ဗိုလ်လုပွဲကို ပထမဆုံး တက်ရောက်နိုင်တဲ့ အသင်းတွေဟာ ဘယ်တော့မှ ချန်ပီယံ မဖြစ်ခဲ့တာပါပဲ။

၁၉၅၅ ခုနှစ်က စတင်ကျင်းပလာခဲ့တဲ့ ဥရောပဖလားပြိုင်ပွဲ(ခ)ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ယနေ့တိုင် ဖျောက်ဖျက်မရသေးတဲ့ သမိုင်းကျိန်စာဆိုးတစ်ခုရှိနေပါတယ်။ အဲ့ဒီကျိန်စာဆိုးကတော့ အခြားမဟုတ် ဗိုလ်လုပွဲကို ပထမဆုံး တက်ရောက်နိုင်တဲ့ အသင်းတွေဟာ ဘယ်တော့မှ ချန်ပီယံ မဖြစ်ခဲ့တာပါပဲ။

ဗလင်စီယာ(၉၉-၀၀/၀၀-၀၁)

ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ အဖြစ် အမည်ပြောင်းလဲ စတင်ကျင်းပခဲ့တဲ့ ၉၂ခုနှစ်ကနေ စတင်ကြည့်မယ်ဆိုရင် ၉၉ နဲ့ ၂၀၀၀မှာ ဗလင်စီယာအသင်းဟာ နှစ်ကြိမ်ဆက်တိုက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတွေကို တက်လှမ်းလာခဲ့ ပါတယ်။ဒါပေမယ့် ကံဆိုးစွာပဲ နှစ်ကြိမ်စလုံး ရှုံးနိမ့်ပြီး ချန်ပီယံ ဖြစ်ခွင့်ဝေးခဲ့ကာ ယနေ့တိုင် ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းလာနိုင်ခြင်း မရှိသေးပါဘူး။

လေဗာကူဆင်(၀၁-၀၂)

ဗလင်စီယာအသင်းပြီးတော့ ၀၁-၀၂ မှာ ဂျာမန်ကိုယ်စားပြု လေဗာကူဆင်အသင်း ပထမဆုံးအကြိမ် တက်လှမ်း လာပါသေးတယ်။ လေဗာကူဆင်အသင်းဟာလည်း ထိုစဥ်က ၇ကြိမ်မြောက် ချန်ပီယံ ရီးရဲအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂-၁ဂိုးနဲ့ အရေးနိမ်ခဲ့ရပြန်ပါတယ်။

မိုနာကို(၀၃-၀၄)

၉၂ မှာ ပြင်သစ်ကလပ် မာဆေးလ်အသင်းက မီလန်ကို ၁-၀နဲ့ အနိုင်ယူပြခဲ့ပြီး ဥရောပမှာ ပြင်သစ်အသင်းတွေရဲ့ စွမ်းဆောင်ရည်ဟာလည်း မနိမ့်ကြောင်းပြသခဲ့ပြီးတဲ့နောက် ၁၁နှစ်အကြာမှ ပြင်သစ်အသင်းတစ်သင်းအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းပြလာနိုင်ခဲ့တဲ့ မိုနာကိုအသင်းဟာ အဆုံးသတ်မကောင်းခဲ့ပါဘူး။

၁၁နှစ်အတွင်း ရှားရှားပါးပါး ပြင်သစ်ကိုယ်စားပြုအဖြစ် ဗိုလ်လုပွဲကို တက်လှမ်းလာနိုင်ခဲ့သလို သူကိုယ်တိုင်က လည်း ဗိုလ်လုပွဲကို ပထမဆုံး အကြိမ် တက်လှမ်းလာနိုင်ခြင်းပါပဲ။ဒါပေမယ့် ထိုစဥ်က နာမည်ကြီးစပြုတော့မယ့် နည်းပြ မော်ရင်ဟိုက ပေါ်တိုအသင်းနဲ့ အနိုင်ယူပြခဲ့တာကြောင့် မိုနာကိုအသင်း အိပ်မက်တွေ ပြက်ပျက်ခဲ့ရပါ တယ်။

အာဆင်နယ်(၀၅-၀၆)

မိုနာကိုအသင်းပြီး တစ်နှစ်ကျော်အကြာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းလာတာက ၂၀၀၃-၀၄ ပရီးမီးယားလိဂ် ရွှေဖလားဆုရှင်ကြီး အာဆင်နယ်ပါ။အာဆင်နယ်အသင်းကလည်း ဗိုလ်လုပွဲမှာ စပိန် အင်အားကြီး ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်တွေ့ခဲ့ရပြီး တစ်ယောက်လျော့နဲ့ တစ်ဂိုးအသာ ကစားထားနိုင်ပေမယ့် ပွဲအပြီးမှာတော့ ၂-၁နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ယနေ့အချိန်ထိတိုင် အာဆင်နယ်အသင်းဟာလည်းချန်ပီယံလိဂ် ဗိုလ် လုပွဲကို ဒုတိယအကြိမ် ထပ်မံ တက်လှမ်းလာနိုင်ခြင်း မရှိသေးပါဘူး။

