လုပ်ခ လစာ အနည်းဆုံး နည်းပြတစ်ဦးရဲ့ တစ်လဝင်ငွေဟာ မြန်မာငွေ သိန်း ၈ထောင် နဲ့ ညီမျှနေတာကိုလည်း လက်ရှိ ငွေစျေးအရ တွက်ချက် သိရှိနိုင်ပါတယ်။

ကစားသမားတွေလောက် နည်းပြတွေက မရပေမယ့်လည်း နည်းပြတွေ ရနေတဲ့ ပမာဏဟာလည်း ကစားသမား တွေ နီးနီးလောက်ကိုရှိပါတယ်။



လက်ရှိ ကမ္ဘာကျော် ကလပ်အသင်းနည်းပြတွေ မြင့်မားတဲ့ လုပ်ခလစာတွေ ရနေကြသလို နိုင်ငံ့ လက်ရွေးစင်အ သင်း နည်းပြတွေဟာလည်း အလားတူ ရနေကြပါတယ်။

ယခု ကျင်းပလျက်ရှိတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ နိုင်ငံအသင်းတွေရဲ့ နည်းပြတစ်ဦးချင်းစီရဲ့ လုပ်ခ နှုန်းထားတွေကို sportingfreeရဲ့ စစ်တမ်းအရ ဖော်ပြပေးပါမယ်။

အရင်ဆုံး လုပ်ခလစာ အနည်းဆုံး နည်းပြကနေ စတင်ပြောပြချင်ပါတယ်။ ယခု ပြိုင်ပွဲဝင် နိုင်ငံအသင်းတွေထဲမှာ လုပ်ခ အနည်းဆုံးရတဲ့ နည်းပြတွေ ကတော့ ဖင်လန်၊ ဆလိုဗားကီးယားနဲ့ ဟန်ဂေရီအသင်း နည်းပြတွေ ဖြစ်ပြီး တစ်လဝင်ငွေ ပေါင် ၃သိန်းခွဲသာရနေကြတာပါ။

ဒီပမာဏဟာလည်း မြန်မာငွေနဲ့ တွက်လိုက်မယ်ဆိုရင် သိန်း ၈ထောင်လောက်နဲ့ ညီမျှနေတာကို လက်ရှိ ငွေ စျေး ပေါက်စျေးအရ တိုင်းတာနိုင်ပါတယ်။

ယနေ့ညမှာ ယှဥ်ပြိုင်ကစားကြမယ့် ပြင်သစ်နဲ့ ဆွစ်ဇာလန်အသင်းရဲ့ နည်းပြတွေရဲ့ လစာဝင်ငွေကတော့ မြင့်မား တဲ့ နေရာတစ်ခုမှာ ရှိနေတာ တွေ့ရပါတယ်။

ဆွစ်ဇာလန် နည်းပြ ပတ်စ်ကိုဗစ်ဟာဆိုရင် ပေါင် ၁.၅သန်း ရနေပြီး ပြင်သစ်အသင်းရဲ့ နည်းပြကြီး ဒက်စ်ချမ့်က တော့ ပေါင် ၄သန်းအထိ မြင့်မားစွာ ရနေတာပါ။

ဒီပမာဏဟာ လက်ရှိ ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ဒုတိယမြောက် ကြေးအမြင့်ဆုံး နည်းပြလို့ ဆိုနိုင်ပြီး ကြေး အမြင့်ဆုံး ရရှိနေတဲ့ နည်းပြကတော့ ဂျာမနီနည်းပြကြီး ဂျိုအာချင်လိုပဲ ဖြစ်ပါတယ်။

သူဟာ ပေါင် ၄.၇၅သန်း အထိ အမြင့်မားဆုံး ရနေတာြဖစ်လို့ ယူရိုပြိုင်ပွဲဝင်အသင်းတွေရဲ့ နည်းပြတွေထဲမှာ လုပ်ခ လစာ အမြင့်မားဆုံး နည်းပြအဖြစ် ရှိနေတာပါ။

ဂျိုအာချင်လိုရဲ့ ဂျာမနီအသင်းကတော့ ၁၆သင်းအဆင့်မှာ လုပ်ခပေါင် ၃.၂၅သန်း ရနေတဲ့ နည်းပြ ဆောက်ဂိတ် တာဝန်ယူထားတဲ့ အင်္ဂလန်အသင်းနဲ့ တွေ့ဆုံ ကစားရဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က