ဒီကန်သွင်းဟန်ကို Il cucchiaio (the spoon) လို့ အီတလီမှာခေါ်ဝေါ်ပြီး ဘရာဇီးမှာတော့ cavadinha ("little dig")၊ အာဂျင်တီးနားမှာ penal picado ("poked penalty kick") လို့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။

Panenka ဆိုတဲ့ စကားလုံးကို ဘောလုံးပရိသတ်တိုင်း ရင်းနှီးကျွမ်းဝင်ကြမှာပါ။

ပင်နယ်တီကန်သွင်းရာမှာ အသုံးပြုနေကြတဲ့ ကန်သွင်းနည်းစနစ်တမျိုးဖြစ်ပြီး အခုဆိုရင် ကစားသမားတော်တော်များများက ဒီလိုကန်သွင်းတာမျိုးကို လုပ်နေကြပါတယ်။ ဒီလိုကန်သွင်းရာမှာ နာမည်ကျော်တဲ့ ကစားသမားတွေအဖြစ် ရီးရဲလ်နောက်ခံလူရာမို့စ်၊ နာမည်ကျော်အီတလီကွင်းလယ်လူဟောင်း ပီယာလို၊ ပြင်သစ်အကျော်အမော်ဟောင်းကြီး ဇီဒန်းတို့က ထင်ရှားပါတယ်။ ဒါပေမယ့်လည်း ဒီလိုကန်သွင်းခဲ့မှုဟာ မထင်မရှားကစားသမားတစ်ဦးကနေ စတင်ခဲ့တယ်ဆိုတာကတော့ အံ့အားသင့်

စရာပါပဲ။ 

ချက်ဘောလုံးသမားတစ်ဦးအစပြုခဲ့တဲ့ Panenka

ချက်လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်တဲ့ ပယ်နယ်ကာက ဒီလိုကန်သွင်းမှုမျိုးကို စတင်ပြီးတော့ လုပ်ပြခဲ့တာပါ။ သြစတြီးယားကလပ် ရက်ပစ်ဝီအန်အသင်းမှာ ကစားခဲ့တဲ့ သူက ဘောလုံးးလောာကမှာ ထင်ရှားမှုမရှိခဲ့ပေမယ့်လည်း ဒီကန်သွင်းဟန်ကြောင့် ကမ္ဘာကျော်လာခဲ့ပါတယ်။ အန်တိုနင်ပယ်နယ်ကာဟာ ချက်လက်ရွေးစင်အသင်းအတွက် ၅၉ ပွဲကစားပေးခဲ့ပြီး ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ကွင်းလယ်တိုက်စစ်သမားတစ်ဦးအဖြစ် ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့သူပါ။ မော်ဒန်ဘောလုံးလောကမှာ နာမည်ကြီးလာတဲ့ Panenka ကန်သွင်းမှုကို သူက ယူရို ၇၆ ရဲ့ ဗိုလ်လုပွဲအဖြစ် အနောက်ဂျာမနီနဲ့

ကစားခဲ့တဲ့ ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။


တစ်ဖက်နှစ်ဂိုးစီသရေကျလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ပယ်နယ်ကာက နောက်ဆုံးပင်နယ်တီကို ကန်သွင်းယူခဲ့တာဖြစ်ပြီး Panenka ကန်သွင်းချက်လို့ နာမည်ကြီးလာမယ့် ဘောလုံးကိုအသာလေးခုတ်တင်ပြီး သွင်းယူတဲ့ကန်သွင်းချက်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အနောက်ဂျာမနီဂိုးသမားကြီး Sepp Maier  ဟာ ထူးခြားဆန်းပြားတဲ့ ကန်သွင်းချက်ကို မတားဆီးနိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပြီး ချက်အသင်းလည်း ယူရို ၇၆ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဒီကန်သွင်းဟန်ကို  Il cucchiaio (the spoon) လို့ အီတလီမှာခေါ်ဝေါ်ပြီး ဘရာဇီးမှာတော့ cavadinha ("little dig")၊ အာဂျင်တီးနားမှာ penal picado ("poked penalty kick") လို့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ 

