ဗုဒ္ဓဟူးနေ့အထိ လေ့ကျင့်ခန်း မလုပ်နိုင်ဘူးလို့သိရပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ယနေ့ည(စနေနံနက် ၁နာရီခွဲ)မှာ အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ်ပွဲစဥ် အဖြစ် ယှဥ်ပြိုင် ကစားရတော့မှာပါ။

ပေါ်တူဂီအသင်းကို ၁-၀နဲ့ အနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့် ရှုံးထွက်အပြီး ဘယ်လ်ဂျီယံအသင်းဟာ အဓိက ကစားသမား အချို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

အဆိုပါ ကစားသမားတွေကတော့ တောင်ပံ ကစားသမား ဒီဘရိုင်းနဲ့ အဓိက ကစားသမားတစ်ဦးလို့ ဆိုရမယ့် အီဒင် ဟာဇက်တို့ ဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ပေါ်တူဂီကို အနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့် ပွဲမှာ ဒုတိယပိုင်း အစောပိုင်းမိနစ်မှာပဲ ခြေကျင်းဝတ်ဒဏ်ရာ ကြောင့် လူစားလဲခဲ့ရသလို အသင်းခေါင်းဆောင် ဟာဇက်ကလည်း တံကောက်ကြောဒဏ်ရာကို ပွဲချိန် နှောင်းပိုင်း မှာ ရခဲ့တာပါ။

ဗုဒ္ဓဟူးနေ့အထိ ဒီနှစ်ယောက်စလုံးဟာ အသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိခဲ့ပဲ ဆရာဝန်တွေက အနီးကပ် ကုသမှု ပေးနေရတယ်လို့လည်း သိရပါသေးတယ်။

ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီးတော့မူ -“ ဘယ်သူ့ကိုမှ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု ပြည့်ဝနေတယ် လို့ ကျွန်တော် မဆိုလိုနိုင်ပါဘူး။ဒါပေမယ့် သူတို့ အားလုံးကို ကြံ့ခိုင်မှု အကောင်းဆုံး ဖြစ်သထက် ဖြစ်လာအောင် တော့ ကျွန်တော် အမြဲတမ်း အစွမ်းကုန် ကြိုးစားနေမှာပါ။”လို့ နည်းပြ မာတီနက်ဇ်က ဆိုပါတယ်။

ဒီကစားသမားတွေရဲ့ အခြေအနေကို နောက်ဆုံးအချိန်ထိ စောင့်ကြည့်နေရဆဲ ဖြစ်ပေမယ့်လည်း ပါဝင်လာနိုင်ဖို့ တော့ များနေပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ယခုပြိုင်ပွဲမှာ ကျန်နေတဲ့ ထိပ်တန်းအသင်း ၈သင်းအနက် ဗိုလ်စွဲရန် ရေပန်းစားမှု ထိပ် ပိုင်းမှာ ရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ယခု တွေ့ဆုံနေတဲ့ အီတလီအသင်းကို ကျော်ဖြတ်နိုင်ခဲ့ပါက ချန်ပီယံဖြစ်ဖို့ ပိုမိုနီးစပ်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီပွဲစဥ်ကိုတော့ ယနေ့ည(စနေနံနက် ၁နာရီခွဲ)မှာ ကျင်းပသွားမှာ ဖြစ်ပြီး ၁၀ နာရီခွဲမှာတော့ ဆွစ်ဇာလန်အသင်းနဲ့ စပိန် အသင်းတို့ ယှဥ်ပြိုင်ကစားကြမှာပါ။

ဒီပွဲစဥ်နှစ်ပွဲက အနိုင်ရ အသင်း နှစ်သင်းဟာ ဆီမီးဖိုင်နယ် ပွဲစဥ်အဖြစ် ယှဥ်ပြိုင် ကစားကြရမှာလည်း ဖြစ်ပါတယ်။



က္က