ယနေ့ည(စနေနံနက် ၁နာရီခွဲ)မှာ ယှဥ်ပြိုင် ကစားကြမှာပါ။

တိုက်စစ် အားသန် နှစ်သင်းရဲ့ တွေ့ဆုံမှုက သွင်းဂိုး ဘယ်လောက်များများ မြင်တွေ့နိုင်မလဲဆိုတာ စိတ်ဝင် တစား စောင့်ကြည့်သွားရတော့မှာပါ။

ယနေ့ည(စနေနံနက် ၁နာရီခွဲ)မှာတော့ ဘယ်လ်ဂျီယံအသင်းနဲ့ အီတလီအသင်းတို့ဟာ ယူရို ၂၀၂၀ ကွာတားဖိုင် နယ် ပွဲစဥ်အဖြစ် ယှဥ်ပြိုင် ကစားကြတော့မှာပါ။



ဒီနှစ်သင်းဟာ လက်ရှိ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ၂သင်းလည်း ဖြစ်နေတာက ဒီပွဲစဥ်ကို အထူး စိတ်ဝင် စားစေတာ အမှန်ပါ။

ဘယ်လ်ဂျီယံက ရွှေရောင် မျိုးဆက်နှင့်အတူ လက်ရှိ ကမ္ဘာ့အဆင့် တစ် နေရာမှာ ရပ်တည်နေသလို အီတလီအ သင်းကလည်း ၂၀၀၆ ကမ္ဘာ့ချန်ပီယံ ပီပီ စုဖွဲ့မှုကြောင်းကောင်းနဲ့ ယူရို သမိုင်း မရိုင်း ခဲ့တဲ့ အသင်းကောင်း တစ်သင်းပါ။

ဒါ့အပြင် လက်ရှိ နည်းပြကြီး မန်ချီနီရဲ့ အီတလီအသင်းဟာ ၃၁ပွဲ ရှုံးပွဲမရှိစံချိန်နှင့်အတူ ၁၆သင်းအဆင့်မှာလည်း အချိန်ပိုသွင်းဂိုးတွေနဲ့ သြစတြီးယားကို အနိုင်ယူထားနိုင်ပါတယ်။

လက်ရှိ အချိန်မှာလည်း နှစ်သင်း ခြေစွမ်းကို ချိန်ထိုးကြည့်မယ်ဆိုရင် အီတလီက အုပ်စုတွင်း ပေးဂိုးမရှိ နိုင်ပွဲပြည့် ရာနှုန်းပြည့်ရမှတ်နဲ့ ၁၆သင်းအဆင့်ကို တက်လှမ်းလာသလို ဘယ်လ်ဂျီယံကလည်း အလားတူ နိုင်ပွဲပြည့်စံနှုန်း‌ တွေနဲ့ တက်လှမ်းလာတာပါ။

ဒါကြောင့် ဒီပွဲမှာ ဘယ်သူ ရှုံးပြီး ဘယ်သူ နိုင်မလဲ၊ဘယ်သူက သူရဲကောင်းဖြစ်ပြီး ဘယ်သူက ဗီလိန် ဖြစ်သွားမလဲ စတဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာပါ။

ဒဏ်ရာရ ပွဲပယ် အခြေအနေ

----------------------

ကီဗင်ဒီဘရိုင်းနဲ့ အီဒင်ဟာဇက်တို့ နှစ်ဦးဟာ ဘယ်လ်ဂျီယံအသင်းရဲ့ အသက်သွေးကြောလို့တောင် ဆိုရမယ့် ရွှေ ရောင်မျိုးဆက် ဦးဆောင်သူတွေပါ။အခု ဒီနှစ်ဦးစလုံး ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ၁၆သင်းအဆင့် ပွဲတုန်းက ရထားတဲ့ ဒဏ်ရာတွေကြောင့် ယနေ့ပွဲမှာ ပါဝင်လာမလားဆိုတာ လူစာရင်း ထွက်မှသာ စိတ်အေးရမလား စိတ်ပူရမလား ပြောနိုင်ပါမယ်။ နောက်ဆုံးရသတင်းတွေအရ ဗုဒ္ဓဟူးနေ့အထိ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ကြဘူးလို့ လည်း သိရပါသေးတယ်။

သူတို့ နှစ်ဦး မပါဝင်နိုင်ဘူးဆိုရင်တော့ သူတို့နေရာမှာ ယန်းနစ် ကာရက်စ်ကိုနဲ့ဒရိုင်းစ်မာတင်တို့က ဖြည့်စွက်က စားပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီနှစ်ဦးရဲ့ အရည်အသွေးပိုင်းကိုလည်း မေးခွန်းထုတ်စရာ မရှိဘူးဆိုပေမယ့် ပထမလူနှစ်ယောက်လောက်တော့ အီတလီကို တူညီတဲ့ ကြောက်စိတ်ပေးစွမ်းနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။

အီတလီမှာတော့ အဓိကနောက်ခံလူ ချီလီနီဟာ ဆွစ်ဇာလန်နဲ့ပွဲကတည်းက ထမ်းစင်နဲ့ ထုတ်ခံခဲ့ရတာ ရှိပေမယ့် လေ့ကျင့်ခန်း ပြန်လုပ်နေနိုင်ပြီလို့ ဆိုပါတယ်။

