လူကာကူ နဲ့ ရော်နယ်ဒိုတို့က ဒီနေ့ညမှာ ရင်ဆိုင်ရတော့မှာပါ။

လာဇီယိုဗဟိုနောက်ခံလူဟာ စီးရီးအေမှာ အဆိုပါတိုက်စစ်မှူးနှစ်ဦးစလုံးနဲ့ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြိး ယူရိုမှာလည်း ဘယ်လ်ဂျီယံ ဒါမှမဟုတ် ပေါ်တူဂီတို့နဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ 


အီတလီနောက်ခံလူအဆာဘီက လူကာကူဟာ ရော်နယ်ဒိုထက်တောင်မှ ပိုပြီးတော့ လူကပ်ကစားရခက်တဲ့ကစားသမားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လာဇီယိုဗဟိုနောက်ခံလူဟာ စီးရီးအေမှာ အဆိုပါတိုက်စစ်မှူးနှစ်ဦးစလုံးနဲ့ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြိး ယူရိုမှာလည်း ဘယ်လ်ဂျီယံ ဒါမှမဟုတ် ပေါ်တူဂီတို့နဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ 

အီတလီကတေ့ာ သြစတြီးယားကို ၂-၁ နဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် လူကာကူနဲ့ ရင်ဆိုင်ရမလား၊ ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရမလားဆိုတာကို စောင့်နေရတာဖြစ်ပြီး အဆာဘီကတော့ Football Italia နဲ့ တွေ့ဆုံမှုမှာ လူကာကူက ပိုပြီးတော့ ထိန်းချုပ်ရခက်တဲ့အကြောင်းကို အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ 


"လူကာကူက ပိုခက်ခဲနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက ပြီးပြည့်စုံတဲ့ကစားသမားပါ၊ ရော်နယ်ဒိုကလညး် အဲဒီလိုကစားသမားပါပဲ၊ သူက အမြဲတမ်းဂိုးသွင်းနေတဲ့သူ၊ ဗဟိုတိုက်စစ်မှူးအနေနဲ့ဆိုရင်တော့ လူကာကူက ပိုပြီးတော့ လူကပ်ကစားရတာခက်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကာယပိုင်းပိုကြီးမားပြီး ပါ၀ါသုံးကစားနိုင်တဲ့ တိုက်စစ်မှူးဖြစ်နေလို့ပါ၊ ရော်နယ်ဒိုကတော့ classic ဆန်ပါတယ်၊ ဒါပေမယ့် သူ့ကို ကပ်ကစားရတာက လူကာကူထက် လွယ်တယ်" လို့ အဆာဘီက ဆိုပါတယ်။ 

လူကာကူကတော့ ယူရိုမှာ ၃ ဂိုးအထိ သွင်းယူထားပြီး ရော်နယ်ဒိုက ၅ ဂိုးအထိ သွင်းယူထားကာ ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင်ဖြစ်နေပါတယ်။ ဒီနေ့ညမှာ ပြိုင်ဘက်တွေအဖြစ် သူတို့နှစ်ဦးရင်ဆိုင်ရတော့မှာဖြစ်ပြီး ဘယ်သူက အသာစီးရယူနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး အဆိုပါပွဲမတိုင်ခင်မှာတော့ လူကာကူက ရော်နယ်ဒိုကို ချီးကျူးစကားပြောဆိုမှုတွေ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ 



က္က