အိုလံပစ်ပွဲ ဆင်နွှဲခွင့် ဆုံးရှုံးလိုက်ရပါပြီ။

ဆာလာာကတော့ လီဗာပူးကြောင့် အိုလံပစ်ပွဲ ဆင်နွှဲခွင့် လွဲချော်ရပါတော့မယ်။

မိုဟာမက်ဆာလာဟာ အီဂျစ်လက်ရွေးစင်အသင်းနှင့်အတူ တိုကျို အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲခွင့် ဆုံးရှုံး ခဲ့ရပါပြီ။

ပြိုင်ပွဲဟာ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲအဖြစ် ကျင်းပရမှာ ဖြစ်ပေမယ့်လည်း ကိုဗစ်ပျံ့နှံ့မှုကြောင့် ၂၀၂၁ခုနှစ်ကို နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့တာပါ။

ဒီအခြေအနေမှာ ပြိုင်ပွဲဟာ အင်္ဂလန်ပရီးမီးယားလိဂ် မကျင်းပခင် တစ်ပတ်အလိုလောက်မှ ပြီးမယ့် အနေအထား ရှိနေလို့ လီဗာပူးအသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ကစားမား ဆာလာကို နိုင်ငံ အသင်း အတွက် စေလွှတ်ပေးခြင်း မရှိလာခဲ့ပါဘူး။

နိုင်ငံအသင်းက ခေါ်ရင် ကလပ်အသင်းက ပေးရစမြဲ ဖြစ်ပေမယ့်လည်း ဒါဟာ ဖီဖာ လက်အောက်ခံ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာသာ အကြုံးဝင်တာ ဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲဟာ သက်တမ်းလိုက်ပြိုင်ပွဲတစ်ခုသာ ဖြစ်လို့ လီဗာပူး အသင်းက မစေလွှတ်ခွင့်ရှိနေတာပါ။

“ကျွန်တော် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပါတယ်၊ဒါပေမယ့် လီဗာပူးကတော့ ဘယ်လိုမှ မစေလွှတ်ပေးခဲ့ပါဘူး၊ ဆာလာ ကိုယ်တိုင်ကလည်း အိုလံပစ်ဂိမ်းကို ပါဝင်ချင်ပါတယ်။ ဒါ့အပြင်သူကိုယ်တိုင်က အဓိက ကစား သမားဖြစ်နေလေတော့ ကလပ်အသင်းရဲ့ ငြင်းဆိုမှုက အင်မတန်မှ အထိနာစေပါတယ်။”လို့ အီဂျစ်အသင်း နည်းပြက ဆိုပါတယ်။

ပြိုင်ပွဲဟာ သြဂုတ် ၇ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ် မစတင်ခင် တစ်ပတ်သာ လိုတော့ တာကြောင့် လီဗာပူးအသင်းက ကစားသမားရဲ့ ကြံ့ခိုင်မှုပိုင်းကို စိုးရိမ်တဲ့အတွက် အခုလို မစေလွှတ်ရ ခြင်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က