းကို Project F လို့သာ အမည်ပေးထားပြီး ဘာဂိမ်းအမျိုးအစားဖြစ်မယ်ဆိုတာကိုတော့ ပြောကြားသွားခြင်းမရှိခဲ့ပါဘူး။ အများစုကတော့ MMORPG ဂိမ်းဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ဒီဘက်နှစ်တွေရောက်မှ ခေတ်စားလာတဲ့ Battle Royale ဂိမ်းအမျိုးအစားလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ ခန့်မှန်းချက်တွေသာဖြစ်တာကြောင့် အတိအကျမှန်ဖို့ မလွယ်ပါဘူး။ ဘာဂိမ်းဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ



က္က