ချဲလ်ဆီး(၀၇-၀၈)

အာဆင်နယ်အသင်းနည်းတူ နောက်ထပ် ရင်နာရမယ့်အသင်းကတော့ လန်ဒန်ဒေသခံ ကလပ်အသင်းတစ်သင်း ဖြစ်တဲ့ ချဲလ်ဆီးအသင်းပါပဲ။ချဲလ်ဆီးအသင်းရဲ့ ပြိုင်ဖက်က မန်ယူနိုက်တက်ပါ။ဒါကြောင့် ALL ENGLISH FINAL ဖြစ်ခဲ့ပါတယ်။ယူနိုက်တက်ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွေ့အကြုံတွေရော ချန်ပီယံ အတွေ့ အကြုံတွေ ရော ရှေ့မှာ ရှိထားပေမယ့် ချဲလ်ဆီးအသင်းကတော့ ဗိုလ်လုပွဲကို ပထမဆုံး ကစားရခြင်းပါ။ ပွဲချိန်အတွင်း တစ်ဖက် တစ်ဂိုးစီ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ထိ ရောက်ခဲ့ရာမှာတော့ ချဲလ်ဆီးက အသာစီး ရခဲ့ပါ တယ်။ဒါပေမယ့် အသင်းခေါင်းဆောင် ဂျွန်တယ်ရီရဲ့ လွဲချော်မှုက ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲကို ပထမဆုံး တက်နိုင် တဲ့ အသင်းတွေ ဖလားမရတဲ့ အစဥ်အလာကို ဆက်လက်ထိန်းသိမ်းသွားသလို ဖြစ်သွားခဲ့ရတာပါ။

အေတီကို(၁၃-၁၄)

ချန်ပီယံလိဂ်လို့ အမည်မတွင်က ဥရောပဖလားပြိုင်ပွဲတုန်းက ၇၂-၇၄လောက်မှာ အေတီကိုက ဗိုလ်လုပွဲတစ်ကြိမ် တက်ဖူးပါသေးတယ်။အဲ့တုန်းကလည်း ဘိုင်ယန်ကို ၄-၀နဲ့ ရှုံးခဲ့ပါတယ်။ ချန်ပီယံလိဂ်လို့ အမည်ပြောင်းလဲပြီးချိန် ကစတင်ပြီးတော့မူ ၁၃-၁၄မှာ ပထမဆုံး ပြန်တက်လာပါတယ်။ မြို့ခံ ပြိုင်ဖက် ရီးရဲအသင်းကို မရှုမလှ ထပ်မံ ရှုံးခဲ့ ပြန်ပါတယ်။မိနစ် ၉၀အထိ အနိုင်ရနေပြီးမှ နာကျင်အချိန်ပို ချေပဂိုးနဲ့ အချိန်ပို ပေးဂိုးတွေက အသဲကို ခွဲပြီး ဆားနဲ့ ပတ်ခံခဲ့ရတာပါ။

စပါး၊ပီအက်စ်ဂျီ၊မန်စီးတီး(၁၈/၁၉/၂၀)

ဒီ သုံးသင်းကို တပေါင်းတည်း ဖော်ပြရတာကတော့ အခြားမဟုတ်ပါဘူး နောက်ဆုံး ၃နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အသင်းသစ် ၃သင်း တက်လှမ်းလာခဲ့လို့ပါ။ ဒါပေမယ့်လည်း ဒီသုံးသင်းစလုံးဟာ ချန်ပီယံလိဂ်ရဲ့ ကျိန် စာဆိုးကို မချေဖျက်ပြနိုင်ခဲ့ပဲ အသီးသီး ရှုံးပွဲကိုယ်စီ ရင်ဆိုင်ခဲ့ရကာ ဆုဖလားနဲ့ ဝေးကွာခဲ့ကြရပါတယ်။ စပါးက လီဗာပူးကို ၂-၀နဲ့လည်းကောင်း ပီအက်စ်ဂျီက ဘိုင်ယန်ကို ၁-၀နဲ့လည်းကောင်း မန်စီးတီးက ချဲလ်ဆီးကို ၁-၀နဲ့ လည်းကောင်း အသီးသီး ရှုံးကြတာပါ။

လာမယ့်နှစ်ဘောလုံးရာသီမှာလည်း ဘယ်လို ထိပ်တန်းအသင်းတစ်သင်းက ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဇာတ်ခုံပေါ်ကို တက်လှမ်းပြလာပြီး ကျိန်စာဆိုးကို ချေဖျက်ပြမလား ကျိန်စာဆိုးဒဏ် ဆက်လက် ခံရဦးမလား ဆိုတာကတော့ စိတ်လှုပ်ရှားဖွယ် ရာသီသစ်ကို စောင့်မျှော်ကြည့်ရှုရဦးမှာပါပဲ။



က္က