နောက်တစ်ပတ်ဆိုရင် ၃၂နှစ်ထဲကို ဝင်ပါပြီ။

တစ်ပတ်လုပ်ခ ၆သိန်းလောက်ရနေတဲ့ အလုပ်ကနေထွက်ပြီး နိုင်ငံအတွက် ပေးဆပ်ဖို့သာ ရည်ရွယ်လာတာက တော့ အင်မတန်မှ လေးစားဖို့ ကောင်းတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားမှာပါဝင်ယှဥ်ပြိုင်သွားဖို့ ရည်ရွယ်ထားပေမယ့်လည်း လက်ရှိ ရီးရဲမက်ဒရစ်အသင်းနဲ့ ချုပ်ဆို ထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးရင် ကလပ်အသင်း ကစားသမားဘဝက အနားယူဖို့ ရှိတယ်လို့ ဂါရတ်ဘေးလ် က ထုတ်ဖော်ပြောလာတဲ့အကြောင်း Daily Mailက ဖော်ပြလာပါတယ်။

ပုံမှန်ဆိုရင် ကစားသမားတွေဟာာ ကလပ်အသင်းမှာ ပိုမိုပြီးတော့ ပရော်ဖက်ရှင်နယ် ကျကျ ကစားနိုင်စေဖို့ အတွက် နိုင်ငံ လက်ရွေးစင် ကစားသမားအဖြစ်ကနေသာ ကနဦး အနားယူကြတာ များပါတယ်။

ဘေးလ်ကတော့ အဲ့ဒီလိုမဟုတ်ပဲ ၂၀၂၂ ကမ္ဘာ့ဖလားကို နိုင်ငံအသင်းနှင့်အတူ ပါဝင်ကစားနိုင်ဖို့သာ အဓိက ဦး တည်ထားပြီး တစ်ပတ်လုပ်ခ ပေါင် ၆သိန်းလောက်ရနေတဲ့ ကလပ်အသင်းနဲ့ လက်တွဲဖြုတ်ပြီး နိုင်ငံအသင်း အတွက်သာ အာရုံစိုက်ဖို့ ရည်စူးလာတာပါ။

ဒီလို အကြောင်းတရား တိုက်ဆိုက်ဖို့ ဆိုရင်တော့ ဝေးလ်အသင်းဟာလည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ခြေစစ်ပွဲအောင်ဖို့ လိုနေပြီး အောင်မြင်ခဲ့မယ်ဆိုရင် ဘေးလ်ဟာလည်း သူ့ကတိကို တည်ပြီး ကလပ် ကစားသမား အဖြစ်ကနေ အနားယူဖို့ ပိုမို ယုံကြည်ချက် ရှိလာစေမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘေးလ်ရဲ့ ဝေးလ်ဟာ ခြေစစ်ပွဲ အုပ်စု အဖွင့် ၂ပွဲကစားအပြီး ၃မှတ်ရရှိထားကာ အုပ်စုပွဲ အပြီးမှာ ခြေစစ်ပွဲအောင်ဖို့ဆိုရင် အနည်းဆုံး အုပ်စုဗိုလ်(သို့)ဒုတိယဆိုရင် ဒုတိယအဆင့် ပလေးအော့ဖ် ကစားရ မှသာ ဖြစ်မှာပါ။

ယခု ကျင်းပလျက်ရှိတဲ့ ယူရိုပြိုင်ပွဲကနေ ဝေးလ်အသင်းဟာ စောစီးစွာ ထွက်ခွာခဲ့ရလို့လည်း အသက် ၃၂နှစ် အရွယ် ဘေးလ်အတွက် ဒါဟာ နိုင်ငံအတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်လာတော့မယ်လို့ အများက ထင်နေကြတဲ့ အချိန်မှာ ဘေးလ်ရဲ့ ဆုံးဖြတ်ချက်က အနည်းငယ်တော့ ရှုပ်ထွေးစေခဲ့တာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဘေးလ်ဟာ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦးပီသ သလို နိုင်ငံချစ်စိတ်ပြင်းထန်ပြီး နိုင်ငံနှင့်အတူ အောင်မြင်မှုဂုဏ်ကို ပိုမို မက်မောတဲ့ နိုင်ငံကြီးသား တစ်ယောက်ဆိုတာကတော့ လေးစားစွာပဲ လက်ခံရမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က