အီတလီနိုင်ငံ ရိုးမမှာ ကျင်းပသွားမှာပါ။

ယူကရိန်းကို ရှုံးခဲ့ရင် ဂျာမနီကို အနိုင်ရတာဟာ စိတ်ကျေနပ်စရာ ဖြစ်စရာ အကြောင်း တစ်ခုမှ ရှိမလာနိုင်တော့ ဘူးလို့လည်း ဆောက်ဂိတ်က သုံးသပ်ပြောလာပါသေးတယ်။

နာမည်ကြီး အင်္ဂလန်အသင်းဟာ ယနေ့ည(တနင်္ဂနွေနံနက် ၁နာရီခွဲ)မှာတော့ ယူကရိန်းအသင်းနဲ့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ် ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားရပါတော့မယ်။



ယူရိုရဲ့ ယခုနှစ် သတ်မှတ်ထားချက်အရ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းကြီးမှာ အဆုံး သတ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ပြီဆိုရင် ဝင်ဘလေကွင်းမှာ ကစားရမှာ ဖြစ်လို့ မိမိ အိမ်ကွင်းမှာ ပြန်လည် ကစားရမယ့် အားသာချက်တစ်ခု ရှိနေတာပါ။

ပြီးခဲ့တဲ့ ၁၆သင်းအဆင့် ဂျာမနီနဲ့ ကစားရတုန်းကလည်း ဝင်ဘလေမှာ ကစားခဲ့ရပြီး အင်္ဂလန်က ဂျာမနီကို အနိုင် ရခဲ့တာပါ။

“ကွာတားဖိုင်နယ်အဆင့်ကို ဝင်ဘလေမှာ ဆက်မကစားရတာက ကျွန်တော်တို့အတွက် အားသာချက်တစ်ခု ဖြစ် ပါတယ်။ ဂျာမနီကို အနိုင်ရခဲ့တုန်းက ပုံစံကောင်းမျိုး ရဖို့တော့ ခက်ခဲပါလိမ့်မယ်၊ဒါကြောင့် မတူညီတဲ့ ချဥ်းကပ် မှုမျိုးနဲ့ ယူကရိန်းကို ရင်ဆိုင်ရမှာပါ။ ရိုးမမှာ မတူညီတဲ့ ပတ်ဝန်းကျင်၊မတူညီတဲ့ စိန်ခေါ်မှုတွေက ကျွန်တော်တို့ အတွက် အကောင်းဆုံး ဖြစ်လာမှာပါ။”လို့ အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ထုတ်ဖော်ပြောလာပါတယ်။

ထူးခြားချက်အနေနဲ့ အင်္ဂလန်အသင်းဟာ ယခုနှစ် ပြိုင်ပွဲမှာ အုပ်စုတွင်း ပွဲစဥ်တွေကို အိမ်ရှင်အဖြစ် ဝင်ဘလေမှာ ကျင်းပခွင့်ရခဲ့ပြီး ၁၆သင်းအဆင့်ကိုလည်း ဝင်ဘလေမှာသာဆက်လက်ကစားခွင့်ရခဲ့လို့ ယခု ကွာတားဖိုင်နယ် ပွဲစဥ်ဟာ အင်္ဂလန်ရဲ့ ၅ပွဲမြောက် ယူရို ပြိုင်ပွဲဖြစ်ပြီး ပထမဆုံး အဝေးကွင်းပွဲလည်း ဖြစ်လာမှာပါ။

ဒါ့အပြင် ဆီမီးဖိုင်နယ်၊ဗိုလ်လုပွဲအဆင့်တွေကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်လည်း အင်္ဂလန်ဟာ ဝင်ဘလေမှာသာ ကစားခွင့်ရအုံးမှာ ဖြစ်လို့ ယခုနှစ် ယူရို ပြိုင်ပွဲဟာ အင်္ဂလန်အတွက်တော့ သူ့နိုင်ငံ တစ်နိုင်ငံတည်းမှာ ကျင်းပ သည့် အလား ထင်မှား စရာ ပင် ဖြစ်နေပါလိမ့်မယ်။


ဆက်စပ်အကြောင်းအရာများ



က္က