ပေါ်တူဂီအသင်းနှင့်အတူ ၁၀၉ဂိုးထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာသွင်းဂိုးအများဆုံးသွင်းထားတဲ့ အီရန်တိုက်စစ်မှူး အလီဒါယီရဲ့ ၁၀၉ဂိုးစံချိန်ကို လိုက်မီသွားပြီ ဖြစ်လို့ ရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့ နောက်ထပ် တစ်ဂိုးသာ ထပ်သွင်းနိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံအသင်းအတွက် ဂိုး အများဆုံး သွင်းပေးနိုင်တဲ့ ကစားသမား ဖြစ်လာတော့မှာပါ။

ပေါ်တူဂီအသင်းရဲ့ အသက် ၃၆နှစ်အရွယ် တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ ယနေ့ည(တနင်္လာနံနက် ၁နာရီခွဲ) မှာ ကစားမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဥ်မှာ တစ်ဂိုးသွင်းယူနိုင်တာနဲ့ ကမ္ဘာ့စံချိန် သစ်တစ်ခုကို တင်ရှိသွားနိုင်တော့မှာပါ။


India.comသတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၁၀၉ဂိုးအထိ သွင်းယူနိုင်ထားပြီ ဖြစ်ပြီး ဒါဟာ အီရန်တိုက်စစ်မှူးကြီး အလီဒါယီရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခု ကစားထားခဲ့တဲ့ ယူရိုပြိုင်ပွဲ အုပ်စု ပွဲစဥ် ၃ပွဲမှာ ရော်နယ်ဒိုဟာ ၅ဂိုးထိ သွင်းယူထားနိုင်ပြီး လက်ရှိပြိုင်ပွဲရဲ့ ဂိုး သွင်းအများဆုံး ကစားသမားအဖြစ်လည်း ဦးဆောင်နေနိုင်ပါတယ်။

အသက်အရွယ်ကြီးရင့်လာသည့်တိုင် ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းထားနိုင်ပြီး သူ့ရဲ့စံချိန်ကိုပါ ကျော်ဖြတ်ပြနိုင် လုဆဲဆဲ ဖြစ်နေတဲ့ ရော်နယ်ဒိုကိုတော့ အလီဒါယီကိုယ်တိုင်က ချီးကျူးစကားဆိုထာားပါတယ်။

“ပထမဆုံးအနေနဲ့ သူ့ကို ဂုဏ်ပြုချင်ပါတယ်။ ရော်နယ်ဒိုအတွက်လည်း အခုလို အနေအထားထိရောက်ရှိလာနိုင် လို့ သူ့ကိုယ်စား ဂုဏ်ယူပါတယ်။”လို့ အလီဒါယီက ဂုဏ်ပြုပြောလာပါတယ်။

အလီဒါယီကတော့ အီရန်အသင်းနှင့်အတူ နိုင်ငံတကာသွင်းဂိုး ၁၀၉ဂိုးရခဲ့နိုင်ဖို့အတွက် ပွဲပေါင်း ၁၄၉ပွဲသာ ကစား ခဲ့ရပေမယ့် ရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းနှင့်အတူ ဂိုးပေါင်း ၁၀၉ဂိုးရဖို့အတွက် အလီဒါယီထက် ၂၉ပွဲ ပို ကစားခဲ့ရတာတော့ ရှိပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုဟာ အင်စတာဂရမ်ကနေတဆင့် သူ့ကို ဂုဏ်ပြုချီးကျူးထားတဲ့ အလီဒါယီကို - “ စစ် မှန်တဲ့ ချန်ပီယံတစ်ယောက်ဟာ အမြဲတမ်း ချန်ပီယံပါပဲ။ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ထူးဆီက အခုလို ဂုဏ်ပြု စကား ကြားရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူမိပါတယ်။ကျေးဇူးပါအလီ”လို့ ရော်နယ်ဒိုကလည်း စာလွှာပါးလိုက်ပါသေး တယ်။

မည်သို့ပင်ဆိုစေကာမူ ရော်နယ်ဒိုဟာ သူ့ရဲ့ ကိုယ်ပိုင် စံချိန်တွေထက် အသင်းလိုက် အောင်မြင်မှုကိုသာ အမြဲတမ်း ဦးစားပေးလေ့ရှိတယ်ဆိုတာ ၂၀၁၆ ယူရိုက သက်သေဖြစ်နေပါလိမ့်မယ်။

အသင်းလိုက် အောင်မြင်မှုကို ကြိုးစားရင်း တစ်ဦးချင်း အောင်မြင်မှုတွေ ကပ်လိုက်လာနေတဲ့ ရော်နယ်ဒိုဟာ လက်ရှိ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာလည်း ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ဦးဆောင်နေဆဲပါ။



က္က