ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ပါပြီ။

အသင်းနှင့်အတူ ပွဲပေါင်း ၁၄၈ပွဲ ကစားပေးအပြီး ပွဲအများဆုံး ကစားပေးထားနိုင်သူ ဖြစ်လာခဲ့ပါပြီ။

ဘိုလီဗီးယားကို ၄-၁နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အာဂျင်တီးနား အသင်းခေါင်းဆောက် မက်ဆီအနေနဲ့ စံချိန်သစ်တစ်ခု တင်ရှိနိုင်ခဲ့ပါတယ်။

အသက် ၃၄နှစ်အရွယ်မက်ဆီဟာ နိုင်ငံအသင်းအတွက် စုစုပေါင်း ပွဲပေါင်း ၁၄၈ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ပြီ ဖြစ်ပြီး အနားယူသွားခဲ့တဲ့ မာရှေယာနိုရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

ဒါဟာ အာဂျင်တီးနားအသင်းအတွက် ပွဲအများဆုံး ကစားပေးထားနိုင်တဲ့ စံချိန်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီအနေနဲ့ ယခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ၃ဂိုးအထိ သွင်းယူပေးထားနိုင်ပြီဖြစ်ပြီး လက်ရှိ မှာတော့ ကွာတားဖိုင်နယ်ကို တက်လှမ်းထားနိုင်ပါပြီ။

ကွာတားဖိုင်နယ်အဆင့်မှာတော့ တစ်ဖက်အုပ်စုမှာ အဆင့် ၄နဲ့ တက်လာတဲ့ အီကွေဒေါအသင်းနဲ့ ကစားရမှာ ဖြစ် ပါတယ်။

အခြားသော ကွာတားဖိုင်နယ်ပွဲစဥ်တွေအဖြစ် ဥရုဂွေး - ကိုလံဘီယာ၊ဘရာဇီး - ချီလီ၊ ပါရာဂွေး - ပီရူး ပွဲစဥ်တွေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က