အဓိက ကစားသမားအချို့ ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာ ဖြစ်နေတာပါ။

လက်ရှိ ကမ္ဘာ့ချန်ပီယံအသင်းတစ်သင်းအတွက် ၁၆သင်းအဆင့်ဆိုတာ ထွက်ဖို့ စောနေတဲ့ အနေအထားမှာ အဓိက ကစားသမားအချို့ ဒဏ်ရာကြောင့် လက်လွှတ်ထားရလို့လည်း နည်းပြ ဒက်စ်ချမ့်အတွက် အနည်းငယ် ဖိအား အောက်ရောက်နေစေတာ ဖြစ်ပါတယ်။

ပြင်သစ်ကစားသမားတွေကို ယနေ့ည(အင်္ဂါနံနက် တစ်နာရီခွဲ)မှာ ကစားရမယ့် ဆွစ်ဇာလန်နဲ့ပွဲမှာ အမြင့်ဆုံး စွမ်း ဆောင်ရည်အောင် လျော့ကျ မကစားမိစေဖို့နဲ့ ပြင်းပြင်းထန်ထန် ကစားဖို့ နည်းပြ ဒက်စ်ချမ့်က မှာကြားထားတယ် လို့သိရပါတယ်။


အကြောင်းကတော့ ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ကစားခဲ့ရတဲ့ အုပ်စု နောက်ဆုံး ပွဲစဥ်မှာ နောက်ခံလူ နှစ်ဦး ဒဏ်ရာ ရထားလို့ လာမယ့် ဆွစ်ဇာလန်နဲ့ပွဲမှာ ဒက်စ်ချမ့်အနေနဲ့ ကစားသမားအပြောင်းအလဲ ပြုလုပ်ရဖို့ ရှိနေတယ်လို့ ပြင် သစ်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အမှန်တကယ်မှာလည်း ဒက်စ်ချမ့်အနေနဲ့ နောက်ခံလူ အပြောင်းအလဲ ပြုလုပ်ရဖို့ရှိနေသလို ကစားကွက်ကိုပါ ပြောင်းလဲ ပြင်ဆင်လာရဖို့ ရှိနေတာပါ။

“နောက်ဆုံးအချိန်အထိ အပြုံးမပျက်ပဲ အစွမ်းကုန် ရေကုန်ရေခမ်း ကစားပြီး ဆွစ်ဇာလန်ကို ရင်ဆိုင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ဒါက ရှုံးထွက်ပါ အုပ်စုတွင်းမဟုတ်ပါဘူး။တဖက် အသင်းအနေနဲ့လည်း အကောင်းဆုံး တည်ဆောက်မှု ရှိနေချိန်မှာ မိမိတို့အနေနဲ့လည်း ကမ္ဘာ့ချန်ပီယံပီပီ တုံ့ပြန်ကစားပြနိုင်ဖို့ လိုအပ်ပါတယ်။”လို့ နည်းပြ ဒက်စ်ချမ့်က ပွဲကြို ပြောလာပါတယ်။

ဒက်စ်ချမ့်အနေနဲ့ ကစားသမားဘဝမှာတုန်းကလည်း ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားရော ဥရောပဖလားပါ ဆွတ်ခူးဖူးသလို နည်းပြ အဖြစ်နဲ့လည်း ပြင်သစ်အသင်းနှင့်ပင် ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားသူ ဖြစ်ပါတယ်။

ဒါကြောင့် ယခု ယူရိုပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်ခဲ့ပါက နည်းပြအဖြစ်နဲ့ရော ကစားသမားအဖြစ်နဲ့ပါ ကမ္ဘာ့ဖလားရော၊ ဥရောပ ဖလားရော ဆွတ်ခူးဖူးတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်လာတော့မှာပါ။

လက်ရှိမှာတော့ နည်းပြ ဒက်စ်ချမ့်အနေနဲ့ အားထားရတဲ့ ရဲဘော်တချို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီး လူးကပ်စ်ဒစ်ဂ်နဲ၊ဟာနန်ဒက်စ်တို့ ကြံ့ခိုင်မှုအကောင်းဆုံးဖြစ်ဖို့ မသေချာနေချိန်မှာ တိုက်စစ်မှူး ဒမ်ဘီလီကတော့ ပွဲတစ်ခုလုံးစာ လက်လွှတ်ထားရပါပြီ။

နောက်ထပ် သူရမ်နဲ့လီမာတို့ကလည်း အသေးစား ဒဏ်ရာကိုယ်စီ ရှိနေလို့ ကျန်ကစားသမားတွေနဲ့ နည်းပြ ဒက်စ်ချမ့် ဘယ်လို စခန်းသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က