ပေးဂိုးလုံးဝမရှိထားပါဘူး။

အင်္ဂလန်အသင်းနှင့်အတူ အုပ်စု ၃ပွဲ ရှုံးထွက် ၂ပွဲ ပေါင်း ၅ပွဲကစားထားရာမှာ ပေးဂိုးလုံးဝမရှိတဲ့ တစ်ဦးတည်းသော ဂိုးသဖြစ်ပါတယ်။

အင်္ဂလန်အသင်း ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ လက်ရှိအချိန်ထိ ပြိုင်ပွဲမှာ ပေးဂိုးတစ်ဂိုးမှ ခွင့်မပြုရသေးတဲ့ တစ်ဦး တည်းသော ဂိုးသမားဖြစ်ပါတယ်။



ဒါကြောင့် ယခု ကျင်းပနေတဲ့ ယူရို ၂၀၂၀ ရဲ့ ပေးဂိုးအနည်းဆုံး ဂိုးသမားဆုဖြစ်တဲ့ ရွှေလက်အိတ်ဆုကို ထိုက်ထိုက် တန်တန်ရရှိဖို့ ထိပ်ဆုံးက နေပန်းစားနေသူပါ။

အသက် ၂၇နှစ်အရွယ် ပစ်ဖို့ဒ်ဟာ အင်္ဂလန်အသင်း ကစားထားတဲ့ ၅ပွဲစလုံးကို ပါဝင်ကစားထားပြီး တစ်ဂိုးမျှ ခွင့်မပြုထားရတာကတော့ ချီးကျူးစရာပါ။

ပစ်ဖို့ဒ်နဲ့ အနီးကပ်လိုက်နေတဲ့သူကတော့ ဗိုလ်လုပွဲမှာ ကြိုစောင့်နှင့်နေပြီဖြစ်တဲ့ အီတလီဂိုးသမား ဒိုနာရူမန်ဖြစ်ပါ တယ်။ဒိုနာရူမန်အနေနဲ့ စပိန်နဲ့ပွဲမှာ ပေးဂိုးခွင့်ပြုလိုက်ရလို့ ပစ်ဖို့ဒ်က နှာတစ်ဖျားသာသွားတာပါ။

ဒါပေမယ့် ပစ်ဖို့ဒ်အနေနဲ့ ဒီညကို ဒိန်းမတ်နဲ့ ကျော်ဖြတ်ရဖို့ ရှိနေသေးပြီး ပေးဂိုးမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်မလား၊ကျိူးပျက်မလား၊ဘယ်နှစ်ဂိုးပေးရမလဲ စတဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို စောင့်ကြည့် သွားရ အုံးမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က