ဘယ်လိုကန်တာလဲ

ဒီကန်သွင်းတဲ့နည်းစနစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဂိုးသမားအပေါ်ကနေ ကျော်သွင်းတာပါပဲ။ ဘောလုံးကို ဘယ်လိုထောင့်ဘက်ကို ကန်သွင်းမလဲဆိုတာကို မျှော်လင့်နေမယ့်အစား ဂိုးသမားတွေဟာ ပြိုင်ဘက်အသင်းရဲ့ ဟန်ပန်နဲ့ စိတ်ထဲမှာခံစားမိတဲ့အပေါ် မူတည်ပြီး ထောင့်တဖက်ဖက်ကို ဒိုင်ဗင်ထိုးဖမ်းယူလေ့ရှိပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူပြီး ဂိုးသမားဒိုင်ဗင်ထိုးနေချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကနေ ကျော်ပြီး ဂိုးထဲသွင်းယူဖို့အတွက် ဒီနည်းစနစ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ တော်တော်လေးတော့ စွန့်စားရတဲ့ ကန်သွင်းမှုဖြစ်ပြီး ဘောလုံးကို ထိချက်မှန်မှန်၊ အသာအယာလေးနဲ့ ချိန်သားကိုက်သွင်းယူရတာဖြစ်ပါတယ်။ ဒီလိုမျိုး အရဲစွန့်ကန်သွင်းရတာဖြစ်လို့လည်း မကြာခဏဆိုသလို မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ လွဲချော်ခဲ့သူတွေလည်း အများကြီးပါ။ 

Panenka ကန်သွင်းနည်းနဲ့ ကမ္ဘာကျော်များ

ဒီလိုကန်သွင်းလေ့ရှိတဲ့ ကစားသမားဆိုရင်တာ့ ပင်နယ်တီကာကွယ်မယ့် ဂိုးသမားဟာ ဒိုင်ဗင်ပစ်တာမျိုးမလုပ်ဘဲ မတ်တပ်ရပ်ကာ စောင့်ဆိုင်းပြီး အလွယ်တကူပဲ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ ဘောလုံးထိချက်မှန်ကန်မှု၊ ပြိုင်ဘက်ဂိုးသမားမရိပ်မိလောက်မယ့် ကိုယ်နေဟန်ထားတွေကို ပြင်ဆင်ရမှုတွေကြောင့် အမြင်ရိုးရှင်းပေမယ့် တကယ်ကန်သွင်းဖို့ ခက်ခဲတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ ဒီကန်သွင်းမှုကို စတင်ခဲ့တဲ့ ပယ်နယ်ကာကိုယ်တိုင်ကလည်း တကယ်လို့ သူသာလွဲချော်ခဲ့မယ်ဆိုရင် ကိုယ့်ကိုကိုယ််အပြစ်ပေးဖို့အတွက်ပါ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဗိုလ်လုပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ၁၉၇၆ က စတင်လာခဲ့တဲ့ Panenka ကန်သွင်းဟန်က အခုဆိုရင်တော့ ဘောလုံးလောကမှာ ရေပန်းစားလာခဲ့ပြီဖြစ်ပါတယ်။ 


ယူရို ၂၀၀၀ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တော့တီ၊ ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဇီဒန်း၊ ၂၀၁၀ ကွာတားဖိုင်နယ်မှာ ဆီဘက်စတီယန်အက်ရူ၊ ယူရို ၂၀၁၂ ကွာတားဖိုင်နယ်မှာ ပီယာလိုတို့ သွင်းယူခဲ့မှုတွေ ကျော်ကြားခဲ့ပါတယ်။ ဒီလိုကန်သွင်းမှုတွေပြုလုပ်ခဲ့တဲ့ နောက်ထပ်နာမည်ကျော်ကစားသမားတွေအဖြစ် ပိုစတီဂါ၊ ဂျွန်စတုန်းစ်၊ ဒီပိုင်း၊ ဒီအော့၊ ချက်ထရီ နဲ့ အာဖရိကကစားသမားတွေ ရှိနေခဲ့ကြပါတယ်။


 သွင်းယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့သူတွေထဲမှာ နေမာ၊ ဗန်ပါစီ၊ စီရော်နယ်ဒို၊ ကာဆာနို၊ ပါတို၊ အဂူရိုတို့လို နာမည်ကျော်တွေ ပါဝင်တာကို ကြည့်မယ်ဆိုရင် ခက်ခဲတဲ့ကန်သွင်းမှုဆိုတာကို လက်ခံကြပါလိမ့်မယ်။ ဒီကန်သွင်းမှုမှာ ကျွမ်းကျင်သူတွေလို့ ပရိသတ်တွေ သတ်မှတ်ခဲ့တဲ့ ဇီဒန်း၊ ပီယာလိုတို့ အနားယူခဲ့ပေမယ့်လည်း နောက်ထပ်မျိုးဆက်တွေထဲမှာ ကန်သွင်းယူဖို့ ရဲရင့်မယ့် ကစားသမားတွေရှိနေဦးမှာ သေချာပါတယ်။ ဘယ်သူတွေဖြစ်လာမလဲဆိုတာကတော့...။





က္က