၅ဂိုးသွင်း တစ်ဂိုးဖန်တီးပေးထားနိုင်ပါတယ်။

ပြိုင်ပွဲက ထွက်ခွာသွားရပြီ ဖြစ်ပေမယ့် ပြိုင်ဖက် အခြေအနေတွေအရ ရော်နယ်ဒိုသာလျှင် ရွှေဖိနပ်ဆုအတွက် ရေပန်းစားနေတာ ဖြစ်ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိ ကျင်းပနေတဲ့ ဥရောပဖလား ပြိုင်ပွဲမှာ သွင်းဂိုး ၅ဂိုးအထိ ရရှိအောင် စွမ်း‌ဆောင်ထားနိုင်ပါတယ်။



ပေါ်တူဂီအသင်းဟာ ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ ပြိုင်ပွဲက ဆီမီးဖိုင်နယ် အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် သွင်းဂိုး ၅ဂိုးနှင့် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေသေးတဲ့ ရော်နယ်ဒိုဟာ ရွှေဖိနပ်ဆုကို ပိုင်ဆိုင် ရဖို့ များနေတာပါ။

ရော်နယ်ဒိုဟာ ဟန်‌ဂေရီအသင်းဖက်ကို ၂ဂိုး၊ပြင်သစ်အသင်းဖက်ကို ၂ဂိုးနဲ့ ဂျာမနီအသင်းဖက်ကို ၁ဂိုး ပေါင်း ၅ဂိုး သွင်းယူခဲ့တာပါ။

ရော်နယ်ဒိုနည်းတူ ချက် တိုက်စစ်မှူး ပတ်ထရစ်ရှစ်ဟာလည်း သွင်းဂိုး ၅ဂိုးတူညီနေပေမယ့် ရွှေဖိနပ်ဆုကို ရွေး ချယ်တဲ့အခါ ဂိုးတူနေရင် ဖန်တီးပေးမှုအရေအတွက်နဲ့ တိုက်စစ်တာပါ။

ဒီအခါမှာ ရော်နယ်ဒိုက ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ထားနိုင်ပြီး ပတ်ထရစ်ရှစ်ကတော့ သွင်းဂိုးသီးသန့်သာ သွင်း ယူထားနိုင်လို့ ရော်နယ်ဒိုက ဦးဆောင်နေရခြင်းဖြစ်ပါတယ်။

ဒီအခြေအနေမှာ လူကာကူ၊ဘန်ဇီးမားနဲ့ဖော့စ်ဘတ်ဂျ်တို့ကလည်း ၄ဂိုးစီ သွင်းထားကြပေမယ့် သူတို့ အကုန်လုံး ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရပြီ ဖြစ်လို့ မျှော်လင့်လို့ မရနိုင်တော့ပါဘူး။

ဒါပေမယ့် ၃ဂိုးစီ သွင်းထားနိုင်သလို ပြိုင်ပွဲမှာလည်း ဆက်လက်ရှိနေသေးသူတွေကတော့ အင်္ဂလန် ကစားသမား တွေဖြစ်ကြတဲ့ ကိန်း၊စတားလင်းနဲ့ ဒိန်းမတ်တိုက်စစ်မှူး ကတ်စပါဒေါ့လ်ဘတ်ဂျ်တို့ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေတွေအရ ရော်နယ်ဒိုဟာ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေဆဲ ဖြစ်ပြီး ယခင် တစ်ဦးချင်း ဆုပေါင်းများစွာ ပိုင်ဆိုင်ဖူးပေမယ့် ယခု ဆုသာ ရရှိပါက ပထမဆုံး ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုကို ရရှိမှာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က