ကစားကွက် အခင်းအကျင်း

-------------------

၃၁ပွဲ ရှုံးပွဲမရှိ စံချိန်ကို မန်ချီနီက ၄-၃-၃ ကစားကွက်နဲ့ ကျော်ဖြတ်ပြခဲ့တာပါ။ဒါကြောင့် ဘယ်လ်ဂျီယံနဲ့ ပွဲမှာလည်း ဒီကစားကွက်နဲ့ပဲ ခင်းကျင်းလာမလား ဘယ်လို နည်းဗျူဟာ အသစ်တွေကို မြင်တွေ့ရနိုင်မလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဂျော်ဂျင်ဟိုကို ကွင်းလယ်အနောက်မှာထားပြီး တစ်ဖက်အသင်းရဲ့ ကစားရှိန်ကို ထိန်းဖို့ တာဝန် ပေးထားသလို လိုကာတယ်လီကလည်း ဗာရက်တီရဲ့ ရှေ့မှာ အထောင်အနေနဲ့ ကစားနေပါတယ်။

တိုက်စစ်မှာဆိုရင်လည်း အစ်ဇစ်ဂ်နီနဲ့ဘာရက်ဒ်ဒီတို့နှစ်ဦးက အင်မိုဘီလီကို ဝန်းရံပြီး ကစားနေကြတာပါ။

ဘယ်လ်ဂျီယံရဲ့ ပုံမှန်ကစားကွက်က ၃-၄-၃ပါ။ကွင်းလယ်မှာ တောင်ပံ ကစားသမားတွေနဲ့ တိုက်စစ်နဲ့ ခံစစ်ကို ချိန် ညှိပြီး ကစားနေတာ ဖြစ်လို့ မြန်နှုန်းမြင့်ကစားသမားတွေဆိုတာ ပြောစရာမလိုပါ။ ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ပွဲမှာ ဆိုရင် ဗာတွန်ဂန်၊အန်ဒါဝီရဲလ်နဲ့ ဗာမေးလန်းတို့က နောက်တန်းမှာ အထိုင်ကစားပြီး တိုင်းလ်မန်း၊ဝစ်ဇယ်၊ဟာဇက် နဲ့ ဒီဘရိုင်းတို့က ကွင်းလယ်ကို တာဝန်ယူပေးထားတာပါ။

တိုက်စစ်ကိုတော့ လူကာကူ ဦးဆောင်ပြီး သော်ဂန်ဟာဇက်နဲ့ သောမတ်စ်မူနီယာတို့က တိုက်စစ်ကို ဝန်းရံတဲ့ အကွက်နဲ့ ကစားနေခဲ့တာပါ။

အဓိက အားပြိုင်မှု

--------------------

ယနေ့ညမှာ ဒီဘရိုင်းနဲ့ ဟာဇက် မပါဝင်နိုင်တာမျိုး(သို့)ဒဏ်ရာကြောင့် ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့မယ်ဆို ရင် လူကာကူ အတော်လေး ဂိုးသွင်းခြေမှန်မှ ဖြစ်ပါလိမ့်မယ်။ အင်တာမီလန်မှာ ပြသနေတဲ့ ခြေစွမ်းမျိုးက ဘယ် လောက်ကောင်းနေမလဲဆိုတာကိုလည်း အီတလီသားတွေက လူကာကူ အကြောင်း ကောင်းကောင်း သိနေကြ မှာပါ။

အထူးသဖြင့် အီတလီ နောက်ခံလူတွေ ဖြစ်တဲ့ ချီလီနီနဲ့ ဘိုနော့ဗ်ချီတို့ နှစ်ဦးက ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ နောက်ခံလူ တွေ ဖြစ်သလို ဥာဏ်နဲ့သုံးပြီး ဘောလုံးကစားသူတွေ ဖြစ်လို့ လူကာကူ ခန္ဓာကိုယ် အားကိုးကစားနေလို့တော့ ပီပီ ပြင်ပြင် ထိရောက်နိုင်မယ် မထင်။

အောင်မြင်မှု

--------------

၂၀၀၀ခုနှစ်နောက်ပိုင်းပဲ ကြည့်မယ်ဆိုရင် ဘယ်လ်ဂျီယံဟာ ၂၀၁၆တုန်းက ကွာတားအထိ တက်ရောက်ထားနိုင် တာက အမြင့်ဆုံး‌အောင်မြင်မှုပါပဲ။ယူရိုသမိုင်းမှာ ဘယ်လ်ဂျီ ယခုထက် ပိုတဲ့ အနေအထားတစ်ခုကို တက်လှမ်း ပြနိုင်ဖို့ဆိုရင် ဒီနေ့ပွဲ နိုင်ဖို့ လိုနေပါတယ်။ကမ္ဘာ့အဆင့် ၁ဟာ လောက်လောက်လားလား အောင်မြင်မှု မပြနိုင် သေးဘူးဆိုရင် အချည်းအနှီးလို့သာ ပြောရမှာပါ။

အီတလီကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ၂၀၀၀ခုနှစ်က စပြီး ၂၀၁၆အထိ ဗိုလ်လုပွဲ နှစ်ကြိမ်တက်ဖူးပြီး နှစ်ကြိမ် စလုံး အရေးနိမ့်ထားပါတယ်။ ကျန်တာက ကွာတားပြုတ်နဲ့ အုပ်စုပြုတ်ပါ။ဒါတွေကို ထောက်ချင့်ခြင်းဖြင့် အီတလီ က ဘယ်လ်ဂျီယံထက် ပြိုင်ပွဲအတွေ့အကြုံ ပိုရင့်ကျက်တယ်လို့ ပြောလို့ရပေမယ့် ထူးထူးခြားခြားကြီးတော့ မဟုတ်တာ တွေ့ရပါတယ်။



က္က